Pages

Saturday, October 29, 2011

တရုတ်တွင်ကားနှစ်စီး ဆင့်တိုက်အတိုက်ခံရသော ကလေးငယ်ကို အနီးမှဖြတ်သွားသူ ၂၀ ခန့်က လျစ်လျူရှုခဲ့ကြကြောင်း ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပြီးနောက် လူ့အဖွဲ့အစည်း၏ စိတ်ဓာတ်ချွတ်ခြုံကျမှုကို ဝေဖန်မှုများထွက်ပေါ်လာ

တရုတ်တွင်ကားနှစ်စီး ဆင့်တိုက်အတိုက်ခံရသော ကလေးငယ်ကို အနီးမှဖြတ်သွားသူ ၂၀ ခန့်က လျစ်လျူရှုခဲ့ကြကြောင်း ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပြီးနောက် လူ့အဖွဲ့အစည်း၏ စိတ်ဓာတ်ချွတ်ခြုံကျမှုကို ဝေဖန်မှုများထွက်ပေါ်လာ


w74_14 ပြီးခဲ့သောသီတင်းပတ်တွင် တရုတ်နိုင်ငံမှ နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကားနှစ်စီးဆင့်တိုက် အတိုက်ခံခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ အောက်တိုဘာလ ၂၁ ရက်တွင် သေဆုံးခဲ့ကြောင်းစစ်ဘက်ဆေးရုံ မှ သူနာပြုတစ်ဦးက ပြောကြားခဲ့သည်။
ယင်းကလေးအတိုက်ခံရချိန်တွင် အနားမှဖြတ်သွားသူ ၁၈ ဦးခန့်ရှိသော်လည်း အကူအညီမပေးဘဲ လျစ်လျူရှုထွက်သွားပုံကို လုံခြုံရေးကင်မရာမှတစ်ဆင့် မြင်တွေ့ခဲ့ရသည်။
ယင်းဗီဒီယိုကို Youku ၀က်ဘ်ဆိုက်တွင် တင်ခဲ့ပြီး ကြည့်ရှုမှုအကြိမ် နှစ်သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
ဝမ်ယွေအမည်ရ ယင်းကလေးကို ကွမ်ကျိုးစစ်ဘက်ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ ကုသပေးနေပြီး အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၁၂ နာရီ ၃၂ မိနစ်တွင် သေဆုံးခဲ့ကြောင်း အမည်မဖော်သော သူနာပြုတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ပိုရှန်မြို့တွင် ၀မ်ယွေကို အဖြူရောင်ဗင်ကားတစ်စီးက ဦးစွာ ၀င်တိုက်ခဲ့ပြီး  မရှေးမနှောင်းတွင် ထရပ်ကားတစ်စီးက ထပ်မံဝင်တိုက်ခဲ့သည်။ လူစည်သောဈေးထဲရှိ လမ်းကျဉ်းထဲတွင်  အောက်တိုဘာလ ၁၃ ရက်မွန်းတည့်တွင် ကားတိုက်ခံရခြင်းဖြစ်ပြီး ယင်းကလေးဘေးမှ ကားများ၊ စက်ဘီးများ၊ လမ်းလျောက် သွားသူများ ဖြတ်သန်းသွားခဲ့သော်လည်း တစ်ဦးမှ ကူညီပေးခဲ့ခြင်းမရှိကြောင်းကို အနီးရှိ လုံခြုံရေးကင်မရာ မှ ရိုက်ကူးထားသောဗီဒီယိုအရ အံ့သြထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အသက် ၅၈ နှစ်ရှိ ပလတ်စတစ်လိုက်ကောက်သည့် အမျိုးသမီးတစ်ဦးက ၀မ်ယွေကိုလမ်းဘေးသို့ ရွှေ့ပေးခဲ့ပြီး ကူညီခဲ့သည်။
ကလေးဘေးမှ ဖြတ်သွားသူတစ်ဦးမျှ ကူညီခြင်းမရှိသည်ကို ဗီဒီယိုမှတစ်ဆင့် မြင်တွေ့ခဲ့ရသူများက မြန်နှုန်းမြင့်ပြောင်းလဲနေသော တရုတ်လူ့အဖွဲ့အစည်းတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဝေဖန်ကန့်ကွက်မှုများ ပွက်လောရိုက်ခဲ့သည်။  မည်သည့်အကူအညီမျှ မပေးခဲ့သူများ၏ အပြုအမူများအပေါ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသော်လည်း အကောင်းဘက်မှ ဖြည့်တွေးရန်သာ ဆန္ဒရှိကြောင်း ကလေး၏မိခင်က ပြောကြားခဲ့သည်။ ကလေးကိုကယ်တင်ရန် ကြိုးပမ်းခဲ့သော အမျိုးသမီးအားလူ့အဖွဲ့အစည်း၏ အကောင်းဆုံးနမူနာဖြစ်ကြောင်း ၎င်းက ချီးကျူးခဲ့သည်။
Ref:CNN,China Daily

No comments:

Post a Comment