Pages

Sunday, October 30, 2011

ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်





ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက်တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်းသမား တစ်ယောက်ရေးသားသော သတင်း တပုဒ်ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲ ဖေါ်ပြရာတွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင်လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲ ရိုဟင်ဂျာပုံကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခဲ့သည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။





ဘီဘီစီ အင်္ဂလိပ်ဆိုက်တွင် ယခင်ဖော်ပြခဲ့သည့် ပုံ



ဘီဘီစီ အင်္ဂလိပ် သတင်းစာမျက်နာတွင် ယခုဖော်ပြထားသည့် ပုံ





"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခဖြစ်နေကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဉ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" အဲဒါကလေ ကျွန်တော်တို့ ဘီဘီစီ Facebook မှာလည်း ရေးထားပြီးပါပြီခင်ဗျာ။ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ဘီဘီစီ Facebook မှာ အထက် အရာရှိတွေရဲ့ ဖြေရှင်းချက်ကို ရေးထားပြီးပါပြီ ခင်ဗျာ။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့ Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည်နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင်မြင် သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူပ်ရှားရာတွင် ပါဝင်သူ အမေရိကားမှ ကိုကျော်ထူးအောင်က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။




" သူတို့က ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်တယ်။ ရည်ရွယ်ချက်မရှိဘူး ဘက်မလိုက်ဘူး ဆိုရင် ဘာလို့ တရားဝင် မတောင်းပန်သေးတာလဲ။ လူတိုင်းဟာ အမှား လုပ်တတ်ပါတယ်။ မှားတာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါတယ်" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရေးသားကာ ဘင်္ဂလာဒေခ်ျ့- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနှင့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခဲ့မူ အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနေပြီး အများစု စာများမှာ အဆိုပါ သတင်းနှင့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနှင့် အတူ ရင်ဖွင့်လာရာတွင် စာရေးဆရာ၊ ကဗျာဆရာနဲ့ ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါဝင်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဒီသတင်းကို တွေ့တွေ့ချင်း စိတ်အင်မတန်မှ ဆိုးမိပါတယ်။ အဲဒါကြောင့် ကျနော် ဒီလိုလုပ်နေတာပေါ့။ စော်ကားခံရတယ် လို့သဘောထားပါတယ်" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒီလို ခွင့်လွတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းအမှားတွေ၊ ဓါတ်ပုံအမှားတွေတင်ထားပြီး လူမျိုးရေးကို စော်ကားတာ အသည်း တစ်စက်စက် နာတယ် ” ဟု သူမအမြင်ကို ရင်ဖွင့်သွားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

မောင်အေး   News Date:10/30/2011  နိရဉ္ဇရာ သတင်းဌာန

မြို့တော်ခန်းမတွင် ဗုံးတွေ့

မြို့တော်ခန်းမတွင် ဗုံးတွေ့



(မဇ္ဈိမ) ။      ။ ရန်ကုန်မြို့၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမအဆောက်အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင်အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံးတွေ့ရှိခဲ့သည်။

ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းမကြီးကို ဆူးလေဘုရားထောင့်မှ စတင်၍ ယာဉ်သွားလာခွင့် ရပ်ဆိုင်းပြီး ယူနီဖောင်းဝတ် ရဲများက နေရာယူ ပိတ်ဆို့ထားခဲ့သည်။


ဗုံးတွေ့ရှိသည့် သတင်းနှင့် လမ်းပိတ်ဆို့ထားသည့် သတင်းကြောင့် သွားရောက်သတင်းယူသည့် ပြည်တွင်းဂျာနယ်များမှ သတင်းသမားများကို ရဲအရာရှိအချို့က ဓါတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

“ဓါတ်ပုံမရိုက်ဖို့ လာပြောတယ်။ လုံခြုံရေးကိစ္စဖြစ်လို့ နားလည်ပေးဖို့ ဘာညာ ကောင်းကောင်းမွန်မွန် ပြောတာပါ။ နောက်ပိုင်း သတင်းထောက်တွေ တော်တော်လေးများလာတော့ အုပ်စုလိုက် ခပ်လှမ်းလှမ်းက ဓါတ်ပုံရိုက်တော့ လာမပြောတော့ဘူး။ ”ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ဗုံးတွေ့ရှိသည့် နေရာသည် သီးသန့် ယာဉ်ရပ်နားခွင့် ကတ်ထုတ်ပေးထားသည့် အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်ရပ်နားရာ နေရာအနီး ဖြစ်ပြီး ယူနီဖောင်းဝတ်ရဲများ အမြဲတစေ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။

သီးခြား တရားဝင် အတည်ပြုချက် မရသော်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် သတင်းထောက်များ၏ ပြောဆိုချက်အရ အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။


“ ၇ နာရီ ၅ မိနစ်လောက်မှာ “ဘုန်း”  ဆိုပြီး အဲ့ဒီနေရာကပဲ အသံထွက်လာတယ်။ စောင့်နေတဲ့ လူတွေကော ရဲတွေကော အားလုံးဝိုင်းကြည့်ကြတယ်။ အထဲနဲ့ အဆက်အသွယ်ရှိတဲ့ တယောက်က လှမ်းမေးတော့ ဗုံးကို ဖောက်ခွဲပစ်မှ ရမှာမို့ ခွဲပစ်လိုက်ရတယ်ပြောတယ်။ အသံက တော်တော်လေးတော့ ကျယ်တယ်။ အဲ့အသံကြားပြီး သိပ်မကြာဘူး မြို့တော်ဝန်လဲ ပြန်သွားပြီလို့ သိရတယ်။”  ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အခြေစိုက်ရာ မြို့တော်ခန်းမအတွင်းသို့ ကိစ္စအသီးသီးဖြင့် ဝင်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) အထောက်အထားကတ်တခု ပြသရန်လိုပြီး အမျိုးသမီးလက်ကိုင်အိတ်အပါအဝင် မည်သည့် အိတ်မျိုးမှ ယူဆောင်ခွင့် မရှိသလို ရှာဖွေရေးစက်များကိုလဲ ဖြတ်သန်းရသည်။

နောက်ဆက်တွဲ ထပ်မံကြားသိရသည့် သတင်းများအရ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် မြို့တော်ခန်းမအနီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံတခု ထပ်မံထွက်ပေါ်လာကြောင်း သိရပြီး မဟာဗန္ဓုလ လမ်းမအား ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

by Mizzima မဇ္ဈိမ on Monday, October 31, 2011 at 1:18am
မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်

ရန်ကုန် ပြည် ကားလမ်းမပေါ်က ကြို့ပင်ကောက်ဆိုတဲ့ မြို့ကလေးကို ဖြတ်သွားမိရင် သူများတွေ ဘာတွေ တွေးမိသလဲ တော့ မသိဘူး။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အင်မတန် နံမယ်ကြီးတဲ့ လေချွန်နတ်ဆိုတာကို သွားသတိရပါ တယ်။ သူက ရှေ့ဖြစ် နောက်ဖြစ် ဗေဒင်ယတြာတွေ ဟောတာမဟုတ်ဘူးဗျ။ ကွယ်လွန် သွားတဲ့လူတွေ တမလွန်မှာ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်မဖြစ်၊ ဘယ်လိုဘ၀မျိုး ကူးပြောင်းသွားတယ်လို့ ဟောနိုင်ပြီး မကျွတ်မလွတ်သေးလို့ရှိရင် အ လွမ်းပြေ  ချတ်တင်ဝင်လို့ ရသတဲ့။ စစ်ကိုင်းပြည်တို့ ရွာဦးမစိန်ကြာတို့လို အရုပ်မမြင်ရပေမယ့် ဂျီးတော်နဲ့ ချက်သလို အ သံကလေးတော့ ကြားနိုင်သတဲ့။ သို့သော်ငြားလည်း မြန်မာပြည်ကွန်နက်ရှင်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲလေ။ တရွှီရွှီနဲ့ လေချွန်သံတွေချည်းပဲ ကြားနေရတာနဲ့ နတ်ကတော်လုပ်တဲ့ ဘွားတော်ကြီးက အင်တာပရက်တာ လုပ်ပေးရပါသတဲ့။ သူ့ခေတ်နဲ့ သူ့အခါတုန်းကတော့ အင်မတန်မှန်တယ်တဲ့ဗျား။ ရွှေမန်းတင်မောင် ဘယ်ဘ၀ရောက်နေတယ်တို့ ဘာတို့ တောင် အတိအလင်း ဟောနိုင်တယ်လို့ ပြောကြတာပေါ့။ ဗမာပီပိ ဗေဒင်မေး၊ နတ်မေး၊ အတင်းတုပ်၊ အိမ်လည်ဆိုတာ ဘယ်သူမှ မနေနိုင်တဲ့ အမျိုးဆိုတော့ အပျင်းပြေ သွားမေးကြည့်ရင် မကောင်းဘူးလား။ လာ .. လိုက်ခဲ့ …။
………………………………………………
ကျွန်ုပ် …. အမေကြီး။ နေကောင်းလား။ အရင်လို ဟောနိုင်ပြောနိုင်တုန်းပဲလား။
လေချွန်နတ် …. ကောင်းပ မောင်ရာ။ အရင်လောက်တော့ ဘယ်ဟောရတော့မလဲ။ ခေတ်ကာလ သားသမီးတွေက သေ သောသူ မကြာခင် မေ့ကုန်ကြလို့ အမေးအမြန်း သိပ်မထူတော့ဘူး။ သေတဲ့သူတွေကလည်း ရှေးကလို မြေကြီးထဲ ရွှေ တွေ မြှုပ်ပစ်ခဲ့တာမှ မရှိတော့တာ။
ကျွန်ုပ် …. အမေကြီးက သေပြီးသားလူဆို ဘယ်လောက်ကြာကြာ ပြန်ခေါ်မေးးလို့ရတာပဲလားဗျ။
လေချွန်နတ် …. ဘ၀မကူးသေးရင်တော့ ရတာပကွယ်။ မင်းတို့ ခုနှစ်ရက်သားသမီးတွေတောင် အနော်ရထာ လက်ထက် က ဖျဉ်းဘရားသား ခေါ်ခေါ်ပြီး ပါတီပေးပေးနေကြတဲ့ ဥစ္စာ။ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့။ ဘာလဲ။ ပညာစမ်းချင်လို့လား။ ငါ .. တယ် …။
ကျွန်ုပ် …. ယုံပါပြီ အမေရယ်။ ယုံပါပြီ။ ခုခေတ်နတ်ကတော်တွေက ကွမ်ရင်မယ်တော်ကြီးတောင် ရအောင်ပင့်နိုင်တာ တွေ့ပါတယ်။ ဒါထက် စကားမစပ်ဗျာ။ သူတို့လို ဘာသာမတူတဲ့ လူမျိုးခြားနတ်တွေ ၀င်လာပြီး ပြောရင်လည်း အမေတို့ က နားလည်တာပဲလား။
လေချွန်နတ် …. တော်ပြောမှပဲ ကျုပ်တို့နတ်ကတော်တွေ ယူအက်ဖ်အယ်လ်ပြေးပြီး စပီကင်တက်ထားရမယ့်ပုံ။ နတ်တို့ ၏ ဘာသာစကားဆိုတာ မနောက ပြောတာကွဲ့။ ထရန်စလိတ်တာ မလိုဘူး။ ချက်ဆို နားခွက်က မီးတောက်တယ်။ ဂွပ် ကနဲ့ဆို ဓါတ်ပြီးသား။ နပ်လွန်လွန်းလို့ နတ်ဖြစ်နေတာပေါ့ သားရယ်။
ကျွန်ုပ် …. ပေါက်ပါပြီ အမေ။ ပေါက်ပါပြီ။ ပညာစမ်းတယ်တော့ မအောင့်မေ့ပါနဲ့။ မေးချင်သိချင်တဲ့စိတ်တွေ များလွန်းလို့ မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်ရှိပါတယ်။ သေတာတော့ နည်းနည်းကြာပါပေါ့။ အမေကြီးရဲ့ စက်တလိုက် ထဲမှာ ဘရောင့်ဇ်လုပ်ပေးပါဦး။ ရှိများရှိရင် မေးလိုက်ချင်ပါရဲ့။
လေချွန်နတ် …. နံမယ်နဲ့ သေတဲ့ခုနှစ်ကို ပြောလေ။ ဒေတာ အန်းတားမလုပ်ပဲ ငါက ဘယ်လိုရှာရမှာတုန်း။ ဘယ်လို သူ ငယ်ပါလိမ့်။ သတင်းစာထဲမှာ ယောက္ခမလွမ်းစာတွေ ထည့်ထည့်နေပုံထောက်ရင် ဘာတွေမေးချင်နေမှန်းမသိ။
ကျွန်ုပ် …. ဟုတ်ပါဘူး အမေကြီးရယ်။ သေတဲ့ခုနှစ်ကလေး ပြန်စဉ်းစားနေလို့ပါ။ မှတ်မိပြီဗျ။ ခရစ်တော်မပေါ်ခင် ဘီစီ ၃၉၉ မှာ ကွယ်လွန်သွားတာ။ နံမယ်ကတော့ ဆော့ခရိတ္တိ လို့ခေါ်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပါတီအတွေး အခေါ်စာအုပ်တွေထဲမတော့ အင်္ဂလိပ် စာလုံးပေါင်းအတိုင်း ဗမာလိုအသံထွက်ပြီး ဆိုကရေးတီး လို့ ခေါ်ကြတယ်။
လေချွန်နတ် …. သောက်ကျိုးနည်း။ လက်စသတ်တော့ နင်က ငါ့ကို ပညာစမ်းနေတာပေါ့လေ။ ရွှီဘွားတော်ဟဲ့။ သေမှာ မကြောက်လို့ ပေတရာလျှောက်နေတာ။ နင့်အကောင် နတ်ဖြစ်နေလို့ကတော့ ခေါ်ပြလိုက်မယ်။ မေးစမ်းတော်။ အမုန်း။ ပြီးရင် နင့်ကိုပါ သူနဲ့ ပြန်ထည့်ပေးလိုက်မယ်။ @#$%…..
…………………………….
ကျွန်ုပ်… ဟော … လာပြီ လာပြီ ဒေါ်သက်ရီ။ ဘယ်ရပ်ဘယ်ရွာကလာတဲ့ ဘယ်သူဘယ်ဝါ ဆိုတာကလေး အင်ထရို လုပ် တော်မူပါဦး ဖျာ့။
ဆော့ခရတ္တိ …. အောင်မယ်။ ခေါ်တုန်းကခေါ်ပြီး။ အခုမှ မသိချင်ယောင်ဆောင်နေတယ်။ နံမယ်က ဆော့ခရိတ္တိ၊ အိုလံ ပပ်စ်တောင်တော်။ ခေါမပြည်ကလာတာ ။
ကျွန်ုပ် … သိပါပြီ ဆရာကြီးရယ်။ လေးစားလွန်းလို့ ပင့်ရဖိတ်ရတာပါ။ အော်မီသော်ဖော် (အမိတဘ) စိတ်မရှိပါနဲ့။ ပညာ ရှိစကားများ တမလွန်က ကြားရရင်တောင် အမှောင်ခွင်း အလင်းဆောင်နိုင်တယ်ဆိုလို့ပါ။ အမိုက်အမဲလေးတွေကို ဗွေမ ယူပါနဲ့။ ဆိုကျောင်းလောင် (ဆိုဆရာတော်)။
ဆော့ခရိတ္တိ …. လေသံတွေ ကြားရတာကတော့ တရုတ်ပြည်ကြီးရဲ့ ပြည်နယ်တခုက မှတ်တယ်။
ကျွန်ုပ် …. အညာကဆရော်လို့ နှုတ်ဆက်ရင် မြောက်ကိုရီးယားကလို့ မှတ်မှာလား အားပုဂျိရယ်။
ဆော့ခရိတ္တိ …. အေးကွဲ့။ တောင်ကိုရီးယားစော်ကတော့ နည်းနည်းမှ မနံတာအမှန်။
ကျွန်ုပ် …. လိုရင်းမရောက်ဘဲ ချော်တောငေါ့သွားတော့မှာပဲ။ ဆရာကြီး ခင်ဗျား။ ဆရာကြီးကို အေသင်မြို့သူမြို့သား တွေက အဆိပ်ခွက် ကိုယ်တိုင်သောက်စေပြီး ကွပ်မျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ ဘာအမှုနဲ့များပါလိမ့် ခင်ဗျာ။
ဆော့ခရိတ္တိ …. နတ်ဘုရားများကို ပူဇော်ပသခြင်း မပြုမှု၊ လူငယ်တွေကို ဘုရားတရားမကြည်ညိုအောင်၊ မိဘ ဆိုဆုံးမရ ခက်အောင် မြှောက်ထိုးပင့်ကော်လုပ်မှု၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ မိုးအောက်မြေပြင် ဟိုဟာမှန်တယ်။ ဒီဟာမှားတယ်နဲ့ လျှောက်တွေးနေပြီး အဲသလိုတွေးထားတာတွေကို သူများတကာ နားလည်လက်ခံလာအောင် ပလီစိချောက်ချက်တွေ ဟောပြောရေးသားမှု ပါတဲ့ကွယ်။ လိုရင်းကို တခွန်းတည်း ပြောရရင် ယုံကြည်ချက်ကို မစွန့်လွှတ်နိုင်လို့ အသက်နဲ့လဲခဲ့ တာပေါ့ကွ။
ကျွန်ုပ် …. ကိုယ်နဲ့ယုံကြည်ချက်ချင်းမတူတာနဲ့ပဲ၊ ကိုယ့်သြဇာမတည်မြဲမှာ စိုးတာနဲ့ပဲ အပြစ်လို့ သတ်မှတ်ပြီး အဲဒီအပြစ် အတွက် သေဒဏ်စီရင်တယ်ဆိုတော့ အေသင်မြို့သူမြို့သားတွေဟာ တော်တော် ရက်စက်မိုက်မဲကြပုံ ရတယ်နော်။
ဆော့ခရိတ္တိ …. အဲလို မပြောရဘူးကွ။ ဂျူရီလူကြီးပေါင်း ၅၀၀ က ဆုံးဖြတ်တာ။ အများစုက ဥပဒေနားမလည်တဲ့ အပျော် တမ်းဝါသနာရှင်တွေ၊ လူအိုလူမင်းနဲ့ ဒုက္ခိတတွေလည်းပါတယ်။ အိမ်မှာနေရတာပျင်းလို့ တနေ့ သုံးအိုဘို ရလည်း မနည်း ဘူးဆို လာထိုင်နေတဲ့သူတွေလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် အေသင်နိုင်ငံသားစစ်စစ်တွေက စီရင်လိုက်တာဆိုတော့ ခံ သာတာပေါ့ကွာ။ မင်းလည်း သိပ်အာချောင်မနေနဲ့။ အေသင်သားတွေ မင်းတို့ဆီ ၀င်စားတာ ဘယ်နှစ်ယောက်ရှိမှန်း မ သိဘူး။
ကျွန်ုပ် …. ဟုတ်မယ်။ ဟုတ်မယ်။ ကျွန်တော်တောင် တယောက်သိသေးတယ်ဗျ။ သူ့နံမယ်က အေသင်ချိုဆွေတဲ့။ က လေးမလေးက ချစ်စရာလေးပါ။ ဒေါသတော့ ကြီးမယ့်ပုံနော်။ ဒီမှာ တင်းတယ် တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့ …. ဆိုလား။
ဆော့ခရိတ္တိ …. ၀ါသနာတွေက တားလို့ကို မရဘူး ပေါ်ပေါ်လာပြီ။ မင့်မှာ ငါ့လို အမှန်တရားအတွက် ယုံကြည်ချက်အ တွက် အသက်စွန့်ဝံ့တဲ့သတ္တိလည်း မရှိဘဲနဲ့။ မရဲဘဲ ကျွဲပြဲ မစီးချင်ပါနဲ့ကွယ်။ မင့်လောက်ကတော့ သေဒဏ်တောင် ပေးစ ရာမလိုဘူး။ ထောင်ရောက်တန်းရောက်နဲ့တင် ဇီဝိန်ကြွေသွားမှာ။ ဖောင်ကြီးဆန်တောင် မစားနိုင်ဘဲနဲ့ ထောင်နှုတ်ခမ်း နင်းဦးမလို့လား။ ရယ်ချင်တယ်။
ကျွန်ုပ် …. ဟုတ် …. ဟုတ်။ သားသား ကြောက်ကြောက်ပါခင်ဗျ။ (တရုတ်ကလေးတွေခေါ်တဲ့ ကျောက်ကျောက် မဟုတ် ဘူးနော်) ဆရာကြီးကလည်း .. အနော်က ဘာတွေလုပ်နေလို့တုန်းလို့။ ဟာပဲ .. ဟာပဲ။ ဟာဗျာ … ဟာဗျာ။
ဆော့ခရိတ္တိ …. ငါတို့ အိုလံပပ်စ်တောင်တော်ကို နင်ရောက်နေတဲ့ အမ်းလို မှတ်နေလား။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် ၂၄ နာရီ။ ဒေါင်းချင်တိုင်းဒေါင်း ကောင်းမှကောင်း ကွန်နက်ရှင်နဲ့။ (နတ်တို့စံရာ တောင်တော်သာပေကိုး) ဖေ့စ်ဘုတ်ထဲ နင် ရေးထားတဲ့ ပေါက်တတ်ကရ အတွေးတွေကို ဟိုလူရှဲ ဒီလူရှဲနဲ့ ဗွက်ပေါက်နေတာ မသိပဲ ရှိပါ့မလား။ သောက်ညင်ကပ်လို့ မိတ်မဖွဲ့ ကွန်မန့်မပေးဘဲနေတာ။ ဆွဲစိလိုက်လို့ နှဲမိအနောက်က တန်းစီနေရမယ်။
ကျွန်ုပ် …. ကြောက်ပါတယ် ဆိုနေမှပဲ။ မရှင်းတာကလေးတခုတော့ မေးစမ်းပါရစေဦးဗျာ။ ဆရာကြီးရဲ့ အဆိုအမိန့်တွေ ထဲမှာ `ရွှေတွေငွေတွေ၊ ရာထူးဌာနန္တရတွေ ရှိတာ ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမယ့် အဲဒါတွေ ရရှိပိုင်ဆိုင်လာခြင်း ဟာ မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်ခြင်းဆိုတဲ့ သဘောမပါရင် ကျက်သရေမင်္ဂလာရှိတဲ့ ကောင်းကျိုးချမ်းသာလို့ မဆိုနိုင် ပေဘူး´ ဆိုတာကိုဖြင့် ခေတ်နဲ့ မလျှော်ညီတော့ဘူးလားလို့ သံသယဖြစ်မိပါတယ်။
ဆော့ခရိတ္တိ …. ဒီသူတောင်းစားလေးကတော့ သူ့ဘာသာရိုက်ချင်တာ ငါ့ဆီတုတ်လာငှားနေပြီ။ ဒီအကြောင်းတွေက နင် သိသလို ငါသိသလို လူတကာအသိဟဲ့။ သူတို့ဘာသာလည်း သိပြီးသား။ မသိနားမလည်လို့ မလိမ္မာတခါမိုက်တယ်ထင် ပြီး တရားပြချင်နေတာလား။ သိသိကြီးနဲ့ လုပ်တယ်ကွာ။ ဘာဖြစ်သေးလဲ။ မင်းလိုပဲ သီချင်းဆိုပြလိုက်မယ်။ `ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်…။ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် …။ ပြီးရော။
ကျွန်ုပ် …. သဘောရိုး အမှန်ပါခင်ဗျာ။ ဆရာကြီးရဲ့ အေသင်မြို့သူမြို့သားတွေအပေါ် နောက်ဆုံးဝေဖန်ချက် `ပညာ ဥာဏ်နဲ့ အင်အားကြံ့ခိုင်မှုမှာ ကမ္ဘာကျော်ပါလျက် ငွေ၊ ဂုဏ် နဲ့ နံမည်နောက်ကို ကောက်ကောက်ပါနေတာ ရှက်စရာ၊ သစ္စာတရား၊ နားလည်မှုနဲ့ စိတ်ဝိညာဉ်ပြည့်စုံမှုကို မေ့လျော့ထားတာ ရှက်စရာ´ ဆိုတာကလေးလည်း ရှင်းစမ်းပါဦး ခင်ဗျား။
ဆော့ခရိတ္တိ …. သူ့အရိုးနဲ့ သူ့ပြန်ထိုးရတယ်ဆိုတဲ့ဗျူဟာအတိုင်း မင်းနားလည်လွယ်အောင် မင်းတို့ဆရာဝန်တွေထဲက ဥပမာနဲ့ပဲ ရှင်းပြမယ်။ သေသေချာချာ နားထောင်။ မင်းတို့ဆရာဝန်တွေဟာ ပညာဥာဏ်တွေ အတတ်ပညာပိုင်းတွေမှာ နိုင်ငံတကာက ဘယ်သူနဲ့ ယှဉ်ယှဉ်၊ မညံ့တဲ့လူတော်ကြီးတွေ တပုံတပင်ရှိတယ်လေ။ သို့သော်ငြားလည်း သားတွေ သမီး တွေ အမေရိကားမှာ စင်္ကာပူမှာ ကျောင်းသွားထားဖို့ ပူတူတူးလေးကို အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားဖို့၊ ဒီလောက မှာ ငါကလွဲရင် ဘယ်သူမှ တတ်တဲ့သူမရှိစေရဘူးလို့ အောင်လံထူနိုင်ဖို့အတွက်နဲ့ ဟစ်ပိုခရိတ္တိကြီးရဲ့ အဆုံးအမတွေနဲ့ မလျှော်ညီစွာ ကျင့်ကြံနေမိလို့ရှိရင် ရှက်စရာမကောင်းပါလား။ ကိုယ့်ဘာသာ စဉ်းစားကြည့်ပြီး သဘောပေါက်ရင် ပါးစပ် ပိတ်၊ တိတ်တိတ်နေတော့။ ငါ့တုန်းကတော့ ဒီစကားတစ်ခွန်းနဲ့တင် အပြစ်ရှိတယ်လို့ ပေးတဲ့မဲ ၂၈၀ ကျော် ရလိုက်ပါ သဗျား။ ဝေဖန်ရေးဆိုတာ ကိုယ်ကဝေဖန်ရရင်သာ ကောင်းတာ။ ကိုယ့်ကိုဝေဖန်ခံရရင် ဘယ်သူမှ မကြိုက်ကြဘူးကွဲ့။ မှတ်နော်။ မှတ်နော်။ မှတ်နော်။
ကျွန်ုပ် …. တခါဆို အိုအောင်မှတ်ပါ့မယ်ခင်ဗျာ။ နောက်ဆုံးမေးချင်တာတစ်ခုက ဆရာကြီးရဲ့ နောက်ဆုံးသြ၀ါဒထဲမှာ `ခွဲခွာရမည့်အချိန်ကား နီးလာချေပြီ။ ကိုယ့်လမ်းသို့ ကိုယ်စီ သွားရပေလိမ့်မည်။ ငါမူကား သေလမ်းသို့ သွားတော့အံ့။ သင်တပည့်တို့သည် ရှင်လမ်းသို့ သွားကြကုန်။ ရှင်လမ်း နှင့် သေလမ်း ဘယ်ဟာက သာ၍ကောင်းသည်ဆိုခြင်းကို ဘုရားသခင်တပါးတည်းသာ သိတော်မူပေလိမ့်မည်။” လို့ ဆိုခဲ့တယ်မဟုတ်လား။ အခုလောက်ဆို ဆရာကြီးဟာ ရှင် လမ်းရော သေလမ်းပါ နှစ်လမ်းလုံး လျှောက်ခဲ့ပြီးပြီမို့ အတွေ့အကြုံကလေးများ အမိန့်ရှိပါဦး ခင်ဗျား။
ဆော့ခရိတ္တိ …. ဒါကတော့ ဘယ်လိုရှင်နေသလဲ ဘယ်လိုသေသွားသလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ကွာ။ အနှစ်သာ ရမရှိတဲ့ ရှင်သန်ခြင်း၊ ပြည်သူအသိန်းအသောင်း အသင်္ချေရဲ့ အရိုးပုံပေါ်မှာ ရပ်တည်ရခြင်းဆိုရင်တော့ မင်းတို့ဆီက ဆီး ဘန်းနီဆရာတော် ရေးခဲ့တဲ့အတိုင်းနေလိမ့်မယ်။ ထန်းလျက်မြိုလို့ ချိုချင်ရင် လျှာဖျားကသာ ချိုနိုင်တော့မပေါ့ကွာ။ အကု သိုလ်စိတ်က ခြောက်လှန့်လာတဲ့အခါ အခေါဘဏီတပ်ကြီးရံထားပြီး ဘုံခုနှစ်ဆင့်ပေါ်တက်နေလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကန်ကန်တတ်သေးတယ်။ ဒီလိုပဲ သေတဲ့အခါမှာလည်း သန်းခေါင်သန်းလွဲ ကာရာအိုကေမှာ အမုန်းဆွဲပြီး မူးမူး ရူးရူးနဲ့အပြန် သူများကို ကားနဲ့တိုက်ရင်းသေသွားတဲ့သူနဲ့ ဦးဝိစာရတို့ ဗိုလ်အောင်ကျော်တို့လို သေခြင်းမျိုးဟာ ဘယ်တန် ဖိုးချင်းတူပါ့မလဲ။ သေပြီးနောက် မျက်မှောက်ပြုရတဲ့ လားရာဂတိချင်းလည်း မတူနိုင်ဘူးဆိုတာ မင်းတို့ ဗုဒ္ဓဘာသာတွေ က ပိုသိဖို့ကောင်းတာပေါ့။ တဘ၀ချမ်းသာကို တစ်သံသရာလုံးဝဋ်ကျွေးနဲ့ လဲယူရတဲ့သူတွေလောက် မိုက်လုံးကြီးတာ ရှိဦးမလား။ အခုဆို ငါသေတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာနီးလာပြီ။ ငါ့နံမယ် မင်းတို့ ကြားဖူးနေသေးတယ်။ မသေခင်မှာ ကလော်တုပ် အပုပ်ချဖို့ကလွဲလို့ နံမည်တောင် စကားထဲထည့်မပြောချင်လောက်အောင် ပြည်သူ့မေတ္တာခံယူနေတာ မမြင် ဖူးလို့လား။ ဦးဇင်းကျော်ဟိန်းလေသံနဲ့ ဆက်ဟောလိုက်မယ်။ သိချင်သေးလို့ .. မေးနေတာလား….။
ကျွန်ုပ် …. ရှင်းပါပြီ ဆရာကြီးရယ်။ ရှင်းပါပြီ။ အကွင်းအကွင်း မုန့်တီဟင်းလိုပါပဲ။ အမိုက်ခံပြီး ဇက်ကောင်းလို့ ဓါးတောင်း နေတာ မဟုတ်ရပါဘူး။ အနေလည်းတတ်၊ အသေလည်းမြတ်အောင် ဝေခွဲတတ်ကြပါစေကြောင်း သပ္ပုရိသအပေါင်းတို့ ကို ဆရာကြီးရဲ့ သြ၀ါဒကထာကလေးများ ပြန်လည်ဝေငှလိုခြင်းကြောင့် ကူးတို့ဆိပ်က မှို့အိပ်ဖွင့်လိုက်ရပါတယ်။ လေ တင်လေအောက် ကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြကုန်။
လေချွန်နတ်   …. ၀ါး …. ဘာပြောသွားသေးတုန်း။
(ဟိုစဉ်အခါက ကိုရင်တာ၏ စတိုင်သစ်မဂ္ဂဇင်းလာ ဆိုခရိတ္တိ နှင့် နှစ်ပါးသွားခန်းကို ဖတ်အပြီး မနေနိုင်မထိုင်ဖြစ်လာပါ သဖြင့် ငွေမြိုင်ကို တုတ်နှင့်ထိုးမိပြန်ပါကြောင်း။)
Soe Min
(Soe Min ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါတယ်)


http://www.egyptsearch.com
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။
ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန်  ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။
ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင်  ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။
၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။
၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့  ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။
၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။
သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။
တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။
ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။
အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင်  အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။  လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။
ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ  ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။
အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။  ပင်စင်စားကြီးပေါ့၊  သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး  အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင်  အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။
ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။  အဖွား ဘာဖြစ်လို့ ဆိုင်ဘက်  မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊  အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။
ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။
အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့  ဘဝတွေပါ။
ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။
ခင်ငြိမ်းသစ်

Saturday, October 29, 2011

တရုတ်တွင်ကားနှစ်စီး ဆင့်တိုက်အတိုက်ခံရသော ကလေးငယ်ကို အနီးမှဖြတ်သွားသူ ၂၀ ခန့်က လျစ်လျူရှုခဲ့ကြကြောင်း ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပြီးနောက် လူ့အဖွဲ့အစည်း၏ စိတ်ဓာတ်ချွတ်ခြုံကျမှုကို ဝေဖန်မှုများထွက်ပေါ်လာ

တရုတ်တွင်ကားနှစ်စီး ဆင့်တိုက်အတိုက်ခံရသော ကလေးငယ်ကို အနီးမှဖြတ်သွားသူ ၂၀ ခန့်က လျစ်လျူရှုခဲ့ကြကြောင်း ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပြီးနောက် လူ့အဖွဲ့အစည်း၏ စိတ်ဓာတ်ချွတ်ခြုံကျမှုကို ဝေဖန်မှုများထွက်ပေါ်လာ


w74_14 ပြီးခဲ့သောသီတင်းပတ်တွင် တရုတ်နိုင်ငံမှ နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကားနှစ်စီးဆင့်တိုက် အတိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ အောက်တိုဘာလ ၂၁ ရက်တွင် သေဆုံးခဲ့ကြောင်းစစ်ဘက်ဆေးရုံ မှ သူနာပြုတစ်ဦးက ပြောကြားခဲ့သည်။
ယင်းကလေးအတိုက်ခံရချိန်တွင် အနားမှဖြတ်သွားသူ ၁၈ ဦးခန့်ရှိသော်လည်း အကူအညီမပေးဘဲ လျစ်လျူရှုထွက်သွားပုံကို လုံခြုံရေးကင်မရာမှတစ်ဆင့် မြင်တွေ့ခဲ့ရသည်။
ယင်းဗီဒီယိုကို Youku ၀က်ဘ်ဆိုက်တွင် တင်ခဲ့ပြီး ကြည့်ရှုမှုအကြိမ် နှစ်သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
ဝမ်ယွေအမည်ရ ယင်းကလေးကို ကွမ်ကျိုးစစ်ဘက်ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ ကုသပေးနေပြီး အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၁၂ နာရီ ၃၂ မိနစ်တွင် သေဆုံးခဲ့ကြောင်း အမည်မဖော်သော သူနာပြုတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ပိုရှန်မြို့တွင် ၀မ်ယွေကို အဖြူရောင်ဗင်ကားတစ်စီးက ဦးစွာ ၀င်တိုက်ခဲ့ပြီး  မရှေးမနှောင်းတွင် ထရပ်ကားတစ်စီးက ထပ်မံဝင်တိုက်ခဲ့သည်။ လူစည်သောဈေးထဲရှိ လမ်းကျဉ်းထဲတွင်  အောက်တိုဘာလ ၁၃ ရက်မွန်းတည့်တွင် ကားတိုက်ခံရခြင်းဖြစ်ပြီး ယင်းကလေးဘေးမှ ကားများ၊ စက်ဘီးများ၊ လမ်းလျောက် သွားသူများ ဖြတ်သန်းသွားခဲ့သော်လည်း တစ်ဦးမှ ကူညီပေးခဲ့ခြင်းမရှိကြောင်းကို အနီးရှိ လုံခြုံရေးကင်မရာ မှ ရိုက်ကူးထားသောဗီဒီယိုအရ အံ့သြထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အသက် ၅၈ နှစ်ရှိ ပလတ်စတစ်လိုက်ကောက်သည့် အမျိုးသမီးတစ်ဦးက ၀မ်ယွေကိုလမ်းဘေးသို့ ရွှေ့ပေးခဲ့ပြီး ကူညီခဲ့သည်။
ကလေးဘေးမှ ဖြတ်သွားသူတစ်ဦးမျှ ကူညီခြင်းမရှိသည်ကို ဗီဒီယိုမှတစ်ဆင့် မြင်တွေ့ခဲ့ရသူများက မြန်နှုန်းမြင့်ပြောင်းလဲနေသော တရုတ်လူ့အဖွဲ့အစည်းတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဝေဖန်ကန့်ကွက်မှုများ ပွက်လောရိုက်ခဲ့သည်။  မည်သည့်အကူအညီမျှ မပေးခဲ့သူများ၏ အပြုအမူများအပေါ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသော်လည်း အကောင်းဘက်မှ ဖြည့်တွေးရန်သာ ဆန္ဒရှိကြောင်း ကလေး၏မိခင်က ပြောကြားခဲ့သည်။ ကလေးကိုကယ်တင်ရန် ကြိုးပမ်းခဲ့သော အမျိုးသမီးအားလူ့အဖွဲ့အစည်း၏ အကောင်းဆုံးနမူနာဖြစ်ကြောင်း ၎င်းက ချီးကျူးခဲ့သည်။
Ref:CNN,China Daily
အာတိတ်ရှိ ရေခဲကျွန်းပေါ်တွင် ခေတ်လွန်မြို့တစ်မြို့တည်ဆောက်ရန် ရုရှားစီစဉ်


b30_12 မြောက်ဝင်ရိုးစွန်းမှ မိုင် ၁၀၀၀ ခန့်သာဝေးသော အာတိတ်ဒေသရှိ ရေခဲကျွန်းတစ်ခုပေါ်တွင် ခေတ်လွန် မြို့တစ်မြို့ကိုတည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ဆိုဗီယက်ဝင်ရိုးစွန်း ၀က်ဝံကာတွန်း ဇာတ်ကောင်အမည်အတိုင်း Umka ဟု အမည်ပေးထားသောမြို့ကို ဆောင်းရာသီတွင် အနုတ် ၃၀ ဒီဂရီမျှ အေးသောအရပ်၌ တည်ဆောက်မည်ဖြစ်သည်။ဝင်ရိုးစွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များကို တူးဖော်ရန်ကြိုးပမ်းနေ သော ရုရှားက လူ ၅၀၀၀ ခန့် နေထိုင်နိုင်မည့်မြို့တစ်မြို့ကို ၀င်ရိုးစွန်းအနီး တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။အအေးဒဏ်ကိုကာကွယ်ရန်အတွက် အလုံပိတ် အမိုးခုံးကြီးပါ ပါဝင်မည့်မြို့ကို ကိုတယ်လ်ညီကျွန်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ ဘီ လျံကျော် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်သည်။
သိပ္ပံပညာရှင်များနှင့် စူးစမ်းလေ့လာရေးသမားများသာမက စစ်သားများ၊နယ်ခြားစောင့်တပ်များ၊ သူလျှိုများပါ ထားရှိဖွယ်ရှိသည်ဟု စီမံကိန်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။
တည်ဆောက်ဖွင့်လှစ်မည့်အချိန်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အာတိတ်ရေခဲပြင်မှ ရင်းမြစ်များကို ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများထဲတွင်ခြေလှမ်းဦးသည့်အနေဖြင့် အလျင်အမြန် တည်ဆောက် သွားဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြသည်။

သမိုင်းဝင် ဝန်ကြီးများရုံးကို ဟိုတယ် မလုပ်ဟု ဝန်ကြီးပြော

Friday, October 28, 2011

ရိုဟင်ဂျာတွေရဲ့..အကြံများ (တို့ မြန်မာတွေသတိထား)



    • လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ု့မှသာ Human Rights – (လူ့အခွင့်အရေး) ကိုတန်ဖိုးထားရာ ရောက်ပါမည်၊ Human Rights သည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် အဓိကအခြေခံကြသော မရှိမဖြစ်အချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် Human Rights ကို လေ့ကျင့်မှု၊ တန်ဖိုးထားမှု အားနည်းသော စစ်အစိုးရလက်အောက်ရှိ ကျနော်တို့ မြန်မာလူမျိုးများသည်လည်း အနဲနှင့်အများ Human Rights ၏ တန်ဖိုးကို အပြည့်အဝနားမလည်ကြပါ။ ယ္ခုအချိန်သည် မြန်မာလူမျိုးများ အားလုံးအတွက် မျက်စိဖွင့် နားပွင့်၍ လူမျိုးဘာသာမရွေး အတူလက်တွဲရတော့မည့် အချိန်ဖြစ်ပါသည် သို့မဟုတ်ပါက စစ်အစိုးရ၏ သွေးခွဲ၊ မှိုင်းတိုက်၊ သွတ်သွင်းခြင်း၌ ဆက်လက်၍ ဝဋ်ခံနေရဦးပေမည်။

      နောက် အဓိကအချက်တစ်ရပ်သည် ဘာသာရေးသွေးခွဲမှုဖြစ်ပေသည်။ နအဖ၏ နိုင်ငံတော်မတည်ငြိမ်အောင်ဖန်တည်းရေးမူတွင် ထိုအချက်သည် အရေးအပါဆုံးနှင့်အထိရောက်ဆုံး လက်နှက်ဖြစ်ပေသည်။ ယ္ခု ထိုလက်နှက်ကို နအဖ မှ အပူတပြင်းအသုံးပြုနေပါသည်။ အထူးသတိပြုကြပါ။ ဘာသာရေးအဓိကရုဏ်းကို ဖော်ဆောင်နေပါသည်။ အထူးသဖြင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်ဆလင်ဘာသာဝင်များ အတွက်ဖြစ် အထူးသတိရှိကြပြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်မှုရယူ၍ ဘာသာရေးအစွန်းမရောက် ကြစေလိုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်များအတွက်လည်း အထူးတိုက်တွန်းလိုသည်မှာ မြတ်ဗုဒ္ဓဘုရားသည် မေတ္တာတရားနှင့်သာ လူသားများကိုကယ်တင်ခဲ့ပါသည် တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။ ယ္ခုအချိန်သည် နအဖစစ်အစိုးရကိုသာ အဓိကထားတိုက်ခိုက်ကြပါ၊ တိုင်းရင်းသားအချင်းချင်း ဘာသာအချင်းချင်း လူမျိုးအချင်းချင်း တိုက်ခိုက်ရမည့်အချိန်မဟုတ်ပါ။ ကျတော်တို့စည်းလုံးမှ အောင်ပွဲရပါမည်။ စည်းလုံးကြပါ။ ညီညွတ်ကြပါ။



      အမြင်မရှင်းသည်များရှိပါက ရှင်းလင်းမှုရှိစေရန်ရည်ရွယ်၍ အောက်ပါသတင်းအချက်အလက်များကို သတင်း ရက်စွဲ အတိအကြဖြင့်ဖော်ပြထားသော ခွပ်ဒေါင်းသွေး မှ ရယူ၍ ထက်မံမျှဝေလိုက်ရပါသည်။
      မြန်မာစစ် အစိုးရ သည် ယခုကာလအတွင်းဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာ ဒုက္ခသည်များ အရေးနှင့်ပါတ်သက်၍ ရိုဟင်ဂျာလူမျိုးတို့သည်မြန်မာတိုင်းရင်းသားလူမျိုးစုမဟုတ်ပါ ၊ ရိုဟင်ဂျာ များ သည် မြန်မာပြည် နှင့်မသက်ဆိုင် ကြောင်း ကို နိုင်ငံပိုင်မီဒီယာများမှ ခါးခါးသီးသီး ငြင်းဆန် ခဲ့သော်လည်း မြန်မာနိုင်ငံ သမိုင်းအဆက်ဆက်တွင် ရိုဟင်ဂျာ များအားမြန်မာအစိုးရတို့  က တိုင်းရင်သား လူမျိုးစုတခု အဖြစ် အသိ အမှတ်ပြုခဲ့သည်များ ရှိခဲ့ပါသည်…။
      >
      မြန်မာပြည်အတွင်းတွင် ဘိုးတော်ဘုရား လက်ထက်ကပင် အခြချနေထိုင်လာခဲ့သော ရိုဟင်ဂျာ လူမျိုး တို့ သည် ရခိုင်ပြည်လူဦးရေ၏ ထက်ဝက်နီးပါးရှိသည်။ ထို့အပြင် ( ၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာလူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေထိုင်ခဲ့သော လူမျိုးစု များဖြစ်ခဲ့သည်ကို အတည်ပြု ပြောဆိုနိုင်ပါသည်…။ နိုင်ငံသား ၊ တိုင်းရင်းသားလူမျိုးစု ဖြစ်ခြင်းသည် ကိုးကွယ်မှု့  ၊ ယုံကြည်မှု့  ၊ ဘာသာစကား ၊ အရုပ်သဏ္ဍန် ၊ အမျိုးအနွယ်တို့နှင့် မသက်ဆိုင်ပဲ ရှေးအစဉ်အဆက် အခြေချနေထိုင်ခဲ့သော နိုင်ငံတခုအတွင်းရှိဒေသ နှင့်  သာသက်ဆိုင် သည်ဟု သမိုင်းစာအုပ်အချို့တွင်ဖော်ပြထားပါသည် ။
      ကိုလိုနီနယ်ချဲ့ ခေတ်တွင် ရိုဟင်ဂျာ များအား အစိုးရပြန်တမ်းများတွင် မွတ်စလင် ၊ မဟာမေဒင် အစရှိသည်ဖြင့်ဖော်ပြခဲ့သည် ။ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးခရီးစဉ်အဖြစ် ၁၉၄၆ ခုနှစ် မတ်လ တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ရာ ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် တွေ့ ဆုံ ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအခွင့်အရေးများအပြည့်အ၀ပေးမည်ဟုကတိက၀တ်ပြုခဲ့သည်များရှိခဲ့သည်။
      မြန်မာ့တော်လှန်ရေးသမိုင်းများတွင်လည်း တော်လှန်ရေးကာတလျှောက် လက်တွဲပါဝင်ခဲ့သူ ရိုဟင်ဂျာ လူမျိုးတော်လှန်ရေးသမားတဦးဖြစ်သည့် ရွှေဓါး ကာဇီ (ခ) မင်းပြား သည် ချင်းပျံ နှင့် အတူ လက်တွဲ ကာတော်လှန်ခဲ့သည် ။ စစ်တွေမြို့တွင်လည်း ရိုဟင်ဂျာ အမျိုးသားဆရာကြီး ဦးဇိုင်နဒိန် က ဦးဆောင်ပြီး အမျိုးသားကျောင်းတကျောင်းဖွင့်လှစ်ကာ နယ်ချဲ့တော်လှန်ရေးအတွက် အမျိုးသားရေးစိတ် နိုးဆွပေးခဲ့သော အမျိုးသားကျောင်း တကျောင်း တည်ထောင်ခဲ့သည် ။
      သို့သော်လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းတွင် ရိုဟင်ဂျာ များအား နိုင်ငံရေး ၊ လူမှု့ရေး ၊ စီးပွားရေး တို့ တွင် နိုင်ငံတော်မှ လစ်လျှုရှု့ ခံထားံရမှု့ကြောင့် ( မူဂျာရစ် ) သူပုန်များအမည်ခံကာ ( ဗ-က-ပ ) ( ကရင် ) တို့ နှင့် မရှေးမနှောင်းမှာပင်သူပုန်ထကြွခဲ့ပါသည်။နောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်များက ရိုဟင်ဂျာ များအား အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့် အရေးများပေး မည်ဆိုသော ကတိက၀တ်ကြောင့် ( ၁၉၆၁ ) တွင်တယောက်မကျန်လက်နက်ချကာ ပြည်ထောင်စုအပေါ် သစ္စာရှိခဲ့ကြသည် ။
      ထိုအပြင် ဒိုင်အာခီခေတ်မှမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အထိ ခေတ်အဆက်ဆက်တွင် ပါလီမန် နှင့်ပြည်သူ့လွှတ်တော်များတွင်ကိုယ်စားပြုခွင့်  ရခဲ့သည် ။ ပ-ထ-စ ခေတ် တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှာ တင်မြှောက်လိုက်သော ကိုယ်စားလှယ်တဦးသည် ၀န်ကြီးရာထုး အထိရခဲ့ဘူးသည် ။ ရိုဟင်ဂျာ အမျိုးသားများထဲမှ လည်း ပါလီမန်အတွင်းဝန်များအထိရှိခဲ့ ဘူးသည်ဟု မှတ်တမ်းများ အရ သိရှိခဲ့ရပါသည်။
      ထိုအပြင် ပြည်ထောင်စုနေ့  အခန်း အနားများတွင် ရိုဟင်ဂျာရိုးရာပွဲများ ခင်းကျင်ပြသခွင့် ရခဲ့ပြီး
      ( ၁၉၆၀ )ပြည့်နှစ်ပြည်ထောင်စုနေ့ အခန်းအနားကို အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှု့ ပြပွဲပြိုင်ပွဲတခုဖြစ်သော ကျင်ပွဲ ကို ကျင်းပပြုလုပ်ခွင့် ရခဲ့ပါသည် ။ ၎င်း ကျင်ပွဲတွင်ပါဝင်ခဲ့သော ကျင်သန်များမှာ-
      ( ၁) ကျင်သန် ဦးဟာကိမ်အလီ
      မှတ်ပုံတင်အမှတ် - AK – ၀၄၂၉၅၇
      ဇင်ပိုင်ညှာရွာ ၊ မောင်းတောမြို့  ။
      ( ၂ ) ကျင်သန် ဦးမာမတ် ဟူဆင်
      လောင်းဒုံ ၊ အလယ်သံကျော် ကျေးရွာ ၊မောင်းတောမြို့ တို့ဖြစ်ကြပါသည် ။
      ထို့နောက် မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ရိုဟင်ဂျာ ဘာသာ စကားကို နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ( ၅ ) နှစ်တိုင်တိုင် အသံလွှင့်ခွင့်ပြုခဲ့သည် ။
      မြန်မာအသံမှ ရိုဟင်ဂျာ ဘာသာစကားထုတ်လွှင့်မှု့  ကို ( ၁၉၆၁ ) ခုနှစ် မေလ ( ၁၅ ) ရက်နေ့  ညနေ ( ၅း ၃၀ ) မှစတင်ကာ လှိုင်းတိုမီတာ ၆၂ .၆၇ နှင့် ၂၆ . ၁၇ တို့ မှ ရိုဟင်ဂျာဘာသာဖြင့် တိုင်းရင်းသားအသံလွှင့်အစီစဉ်များတွင် တပါတ်လျှင် သုံးကြိမ် ထုတ်လွှင့် ခဲ့ပါသည် ။
      >
      ၁၉၅၉-၆၀ နှင့် ၁၉၆၀-၆၁ ပညာသင်နှစ်များတွင် ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူများအသင်းကို တက္ကသိုလ်အာဏာပိုင်များက ဖွဲ့ စည်းခွင့် ပြုခဲ့ပြန် သည် ကိုပုံပါအတိုင်းတွေ မြင်နိုင်ပါသည် ။
      >
      ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ (၁၉၇၈) -ခုနှစ်ထုတ်မြန်မာနိုင်ငံ ပထ၀ီဝင် အထက်တန်းကျောင်းသုံးပြဌာန်းစာအုပ် ၊ စာမျက်နှာ ( ၈၆ ) ရှိ တိုင်းရင်းသားလူမျိုးများပြန့် နှံနေထိုင်ပုံပြ မြေပုံတွင် လည်း ရိုဟင်ဂျာ လူမျိုးတို့ ၏နေထိုင်ရာဒေသ ကိုလည်းထည့်သွင်းဖော်ပြခဲ့သည် ကိုမြင်တွေ့ နိုင်ပါသည် ။
      အထက်ပါ သမိုင်းအချက်အလက်များ လေ့လာကြည့်ရှု့ခြင်းအားဖြင့်  လက်ရှိ စစ်အစိုးရ သည် ၎င်းတို့ အားထိပါးလာမည့်ပြသနာများအတွက်ဆိုပါမူ လူတဦးတယောက်ကို မဆိုထားနှင့်  လူမျိုးစု တစုလုံး ကို ပါ ဥပဒေမဲ့ မျက်ကွယ် ပြုမူတတ်သည် ကို မျက်ဝါးထင်ထင် တွေ့ မြင်နိုင်ပါပြီ ။ ပြည်သူတို့၏ အသက်အိုးအိမ်စည် ကို ကာကွယ်နိုင်စွမ်း လုံးဝမရှိသည့် အစိုးရဖြစ်ပါသည် ။ ထို့ ကြောင့်  မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုများ နှင့် ပြည်သူများသည် လက်ရှိပြုလုပ်နေသော စစ်အစိုးရ ၏ အာဏာတည်မြဲရေး အတွက် စည်းရုံးသွေးဆောင်နေမှု့ များကို လက်မခံပဲ လွတ်လပ်ပြီးတရားမျှတသော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာစေရေးအတွက် စည်းစည်း လုံးလုံး သိုက်သိုက် ၀န်းဝန်း ဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့  ဟူ၍တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။


      Link : http://www.rohingyablogger.com/2011/04/blog-post_03.html

    Gmail - Gtalk လိုင်းမကောင်းလျှင် Gtalk ကဲ့သို့ အသုံးပြု Chat နိုင်မည့် Messenger များ

    ကျွန်တော်တို့ နိုင်ငံမှာ 17 Oct မှစပြီး Sea -Me - Re 3 ရေအောက်ပိုက်လိုင်းချို့ ယွင်းပျက်တောက်ခဲ့လို့ 
    အင်တာနက်လိုင်းများနှေးကွေးပြီးသုံးစွဲသူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့သလို ၊ အင်တာနက်ဆိုင်များနှင့်တကွ တစ်ခြားသောအင်တာနက်နှင့်ပါတ်သတ်ဆက်နွယ်နေသောလုပ်ငန်းများ မှာ
    မသိမသာသော်လည်းကောင်း၊သိသိသာသာသော်လည်းကောင်း ထိခိုက်နစ်နာမှု့ များဖြစ်ပေါ်ခဲ့ကြပါတယ် ။
    ဒါကြောင့်အားလုံးသောသူငယ်ချင်းများသိရှိစေရန် သိသလောက် Messenger လေးတွေ Share ပေးလိုက်ပါတယ် ။
    (သိပြီးသော သူငယ်ချင်းများအတွက်တော့ SORRY ပါလို့ )

    http://imo.im/                ဒါလေးကသုံးရလွယ်ပါတယ် ။
    www.meebo.com           ဒါကတော့ဦးဇာကနာကြီးပြောတဲ့ မီးဖို ထဲမှာချက်တာပါတဲ့ ။
    http://karoolark.com/     ဒါကလည်း Original Gtalk အတိုင်းလေးပါ
    www.livego.com            ဒါကျတော့ Mail ပါတွဲပွင့်တယ်ဗျ ။

    သူငယ်ချင်းတို့  ..ဒီလောက်ပဲနော်...နောက်ထပ်တွေ့ ရင်ထပ်တင်ပေးဦးမယ် ။


    BOBO

    သတိုးသမီးလောင်း အများကြီးအလိုရှိသည်

    ကမ္ဘာ့လူဦးရေဟာ သန်း ၇ ထောင်ကို ရောက်လုရောက်ခင်ပါ။ လိင် အချိုးအစား မမျှတဘဲ ရှိနေရတဲ့ အနေအထားဟာ အလားအလာ မကောင်းလှတဲ့ - လူပျိုကြီးတို့ရဲ့ နိုင်ငံတော်များ - ပေါ်ထွန်းလာနေပြီး သတို့သမီးလောင်းအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ့် ခေတ်ကို ရောက်ပါတော့မယ်။

    ပြင်သစ် လူဦးရေဆိုင်ရာ ကျွမ်းကျင်သူ Christophe Guilmoto ကတော့ ဒီအကျိုးဆက်ဟာ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ရဲ့ လိင်ရွေးချယ်ပြီး ကလေးယူခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းကြောင့်များ ဖြစ်နိုင်သလားလို့ မေးခွန်းထုတ်ပါတယ်။ သူက - ဒေသအလိုက် (ပုလ္လိင်) ပုရိသများ အလွန်အမင်း ပေါများနေခြင်း - လို့ ကင်ပွန်းတပ်တယ်။

    လာမယ့် အနှစ် ၅၀ အတွင်းမှာ အရွယ်ရောက် အမျိုးသမီးများ ရှားပါးလာနေမှု၊ မလုံလောက်မှုတို့ကြောင့် ရာသီဥတု ပြောင်းလဲမှုလိုပဲ သက်ရောက်မှုတွေ အကြီးအကျယ် ရှိနေလိမ့်မယ်လို့လည်း လူဦးရေပညာရှင်များက ခန့်မှန်းထားကြပါတယ်။
    ဒီ သတိပေးချက်များနောက်ကွယ်က စာရင်းဇယား၊ အချက်အလက်တွေကလည်း မယုံကြည်နိုင်ဖွယ်ရာပါ။


    သတို့သမီးလောင်း အများကြီး အလိုရှိသည်

    သဘာဝတရားကတော့ ဇီဝမျှခြေအတွက် လိင်အချိုးအစားကို မွေးဖွားလာတဲ့ (ယောက်ျားလေး ၁၀၄-၁၀၆ အတွက် - မိန်းကလေး အယောက် ၁၀၀) အချိုးထားရှိတယ်။ ဒီ ကျဉ်းမြောင်းလှတဲ့ အချိုးကနေ နည်းနည်းလောက် သွေဖီတာကိုတောင် ပုံမှန်မဟုတ်တဲ့ သဘာဝနဲ့ ဆန့်ကျင်ဖက် လုပ်ရပ်တွေကြောင့် ဖြစ်ရတယ်လို့ ပြောနိုင်ပါတယ်။

    အကွာအဝေးကလည်း ပိုလို့သာ ကျယ်ပြန့်လို့ လာနေတာပါ။ တောင်ကောကေဆပ်ဒေသ (အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနဲ့ အာမေးနီးယား) နယ်တွေမှာ  ၁၁၅ - ၁၀၀ အချိုးထက်ကို ကျော်လွန်နေပါပြီ။ ဆာဘီးယားနဲ့ ဘော့စနီယားဒေသတွေမှာလည်း ဒီလိုအခြေအနေပါ။
    နိုဘယ်ဆုရ အိန္ဒိယစီးပွားရေး ပညာရှင် အမာတရာဆင်းရဲ့ စာတမ်းနဲ့အတူ ၁၉၉၀ လောက်ကတည်းက ဒီ အချိုးမမျှတမှုကို ဖော်ထုတ်ခဲ့ကြတယ်။ နာမည်ကျော် ခေါင်းစဉ်ကတော့ - အမျိုးသမီး သန်း ၁၀၀ ကျော် ပျောက်ဆုံး နေပြီဗျို့ - ဖြစ်ပါတယ်။

    လူဦးရေ ပညာရှင်များကတော့ အခုအခါမှာ သန်း ၁၆၀ ကျော် လိုအပ်နေပြီလို့ ဆိုပါတယ်။ သားယောက်ျားလေးများသာ ရလိုမှု၊ မျိုးပွားနှုန်း ကျဆင်းနေမှုတို့ အပါအ၀င် ပိုလို့ စိုးရိမ်ဖွယ်ရာ -မမွေးဖွားမီ ကတည်းက လိင်ရွေးချယ်နိုင်စွမ်း နည်းပညာ အောင်မြင်နေမှုတို့ကြောင့် ဖြစ်ရတယ်လို့ ဆိုကြပါတယ်။
    အိန္ဒိယမှာ နှစ်စဉ် မိန်းကလေးဖြစ်မယ့် သန္ဓေသားလောင်း သန်း တ၀က်လောက်လောက်ဟာ ဖျက်ဆီးခံနေရတယ်လို့ ဗြိတိသျှ Lancet ဆေးပညာဂျာနယ်က ဆိုပါတယ်။

    "အယင်ကဆိုရင် ဆိုနိုဂရမ် (အာထရာဆောင်း) ရိုက်ဖို့အတွက် ရွာသားတွေဟာ မြို့ကိုသွားမှဖြစ်တာ။ ဒီကနေ့မှာတော့ သားယောက်ျားလေး လိုချင်တဲ့သူတွေအတွက် ဆိုနိုဂရမ်ရိုက်တဲ့ သူတွေဟာ ရွာတွေကို ဆင်းနေကြပြီလေ။" အန္ဒိယ လူဦးရေ ဖောင်ဒေးရှင်းက Poonam Muttreja က ပြောခဲ့သည်။

    နောင် ၁၀ နှစ်အတွင်းမှာ အိန္ဒိယနှင့် တရုတ်ပြည်မှာ ကျား-မ မွေးနှုန်း အချိုးအစားဟာ ပုံမှန်ရောက်တယ် ဆိုရင်တောင်မှ နောင် ဆယ်စုနှစ် များစွာ ကြာတဲ့အထိ ဒီတိုင်းပြည်က ပုရိသ ယောက်ျားများစွာတို့ဟာ - အိမ်ထောင်ပြုမှုအတွက် သတိုးသမီးလောင်းကို ယှဉ်ပြိုင် ရှာဖွေရတဲ့ ဒုက္ခ - ကနေ လွတ်မြောက်ဖွယ်ရာ မရှိသေးဘူးလို့ Guilmoto က ရှင်းပြထားပါတယ်။
    " ဒီပုရိသယောက်ျားများစွာတို့ဟာ အရွယ်လွန်မှသာ အာဝါဟ၊ ၀ိဝါဟ မင်္ဂလာတရားကို ဆင်နွှဲနိုင်ဖွယ်ရာ ရှိနေပါတယ်။

    ဒီလိုအိမ်ထောင်ပြုမှု မမျှမတ ဖြစ်နေတဲ့ အခြေအနေဆိုးဟာလည်း ယောက်ျားဘသား လူပျိုသိုးကြီးများ အဆမတန် တိုးပွား များပြားလာဖွယ်ရာ ဖြစ်နေပါပြီ။ အထူးသဖြင့် ယောက်ျားလေးတိုင်း အိမ်ထောင်ပြုတဲ့ဓလေ့ ရှိတဲ့ တိုင်းပြည်တွေအတွက်တော့ အရေးကြီးလှတဲ့ အပြောင်းအလဲ တရပ်ပါပဲ။" ပညာရှင်က ဆိုခဲ့ပါသည်။

    ဒီအပြောင်းအလဲကြောင့် အကျိုးဆက် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကိုတော့ ဆွေးနွေး ငြင်းခုန်နေကြတုန်းပါ။ ပြောင်းပြန်ဖြစ်လာမယ့် အနေအထားကတော့ မရှိဘူးလို့ အားလုံးက သဘောတူ ထားကြပါတယ်။

    ခင်ပွန်းယောက်ျား တစ်ဦးထက်မက ယူခြင်းဓလေ့နှင့် လိင်ခရီးသွားတိုးရစ်လုပ်ငန်းတွေ ကျယ်ပြန့်လာဖွယ်ရာ ရှိနေပြန်ပါတယ်။ အချို့ကတော့ သဘာဝ တရားရဲ့ ကံဆိုးမိုးမှောင်ကျမှု တစ်ခုခုဖြစ်လာမယ်။ အဲဒါကတော့ ပုရိသ ယောက်ျားသားများ ပိုလျှံနေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေဟာ ပုံမှန် အခြေအနေတွေ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ပြန်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက နိုင်ငံရေး သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Valerie Hudson နဲ့ Andrea den Boer တို့ကလည်း အကြီးအကျယ်ကို သတိပေး နှိုးဆော်စာ ထုတ်ခဲ့ကြဖူးပါတယ်။ ယောက်ျားသား၊ လူပျိုကြီးများ အလွန်အမင်း ပေါများကြွယ်ဝနေတဲ့ အာရှတိုက်ဟာ အနောက်နိုင်ငံတွေအတွက် စစ်ရေးအရ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီဆိုတဲ့ စာတမ်းပါ။

    " ကျား-မ လိင်အချိုးအစား မညီမမျှဖြစ်နေတာကို အာဏာရှင်နိုင်ငံတွေက ကောင်းကောင်း အသုံးချတတ်ပါတယ်။ ပြည်တွင်းမှာ အကြမ်းဖက် နှိမ်နှင်းရာမှာ သုံးရင်လည်း  သုံးမယ်။ ဒါမှမဟုတ်ရင် ပြည်ပမှာ ကိုလိုနီ နယ်ချဲ့ စစ်ပွဲတွေအတွက် တင်ပို့မယ်။"

    သိပ္ပံမဂ္ဂဇင်းရဲ့ သတင်းထောက် တစ်ဦးလည်းဖြစ် မကြာသေးခင်က ထုတ်ဝေခဲ့တဲ့  - သဘာဝမကျတဲ့ ရွေးချယ်မှု - စာအုပ်ရေးသူလည်းဖြစ်တဲ့ Mara Hvistendahl ကတော့ တကယ့် စစ်ပွဲတွေ ဖြစ်လာဖို့ရာဆိုတာ မသေချာပါဘူးလို့ ပြောပြန်တယ်။ ကျား-မ ဂျန်ဒါ အချိုးအစား အတော့်ကို မမျှတပေမယ့် အိန္ဒိယဟာ အကြီးဆုံး ဒီမိုကရေစီ တိုင်းပြည် မဟုတ်လား။

    ဒါပေမဲ့ ဖြစ်နိုင်ချေ အလားအလာတွေကိုတော့ သဘောတူပါတယ်တဲ့။
    "သမိုင်းကြောင်းအရ မိန်းမသား လူဦးရေထက် ယောက်ျားဘသားတွေ ပိုများပြားလာတဲ့ လူ့အဖွဲ့အစည်းတွေဆိုတာက နေချင်စဖွယ် နေရာတော့ မဟုတ်ချေဘူး။" Hvistendahl က ထောက်ပြထားသည်။

    "မကြာခဏဆိုသလိုပဲ တည်ငြိမ်မှု ကင်းမဲ့နေတတ်ပါတယ်။ အခါအားလျော်စွာ အကြမ်းဖက်မှုတွေလည်း ရှိနေတတ်တယ်။" အိန္ဒိယနှင့် တရုတ်နိုင်ငံများက ခေါင်းများ၏ ဂျန်ဒါ မမျှတမှုကြောင့် လူ့အဖွဲ့အစည်းအပေါ်မှာ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပြောကြားခဲ့တာကို သူမက ဖြည့်စွက်ပြောခဲ့တာပါ။

    UN အေဂျင်စီများကလည်း အမျိုးသမီး ရှားပါးမှုကြောင့် လိင်ကုန်ကူးမှု တိုးပွား လာနေခြင်းနှင့် အိမ်ထောင်ထိမ်းမြားရန် ရွှေ့ပြောင်းနေထိုင်ခြင်းတို့ ဆက်စပ်ပုံကို သတိပေးထားသည်။

    "ဒေတာတွေကတော့ ရှားပါးနေတုန်းပါ။" ကုလသမဂ္ဂ  လူဦးရေ ရန်ပုံငွေအဖွဲ့မှ အာရှ ပစိဖိတ်ဒါရိုက်တာဖြစ်သူ Nobuko Horibe က ဆိုပါသည်။ " လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုမှု ရှားပါးလာနေခြင်းကြောင့် ဒီဖြစ်ရပ်တွေ ဖြစ်လာနိုင်ပါတယ်။ သေသေချာချာတော့ လေ့လာကြရပါဦးမယ်။"

    လိင် အချိုးအစား မမျှမတဖြစ်နေမှုအပေါ်မှာတော့ အားလုံးက အာရုံစိုက်လာကြရပါပြီ။ အဖြေကတော့ ရှာလို့ မရကြသေးပါဘူး။
    လိင်ရွေးချယ်ပြီး ကိုယ်ဝန်ဖျက်ချမှုဟာ တရုတ်မှာကော အိန္ဒိယမှာပါ တရားမ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေ သက်ရောက်မှုကတော့ အင်မတန်မှ အခက်အခဲ ရှိနေဆဲပါ။

    ပြဿနာရဲ့ အဖြေကတော့ မရှိသေးပါဘူးလို့ Gilmoto က ၀န်ခံပြောဆိုပါတယ်။ ပထမဆုံးလုပ်ရမယ့် အချက်ကတော့ လူသိရှင်ကြား လူထုအကြားမှာ ထုတ်ဖော် ကြေညာဖို့ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတင်လည်း မဟုတ်ပါဘူး။
    "အရှေ့ဥရောပနိုင်ငံတွေက လူထုဟာဆိုရင်လည်း ဘာတွေဖြစ်နေမှန်းကို သိကြတာမဟုတ်ဘူး။" သူက သတိပေးထားသည်။

    မြတ်ပန်းရှင်
    Source: AFP/Is
     သတိုးသမီးလောင်းအများကြီးအလိုရှိသည်

    Monday, October 3, 2011

     

    ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန် ပွဲစဉ်တွင် မြန်မာပရိသတ် တချို့၏ ရမ်းကားမှုကြောင့် ပွဲဖျက်သိမ်း လိုက်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အရေးယူလိုက်ပြီ ဖြစ်သည်။

     



    မြန်မာပရိသတ်တချို့၏ ပစ်ခတ် တိုက်ခိုက်မှုကို ကွင်းအတွင်းရှိ အိုမန်အသင်း အရံ ကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)

    ထိုဖြစ်ရပ်အတွက် FIFA က မြန်မာဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

    ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့်အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေးယူလိုက်ခြင်းဖြစ်သည်။

    ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။

    အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

    လှည်းတန်း ဆန္ဒပြသူများ ပြန်လည်လွတ်မြောက်

     

    ယမန်နေ့ နေ့လယ်က ရန်ကုန်မြို့ လူစည်ကားသည့် လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြကြသော ပြည်မြန်မာကုန်တိုက်မှ ဈေးသည်နှစ်ဦးကို အာဏာပိုင်တို့က ၇ နာရီကျော်ကြာ ထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်သည်။

    အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၀န်းကျင်က ပြည်မြန်မာကုန်တိုက် တည်ရှိရာ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြနေကြသော ဈေးသည်များ (ဓာတ်ပုံ - Messenger Journal / Facebook)ကုန်တိုက်ဆိုင်ခန်းများ အသိမ်းခံရမှုကြောင့် နစ်နာကြေးရလိုမှုဖြင့် ဆန္ဒပြသည့် ဈေးသည် ၂၀ ခန့် အနက်မှ ပိုစတာများ ကိုင်ဆောင်ပြီး  ဆန္ဒထုတ်ဖော်သူ မမြတ်သီတာဝင်း၊ မခင်မျိုးလွင်တို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယာယီ အထိန်းသိမ်းခံရခြင်း ဖြစ်သည်။

    "နောက် ဒီလိုမျိုး  လုပ်ရပ်မျိုး မလုပ်တော့ပါဘူးလို့ လက်မှတ် ထိုးခဲ့ရတာ" ဟု ပြန်လွတ်လာသူတဦးဖြစ်သည့် မခင်မျိုးလွင်က ပြောသည်။

    လှည်းတန်းလမ်းဆုံသည် ယခင်က ရန်ကုန်မှ တက္ကသိုလ်ကျောင်းသားတို့၏ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ဖူးသည့် နေရာတခု ဖြစ်သည်။

    ပြည်မြန်မာ ကုန်တိုက် ဈေးသည်တို့က နစ်နာကြေးရသည်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လိုသည်ဟု ဆိုသည်။

    ယမန်နေ့ ညနေပိုင်းအထိ ဆန္ဒပြပွဲဖြစ်ခဲ့သည့် ကုန်တိုက်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေကြောင်း မျက်မြင်သက်သေတဦးထံမှ သိရသည်။

    ပြည်မြန်မာကုန်တိုက်မှ ဈေးသည်များသည် ဆိုင်ခန်းပိုင်ရှင်များမဟုတ်သဖြင့် ကုန်တိုက်မှ ဖယ်ရှားပေးရမည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောသည်။

    ဆိုင်ခန်းငှားရမ်းထားသူများက အဆင့်ဆင့် လက်လွဲရောင်းချရာမှ ဆိုင်ခန်းတခန်း၏ပေါက်ဈေး ကျပ်သိန်းရာချီ ဖြစ်နေကြောင်း၊ ယမန်နေ့က ဆန္ဒပြသူများသည်လည်း တဆင့် ပြန်လည် ၀ယ်ယူထားသူများဖြစ်ကြောင်း ထိုအရာရှိက ပြောသည်။

    "ဒီဆိုင်ခန်းတွေက အစိုးရပိုင်တာ။ ဘယ်သူမှ မပိုင်ဘူး၊ တရားမ၀င် စာချုပ်တွေနဲ့ တဆင့် တဆင့် ရောင်းပြီး အခုလို ဆူပူမှုလုပ်တာ မကောင်းဘူးပေါ့ဗျာ" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

    ပြည်မြန်မာကုန်တိုက်ကို စီးပွား/ကူးသန်းဝန်ကြီးဌာနက ယခုနှစ်အတွင်း လေလံတင် ရောင်းချခဲ့ရာ ငှားရမ်းထားသော ဈေးသည်များက ကုန်တိုက်မှ ပြောင်းရွှေ့ပေးခဲ့ရသည်။

    လေလံရသွားသူမှာ AA စီးပွားရေးအုပ်စုနှင့် Myanmar Marketing Research and Development ကုမ္ပဏီတို့ ဖြစ်သည်။

    ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ စက်ဝိုင်းပုံ တည်ဆောက်ထားသော ပြည်မြန်မာကုန်တိုက် အဆောက်အအုံတွင် ဆိုင်ခန်းပေါင်း ၉၀ ကျော် ရှိသည်။


    *ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ
    ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို
    မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ *

    ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
    အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
    တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
    အားမနည်းအောင် ကျွန်မတို.ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။

    နေရာ မှန်ပါစေ
    သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန်
    ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ. လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ. ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

    အလင်းရောင်
    သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

    မျက်မှန်
    Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

    မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
    ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ
    ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ. အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒါနည်းလမ်း ဟာသင့်ရဲ. ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည်ပတ် စေပါတယ်။

    မျက်စဉ်း ခတ်ပေးပါ
    လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို. ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

    လက်ဖ၀ါးအုပ်ခြင်း
    ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင်.၇ဲ.လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ
    ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ. သင့်မျက်စိနှစ်ဖက်ကို
    ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
    ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ. ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

    မျက်နှာသစ်ခြင်း
    အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင်. မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်း ခြင်းကို ခံစားရပါလိမ့်မယ်။

    လက်ဖက်ခြောက် အထုပ်
    သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ
    ရေခဲသေတ္တာထဲထည်.ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

    အစားအသောက်
    ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊
    အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။

    မျက်စိရောဂါ ကင်းဝေကြပါစေ။

    ပေါက်တီးပေါက်ရှာပုံများ

     
     
    Epic-Kludge-Photo-Maximum Hilarity
    TIFI - Epic Kludges - Frankenbumper
    Epic-Kludge-Photo-Finally,AUseFor
    Epic-Kludge-Photo-ExplainsWhyOnly
    Epic-Kludge-Photo-Sprinkler
    Epic-Kludge-Photo-NotLegalToTakeThem
    Epic-Kludge-Photo-LooseConnections
    Epic-Kludge-Photo-Amateur Conversion
    Epic-Kludge-Photo-Teamwork
    Epic-Kludge-Photo-AnInterestingTheory
    Epic-Kludge-Win-ChainLock
    Epic-Kludge-Photo-LowFlowToilet
    Epic-Kludge-Photo-TwoPersonHotTub
    Epic-Kludge-Photo-ILovePancakes
    Epic-Kludge-Photo-SignalInterference
    Epic-Kludge-Photo-VintageMercedes
    Epic-Kludge-Photo-LandlockedPirate
    TIFI-LakersGameLakeside
    TIFI-RoofRack
    TIFI-TheCreasesMakeItLook
     

    သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့အသည်းပုံလေးများ


    Romantic Nature @ MYANMARTHWAY (3).jpg

    Romantic Nature @ MYANMARTHWAY (4).jpg

    Romantic Nature @ MYANMARTHWAY (7).jpg

    Romantic Nature @ MYANMARTHWAY (9).jpg

    Romantic Nature @ MYANMARTHWAY (8).jpg

    Romantic Nature @ MYANMARTHWAY (11).jpg

    Romantic Nature @ MYANMARTHWAY (10).jpg