Pages

Thursday, September 22, 2011

ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုနေကြသူများ




ယခုလ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ
Gallery 65 တွင်  The Sketch of A River Art  Exhibition  အမည်ရှိ
ပန်းချီ၊ ကာတွန်း၊ ဓါတ်ပုံ ၊ လက်ရာများပါဝင်သော အနုပညာလက်ရာပြပွဲတစ်ခုကို
ကျင်းပခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ရောက်သူ
နှစ်ထောင်နီးပါးရှိသည်။
အဆိုပါ အနုပညာလက်ရာပြပွဲတွင်
ဧရာဝတီမြစ်ဧ။် အလှအပများ ၊ အကျည်းတန်လာတော့မည့် အနရာယ်များ ကိုပါ
ထည့်သွင်းဖော်ညွှန်းထားသည့် လက်ရာများစွာအပါအ၀င် ကဗျာဆရာတချို့ကလည်း
ဧရာဝတီကိုဖွဲ့ဆိုသော ကဗျာများကို ရွတ်ဆိုပေးခဲ့ကြသည်။
 ပြပွဲတွင် အနုပညာရှင် စုစုပေါင်း ၅၄ ဦင်္းဧ။်လက်ရာပေါင်း ၁၄၂ ခုကို တွေ့မြင်ရပြီး
နာမည်ကြီးအနုပညာရှင်များအပါအ၀င် တက်သစ်စ ပန်းချီဆရာ ၊ ဓါတ်ပုံဆရာ
များလည်းပါဝင်ခဲ့ကြသည်။ အဆိုပါပြပွဲတွင် လာရောက်ကြည့်ရှုအားပေးသူများဧ။် ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုသံများကို ဖော်ပြပေးလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်
`ဒီလိုအားလုံးလာရောက်ကြတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။
ပြပွဲတစ်ခုမှာတင်မဟုတ်ဘဲနဲ့ တကယ်ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်
 ထိန်းသိမ်းေ၇းအတွက်  အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒီိ ကိစ္စဟာ
ကျမတို့ရဲ့  ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်
ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကို
အခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေး
 အခန်းကဏ္ဍဟာ များလာနိုငပါတယ်
ကျမတို့ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို အခြေခံပြီး ပြည်ထောင်စုညီညွှတ်ရေးကို
လုပ်ဆောင်ဖို့ ကျမအနေနဲ့ဆုတောင်းပါတယ်။အားလုံးအနေနဲ့လည်းဖြည့်ဆည်းပေးပါ။

 ဒေါ်သန်းသန်းနု ( ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေမှူး)
 ဒီပြပွဲကိုကြည့်ရတာ ကြည်နူးဖွယ်ရာတွေ ကိုတွေ့ရသလို ၀မ်းနည်းစရာတွေလည်းရှိတယ်
ပုံတစ်ပုံမှာဆိုရင် ရှုခင်းက အခုမမြင်ရတော့ဘူးတဲ့။ အဲဒီပုံက
လွန်ခဲ့တဲ့လေးငါးနှစ်က လောက်ရိုက်ထားတာ ။ အခုဆိုရင် အဲဒီပုံမှာ
 ရေကာတာဆောက်ဖို့အလုပ်သမားတွေနေတဲ့နေရာတွေတွေ့ရသလို
သူတို့စွန့်ပစ်ထားတဲ့အမှိုက်ပုံပါရိုက်ပြထားတာ။
 ကျမတို့ငယ်ငယ်ကမြစ်ဆုံရောက်ဖူတယ် ရှုခင်းတွေကအရမ်းသာယာသလို
ရေကလည်းအရမ်းကြည်တယ်။အဲဒီအခြေအနေနဲ့ခုနဲ့ကတခြားစီဖြစ်သွားပြီ
 ဧရာဝတီဟာမြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်လို့အင်မတန်အရေးကြိးတဲ့အတွက်အခုလို
 အနုပညာရှင်တွေ စုစည်းတင်ပြတာ အရမ်းကျေးဇူးတင်တယ်။
ဝန်ကြီးပြောသွားတာ ကပိုလျှံတယ်ပြောတယ် ။ တကယ်တော့
ပြည်ပကိုသာပို့ဖို့မလိုအပ်ဘူးဆိုရင် မြစ်ဆုံဆည်ဟာ ဆောက်စရာမလိုဘုး။ခုတော့
ဆက်လုပ်မယ်ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဒီကရတဲ့အကျိုးအမြတ်ကလည်း
မြန်မာတစ်နိုင်ငံလုံးတင် မဟုတ်ဘူး။
ပြည်နယ်ကဒေသခံတွေအတွက်တောင်အကျိုးကျေးဇူးမခံစားရဘူးဆိုတော့ဝမ်းနည်းစရာ
 ကောင်းတယ။်ဒါမဖြစ်သင့်ဘူး။

ဦးအုန်း(သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်)
  ဒီပွဲကတော့ ဘာပွဲမှနဲ့မတူဘူး အလွန်ထူးခြားကောင်းမွန်ပါတယ်။
မြစ်ဆုံကိတ်စကတော့ မလုပ်ဘူးဆိုရင်တော့ အန်ကယ်သဘောအကျဆုံးပေါ့။ တကယ်တော့
ရေကာတာတစ်ခုဟာ ပေ ၅၀ အထိဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘာမှမထိခိုက်ဘူး။
တကယ်လို့ ပေ ၅၀ ထက်ပိုပြီး ပေ ၁၀၀ ၊ ၂၀၀ ကတော့ သဘာဝပတ်ဝန်းကျင်ကို
ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့  ပညာရှင်တွေကဆိုကြတယ်။
မြစ်ကြောင်းထိန်းသိမ်းဖို့ဆိုတာလည်း ရေကာတာရဲ့
အထက်ငါးမိုင်အောက်ငါးမိုင်ဆိုတာ တကယ်တော့မလုံလောက်ဘူး။
မြစ်ကြောင်းတစ်လျှောက်လုံးကိုထိန်းရမယ်။ မြစ်ကျိုးတွေတစ်လျှောက်လည်း
စက်ရုံတွေ ကို control လုပ်ရမှာဖြစ်သလို စွန့်ပစ်ပစည်းတွေကိုလည်း
မစွန့်ခင်မှာ အနရာယ်ကင်းပါတယ်ဆိုတာမျိုး လည်းရှိသင့်တယ်။
အခုမြစ်ဆုံရေကာတာဆောက်ဖို့ ရွာတွေရွှေ့ပြောင်းရတဲံအတွက်အဲဒီဒေသမှာ
လူမှုရေးပြသနာတွေလည်းဖြစ်တယ်။
သူတို့ရဲ့ဘုရားကျောင်းတို့ဘာတို့ရွှေ့ပြောင်းရတာမျိုါ်ကျတော့လည်း
ဘာသာရေးနဲ့ဆိုင်တဲံ့social problem တွေပေါ့ ။ ဒါကြောင့်အစိုးရဟာ
ပြည်သူလူထုကျေနပ်အောင်လုပ်ပေးရမယ်။ ဒါဟာအစိုးရရဲ့တာဝန်ပဲ။

ဒေါ်ဒေ၀ီသန့်ဇင်( ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဖြန့်ဝေပေးနေသူ)
အန်တီကတော့ပြောမယ်လေ မြစ်ဆုံဆိုတာ ဘာပဲပြောပြော နိုင်ငံတစ်ခုရဲ့ အမွေအနှစ်ဆိုတာရှိတာပဲ ဒေါ်လေးတို့ကတော့ ကချင်ထဲမှာ မြစ်ဆုံရှိပေမယ့်လဲ ဗမာပြည်ရဲ့ဧရာဝတီအတွက်ကတော့ မြစ်ဆုံဟာ အရေးကြီးတယ်။ သူ့ရဲ့မူရင်ပေါက်ဖွားတဲ့ အော်ရီဂျင်နိတ် ဖြစ်တယ်။ ဗမာပြည်ရဲ့အမွေအနှစ်တစ်ခုပါ။ ဒါကြောင့်မို့လို့ မြစ်ဆုံပေါ်မှာဆောက်တာကတော့ ဒေါ်လေးတို့လုံးဝ သဘောမတူပါဘူး။
ရဲတိုက်(သရုပ်ဆောင်)
ကျနော့်အနေနဲ့ မြစ်ကြီးကို အမြန်ဆုံး ပြန်လည် ကျမ်းမာစေချင်တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရှိခဲ့သလို ကျန်းမာတဲ့မြစ်တစင်းပြန်ဖြစ်စေချင်တယ်။
အနဂ္ဂ (အဆိုတော်)
 တကယ်တော့ ကျွန်တော်တို့ ဖန်တီးနေတဲ့အနုပညာဆိုတာ သဘာဝတရားနဲ့ဆက်စပ်နေတယ်။
ဒီတော့ ကျွန်တော်တို့အားလုံးလက်တွဲမဖြုတ်ဘဲ နားလည်မှုတွေဆက်ရှိသွားမှာပါ။
အနုပညာဟာ နားလည်မှု ၊ခံစားချက် နဲ့ အသိစိတ်တွေပေါင်းပြီးလုပ်ရတာမို့
ကျွန်တော်တို့  လက်တွဲမဖြုတ်ပါဘူး။သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး သိတာ နားလည်လာတာ
၎နှစ်လောက်ပဲရှိသေးတယ်။ခုဆို ပလတ်စတစ်သုံးတာလျှော့တယ်။
လက်ဆောင်ပေးရင်လည်း ပလတ်စတစ်ကိုရှောင်တယ်။ လောလောဆယ်တော့
 အပင်တော့မစိုက်နိုင်သေးပေမယ့် အပင်ကို မနှောက်ယှက်ဘူး။
 သတင်းစာတွေထဲကပြောနေတဲံပြည်သူ့အသံဆိုတာ ဒီကနေသွားမှာပါ။ ကမ္ဘာပေါ်မှာ လက်ရှိ
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတော်တော်မျူားများက အစိုးရတိုင်းဟာ
ကတိတွေပေးတတ်ကြတယ်။
အဲဒီကတိတွေနဲ့ပဲရွေးကောက်ပွဲအတွက်မဲဆွယ်ကြတယ်။တကယ်လုပ်ပေးမယ်
ဆိုပြီးပေါ့။ ဒိတော့ ကျွန်တော်ပြောချင်တာက အခုကျွန်တော်တို့
အဲဒီကတိတွေထဲမှာ မနစ်မွန်းဖို့လိုတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ်
ကတိတွေပေးပြီးမနှစ်သိမ့်ဖို့လိုတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ မီဒီယာ၊ အယ်ဒီတာ)
Gallery 65 က ဓါတ်ပုံပြပွဲကိုသွားတော့ ကျမ အားတက်လာခဲ့တယ်။ ဧရာဝတီကို ချစ်တဲ့သူ ဘယ်လောက်များသလဲ၊
ကယ်တင်ဖို့ တောင်းဆိုနေတဲ့သူ ဘယ်လောက်များနေသလဲဆိုတာ။ ဒါတောင် ရန်ကုန်တမြို့တည်းမှာ ရှိတဲ့သူတွေထဲက
တချို့တ၀က်ပဲ လာနိုင်ကြသးတယ်။ယုံကြည်ပါတယ် သန်း ၆၀ ကျော်သော ပြည်သူတွေကလည်း ဧရာဝတီကို ကယ်တင်ချင်တဲ့ စိတ်နဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြမှာပါ

ဥိးမြင့်သိန်း( ပြပွဲလာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦး)
 ဧရာဝတီပေါ်ကိုလူတိုင်းလုပ်ကိုင်စားသောက်တဲ့သူတွေဟာ အလွန်းများတဲ့အတွက်
ဧရာဝတီကို သဘာဝအတိုင်း ဆက်စီးစေချင်တယ်။
ဧရာဝတီကို လူသားတွေအတွက် အကျိုးရှိတဲံစီးဆင်းနေမှုကို
အဟန့်အတားဖြစ်စေတဲ့ကိတ်စမှန်သမျှကို ကန့်ကွက်တယ်။


 ပြည်သူတဦး
ဒီပွဲကိုလာကြည့်ဖြစ်တာ အင်မတန်အားရတယ်။  အနုပညာလက်ရာတွေကလည်း
ထူးခြားကောင်းမွန်သလို လူထုလူတန်းစားတော်တော်များများလာကြည့်တာတွေ့ရတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးပါတီတွေလည်းလာကြတာတွေ့ရတော့ အင်မတန်ထူးခြားမွန်မြတ်တဲ့ပွဲလို့
ခံယူမိတယ်။ ခုဆိုရင်  အရင်က နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့
မှတ်ယူထားတဲံသူတွေတောင် ဧရာဝတီနဲ့ပတ်သတ်လာရင် ကဲကဲဆတ်တုန့်ပြန်နေကြပြီ။
ကျမဆိုရင် ကျောင်းသားတွေဆီကကှော သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေဆီကကော
ဧရာဝတီကို ချစ်မြတ်နိုးချင် ကာကွယ်ချင်တဲ့စကားသံတွေ ကြားနေရတယ်
ဘာပဲပြောပြော ဧရာဝတီကိစ္စ ဟာ ပြည်သူတိုင်းမှာ တစ်ဦးတစ်ယောက်တိုင်းမှာ
တာဝန်ရှိပါတယ်။


by Myit Makha Mediagroup

ကံကြမ္မာဖန်လာပြန်တော့....(နှလုံးရောဂါရှိသူများမကြည့်ပါရန်)

အသံမဲ့ ချစ်ခြင်းမေတ္တာ






“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။ ဓာတ်ခဲထည့်ထားသော အပေါစား စပီကာမှ ချိုသာသော အသံသည် ရပ်ကွက်တိုင်းကို ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီနေသော ခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင် အကြော်လှည့်ရောင်းနေသော ဆွံအနားမကြား အဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။

ကျွန်မအသက်နှစ်ဆယ်ကျော် လွန်မြောက်လာမှ ကျွန်မတစ်သက်စာမက အဖေအသုံးပြုခဲ့သော စက်ဘီးပေါ်က ခေါင်းလောင်းလေးနေရာတွင် ကျွန်မ၏အသံကို သတ္တိရှိရှိ အစားထိုးတပ်ဆင် အသုံးပြုရဲခဲ့သည်။ ဆွံအသော ဖခင်တစ်ဦးရှိခြင်းသည် ရှက်စရာကောင်းသည်ဟု ကျွန်မသုံးနှစ်သမီးအရွယ်ကပင် နားလည်ခဲ့သည်။ သိတတ်စအရွယ်ကပင် အဖေ့ကို ကျွန်မရွံ့မုန်းခဲ့သည်။ ကျွန်မအရွယ်ကလေးများ အဖေ့ထံတွင် အကြော်ဝယ်ပြီး ပိုက်ဆံမပေးဘဲ ထွက်ပြေးလျှင် လည်ပင်းကြောကိုဆန့်ပြီး တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဖေ့ကိုကြည့်ရင်း ကျွန်မ အလွန်ဝမ်းနည်းမိသည်။ အစ်ကိုများလို ထိုကလေးနောက်သို့ ပြေးလိုက်ပြီး လက်သီးနှင့် ထိုးမပစ်တတ်။ ထိုကလေးများကို ကျွန်မ မမုန်းမိ။ ကျွန်မမုန်းမိသည်မှာ အဖေဆွံအနေခြင်းဖြစ်သည်။

အမေဆုံးပြီးနောက်ပိုင်း အဖေနှင့်အစ်ကိုနှစ်ယောက်သည် ကျွန်မအပေါ် အချစ်တွေပိုခဲ့ကြသည်။ အမေချန်ထားရစ်ခဲ့သော တစ်ခုတည်းသော ပစည်းမှာ အမေအပျိုတုန်းက ဘေးအိမ်မှ အဒေါ်ကြီးနှင့်အတူ တွဲရိုက်ထားသော အဖြူအမဲ ဓာတ်ပုံတစ်ပုံဖြစ်သည်။ အဖေ့ကို ကျွန်မစကားပြန်မပြောသည့် အခါတိုင်း၊ အဖေ့ကိုဆောင့်အောင့်ပြသည့်အခါတိုင်း အဖေသည် ထိုဓာတ်ပုံကို ထုတ်ကြည့်တတ်သည်။

“လူ အ သမီး... လူ အ ကြီးသမီး” ဟု အခြားကလေးများ နောက်ပြောင်လျှင် ကျွန်မအလွန်ဝမ်းနည်းမိသည်။ ထိုကလေးများကို ကျွန်မပြန်မပြောနိုင်သည့်အခါတိုင်း အိမ်သို့ပြေးပြန်ပြီး အကြော်ကြော်နေသော အဖေ့ရှေ့ မြေကြီးပေါ်တွင် စက်ဝိုင်းသဏ္ဍာန် အ၀ိုင်းကိုဆွဲခြစ်ပြီး အလယ်ဗဟိုကို တံတွေးထွေးပစ်ခဲ့တတ်သည်။ ထိုအပြုအမူကို ကျွန်မကိုယ်တိုင် နားမလည်သော်လည်း ကျွန်မဒေါသထွက်တိုင်း၊ မကျေနပ်တိုင်း အဖေသည် ကျွန်မစိတ်ထွက်ပေါက်ရှာရာ နေရာဖြစ်ခဲ့သည်။ အလှောင်ခံရတိုင်း အဖေ့ရှေ့တွင် ကျွန်မပေါက်ကွဲမိတတ်သည်။ စိတ်တိုင်းကျပြောဆိုပြီးမှ ကျေနပ်စွာထွက်သွားသော ကျွန်မကိုကြည့်ရင်း အဖေသည် တစ်ယောက်တည်း ငေးငိုင်ကျန်နေခဲ့မြဲဖြစ်သည်။

အလှောင်ခံရသော ပတ်ဝန်းကျင်မှ ကျွန်မရှောင်ပြေးချင်ခဲ့သည်။ ကျွန်မစာကြိုးစားခဲ့သည်။ ဘွဲ့ရပညာတတ်လျှင် ဤရွာကလေးမှ ကျွန်မခွာမည်။ လူအကြီး၏သမီးအဖြစ် လူတိုင်းလိုလိုသိနေသော နေရာမှထွက်သွားနိုင်ရန် ကျွန်မဆုံးဖြတ်ချက်ချမိသည်။ အိမ်ထောင်ပြုကုန်ကြပြီဖြစ်သော အစ်ကိုများ၏ရည်ရွယ်ချက်ကို ကျွန်မ မသိ။ အဖေ၏အကြော်ဖိုသည် ထင်းမည်မျှစားလိုက်မှန်း ကျွန်မစိတ်မ၀င်စား။ နွေမှဆောင်း၊ ဆောင်းမှမိုး ပြောင်းလဲနေသည်။ ပွတ်တိုက်ဖန်များသောကြောင့် အဆံတိုသွားသော အဖေ့၏ မပီမသ ခေါင်းလောင်းသံမှာ ဘယ်နှစ်ရွာကို ဖြတ်ပြီးပြီဆိုတာကိုလည်း ကျွန်မ သတိမထားမိတော့။ ကျွန်မ၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ စာကြိုးစားပြီး ဤရွာလေးကို စွန့်မည်။

++++++++++++++++++++++++

အဖေသည် အမေရှိစဉ်က ချုပ်ခဲ့သော အကောင်းဆုံးဟုထင်ရသော ပိတ်ကြမ်းအင်္ကျီကိုဝတ်လျှက် မိုးဦး၏ မီးရောင်မှိန်မှိန်အောက်တွင် ထိုင်နေသည်။ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးနှင့် ပါးစပ်မှ ၀ူးဝူးဝါးဝါး မပီမသပြောရင်း ဆီများပေကျံနေသော ငွေစက္ကူတစ်ထပ်ကို ကျွန်မလက်ထဲသို့ အတင်းထိုးထည့်နေသည်။ ထိုနေ့က ကျွန်မ အောင်စာရင်းထွက်သောနေ့ဖြစ်သည်။

တက္ကသိုလ်ကျောင်းသူဖြစ်တော့မည့် ကျွန်မကို ဂုဏ်ပြုသည့်အနေဖြင့် အဖေက ထမင်းစားပွဲလေးတစ်ခု ကျင်းပပေးခဲ့သည်။ ထမင်းစားနေစဉ် ဆွေမျိုးများရှေ့တွင် အဖေ့ပန်းကန်ထဲသို့ ဟင်းများကို ကျွန်မခူးထည့်ပေးလိုက်သည်။

“အဖေ ဟင်းတွေစားပါ” အဖေမကြားနိုင်မှန်းသိသော်လည်း ကျွန်မစိတ်ကိုခန့်မှန်းလို့ရသည် ထင်၏။ ဟင်းများကိုစားရင်း မျက်ရည်နှင့်အရက်ကို ရောပြီး အဖေမျိုချလိုက်သည်။ (၁၈)နှစ်အတွင်း ပထမဦးဆုံးမြင်ရသော ကျွန်မ၏ အဖေဟုခေါ်သော ပါးစပ်အမှုအရာကြောင့်ဖြစ်မည်။ ထိုညနေက အဖေသည် လက်ဟန်ခြေဟန်ဖြင့် စကားတွေများနေခဲ့သည်။ အဖေပျော်ပြီး မူးနေခဲ့သည်။

အဖေ အလုပ်ပိုကြိုးစားခဲ့သည်။ ဆီပေနေသော အကြော်ရောင်းရငွေများဖြင့် ကျွန်မကျောင်းပြီးသည်အထိ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သည်။ ကျောင်းပြီးတော့ ကျွန်မတို့ရွာနှင့် မိုင်ပေါင်း(၃၀)ခန့်ဝေးသောမြို့တွင် မူလတန်းပြဆရာမအဖြစ် အလုပ်ရခဲ့သည်။ အဆင်ပြေနေသားကျမှ ကျွန်မနှင့်အတူနေဖို့ အဖေ့ကို သွားရောက်ခေါ်ယူခဲ့သည်။ သမီးမိုက်၏ နောက်ကျမှသိလာသော အမှားများအတွက် အဖေ့ကို ၀န်ချတောင်းပန်ရဦးမည်။

ကျွန်မစီးသောကားမှာ ရွာမရောက်ခင် လမ်းခုလပ်တွင် တိမ်းမှောက်သွားခဲ့သည်။ သတင်းကြားကြားချင်း အဖေနှင့်အစ်ကိုများက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းရောက်လာခဲ့သည်။ အစ်ကိုနှင့်မရီးများက သွေးအလှိမ့်လှိမ့်ဖြင့် မေ့မြောနေသော ကျွန်မကို ပွေ့ဖက်ငိုလေသည်။ အဖေသည် သေလုမြောပါးဖြစ်နေသော ကျွန်မကိုပွေ့ချီပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အစ်ကိုများ၏ ပြောပြချက်အရ ပိန်လှီသောအဖေသည် ထိုအချိန်တွင် ကျွန်မကိုပွေ့ချီရာမှာ ခွန်အားပါလှသည်။ ဆေးရုံသို့ရောက်သော် ဆရာဝန်မှာ စစ်ဆေးမှုများပြုလုပ်ပြီး မြို့ဆေးရုံသို့ ပြောင်းစေခဲ့သည်။ အစ်ကို့ကိုလည်း ကျွန်မမှာကယ်တင်ဖို့ မရနိုင်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အသိပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မမှာ မေ့မြောနေဆဲဖြစ်ပြီး သွေးတိုင်း၍မရအောင် သွေးပေါင်များကျနေခဲ့သည်။

အဖေမှာ ကိုယ်လက်အမူအရာများဖြင့် ဆရာဝန်အား ကျွန်မကို ကြိုးစားကယ်တင်ဖို့ တောင်းဆိုနေသည်။

“ကြိုးစားကုသဖို့ ငွေတွေတော်တော်ကုန်လိမ့်မယ်။ ငွေကုန်တယ်ထားဦး သူ့အသက်ပြန်ရှင်ချင်မှ ရှင်လိမ့်မယ်”

ဆရာဝန်၏ ပြောစကားကို အစ်ကိုကလက်ဟန်ဘာသာစကားဖြင့် အဖေ့ကို ပြန်ပြောပြသည်။ ထိုစကားကိုကြားကြားချင်း အဖေသည် ဆရာဝန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက် ထရပ်လိုက်သည်။ အကြော်ကြော်သည့်ပုံစံ၊ ကောက်ရိတ်သည့်ပုံစံများကို လုပ်ပြသည်။ ဘာမှမရှိသောတော့ အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြပြန်သည်။ သဘောမှာ.....

ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ။ ကျွန်တော်အကြော်ရောင်း ကောက်ရိတ်ပြီးရတဲ့ ငွေတွေကို ဆေးဖိုးဝါးခပေးပါမယ်။ ကျွန်တော်သားတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ ငွေတွေကို ကျွန်တော်တို့ကြိုးစားရှာပါ့မယ်” ဆရာဝန်က ခေါင်းခါပြသည်။

အဖေမှာ အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြလိုက်၊ မြေကြီးကိုနင်းလိုက်၊ ရင်ဘတ်ကို ပုတ်ပြလိုက်နှင့် “အဲဒီငွေတွေ မလောက်သေးရင် ကျွန်တော့်အိမ်ကိုရောင်း၊ မြေကွက်ကိုရောင်းပြီး ပေးပါ့မယ်။ ကြိုးစားပြီး အသက်ကိုကယ်ပေးပါ။ လိုအပ်သလောက် ကျွန်တော်ပေးပါ့မယ်” ဆရာဝန်ကို ဘာသာပြန်ပြနေသော အစ်ကိုမှာ မျက်ရည်တွဲလဲနှင့်၊ သေဆုံးသူများစွာကို တွေ့ကြုံဖူးသော်လည်း နားထောင်နေသော ဆရာဝန်များနှင့် နပ်စ်များလည်း မျက်ရည်ဝဲလျှက်ရှိနေသည်။ သို့သော် အဖေလုံးဝ မျက်ရည်မကျခဲ့....

အဖေ၏ ကြီးမားသောမေတ္တာသည် ကျွန်မကိုကယ်တင်ဖို့ ဆရာဝန်များအား ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ကို ပေးခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ခန်းအပြင်ဖက်တွင် အဖေသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ခွဲစိတ်ပြီး ကျွန်မမေ့မြောနေခဲ့သေးသည်။ ဆရာဝန်များက ကျွန်မကို လက်လျှော့လိုက်လေပြီ။ သို့သော်အဖေမှာ မေ့မြောနေသော ကျွန်မဘေးတွင်ရှိနေခဲ့သည်။ လက်ကြမ်းကြီးနှင့် ကျွန်မမျက်နှာကို ပွတ်သပ်ပေးပြီး ပါးစပ်မှားလည်း ၀ူးဝူးဝါးဝါး ရေရွတ်နေသည်။

“သမီးလေး နိုးလာပါတော့ သမီးလေးရယ်.... အဖေစောင့်နေတယ် သမီးလေး”

ကျွန်မ ဆေးကုသဖို့အတွက် အဖေသည် ရွာတကာလှည့်ပြီး အကြော်ရောင်းခဲ့သည်။ အဖေ့အကြောင်းကို သိထားကြသူများက အဖေ၏ သမီးအပေါ်ထားသော ကြီးမားသောမေတ္တာကြောင့် အဖေ့ကို အားပေးကြသည်။ သမီးအသက်ရှင်ဖို့အတွက် အဖေ့ယုံကြည်မှုများက ပိုခိုင်မြဲခဲ့သည်။

တစ်လအကြာ မေ့မြောနေရာမှ ကျွန်မသတိပြန်လည်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်မတွေ့လိုက်သည်မှာက အရိုးပေါ်အရေတင်နေသော အဘိုးအိုတစ်ဦး၊ မျက်နှာမှာ အံ့သြ၀မ်းသာသော အရိပ်ဖြင့် ပါးစပ်ကြီးဟလျှက် တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဘိုးအိုတစ်ဦး၊ တစ်လအတွင်း ဆံပင်များ ဆွတ်ဆွတ်ဖြူကုန်ပြီး ပိုအိုစာသွားသော အဘိုးအိုတစ်ဦး...... ကျွန်မ၏ ဖခင်ဖြစ်သည်။ သားသမီးအပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာ၊ ငယ်စဉ်က အဖေ့အပေါ် ဆက်ဆံခဲ့သော ကျွန်မ၏ ရိုင်းပျသော အပြုအမှုများကို အမှတ်အတေး မထားတတ်သော အဖေ့၏ ခွင့်လွတ်တတ်သော စိတ်တွေကြောင့်ပင် ကျွန်မအသက် ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

+++++++++++++++++++++++++++

တစ်ခါတရံ ခေါင်းကိုက်တတ်သည်မှလွဲ၍ ကျွန်မပကတိ ကျန်းမာခဲ့သည်။ ကျန်ရှိနေသေးသော ဆေးဖိုးအကြွေးများကို အဖေနှင့်အတူ ကျွန်မတို့ ကြိုးစားဆပ်ခဲ့ကြသည်။ ကျွန်မအလုပ်လုပ်သော မြို့လေးတွင် အဖေကို ကျွန်မနှင့်အတူ နေစေခဲ့သည်။ အကြော်ဆက်မရောင်းရန် ပြောသော်လည်း မရောင်းရ မနေနိုင်သော အဖေ့အတွက် စက်ဘီးတစ်စီး ၀ယ်ပေးခဲ့သည်။ “ လူ အကြီး၏သမီး” ဟု အခေါ်ခံလှောင်ပြောင်ရမည်ကို ကျွန်မ မကြောက်တော့။ ထိုကဲ့သို့ အကြင်နာကြီးမားသော ဖခင်တစ်ဦးရှိခြင်းကို ကျွန်မ ဂုဏ်ယူမိနေသေးသည်။

အဖေ၏ စက်ဘီးပေါ်တွင် ကျွန်မအသံသွင်းထားသော စပီကာတစ်ခု တပ်ဆင်ပေးလိုက်သည်။ ကျွန်မ၏ ချိုသောသောအသံကို အဖေမကြားနိုင်သော်လည်း စပီကာခလုတ်ကို တစ်ချက်နှိပ်လိုက်တိုင်း အဖေသည် ခေါင်းမော့်ပြီး အားရကျေနပ်စွာ ပြုံးနေတတ်သည်။ ကျွန်မအသံနှင့်အတူ ရပ်ကွက်တကာလှည့်ပြီး ပျော်ရွှင်စွာ အကြော်ရောင်းနေတတ်သည်။

လူလူချင်းတွင် ချစ်ခြင်းမေတ္တာများသည် ကူးလူးဆက်ဆံနေကြသည်။ ကျွန်မတို့က ထိုချစ်ခြင်းမေတ္တာကို ခံစားနားလည်တတ်ဖို့ လိုသည်။ ခံယူမျှဝေတတ်ဖို့ လိုသည်။ ကြီးမားချိုသာသော မေတ္တာတေးသံမှာ အသံမဲ့ဖြစ်ကြောင်းကို ဆွံအနားမကြားသော ဖခင်မှ ကျွန်မသင်ယူခဲ့ရသည်။ ထိုအသံမဲ့တေးသံ၏ ခွန်အားကို သံသယရှိနေစရာ မလိုပေ။ ထိုခွန်အားမှာ ကျွန်မအား ပါးစပ်မှ ၏ထုတ်ဖော်ပြောမပြနိုင်သော ဖခင်တစ်ဦး၏ သားသမီးအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်အောင် အမြင့်ဆုံးသို့ တွန်းပို့ပေးခဲ့သည်။

“အနားပဲ့သောနေရာကိုမကြည့်ခဲ့လျှင် ဖန်ခွက်တိုင်းသည် ၀ိုင်းစက်နေ၏။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိတတ်ကြသည်။ ထိုအားနည်းချက်ကို လျစ်လျူရှူသော် လူတိုင်းသည် လူကောင်းဖြစ်၏”


ဟိုး..စာတွေ စရေးစမှာ ဘာသာပြန်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ.. FB မှာ ပြန်မျှဝေပါတယ်။ အဲဒီတုန်းက မြန်မာလက်ကွက်ရိုက်တတ်စမို့ စာလုံးပေါင်းတွေ တော်တော်မှားပါတယ်.. သည်းခံပေးပါ..

နိုင်းနိုင်းစနေ (Friday, April 28, 2006)


· · Share

လတ်လတ်ဆက်ဆက်ကြက်ကင်

                                                                

Wednesday, September 21, 2011



တစ်ကယ်တော့လူဆိုတာ……….မျှော်လင့်ချက်တစ်ခုအတွက်အသက်ရှင်နေတာမဟုတ်…..
အသက်ရှင်နေသမျှ….မျှော်လင့်နေကြတဲ့သူတွေပါ…..
လူတိုင်း ..လူတိုင်း…….ပြီးပြည့်စုံသောဘ၀နဲ့ ချမ်းသာခြင်း..ဂုဏ်ရှိန်ဒြပ်တွေကို..တတ်မတ်ကြလေရဲ့
အမှန်တော့ဟုတ်တယ်….လူရယ်လို့ ဖြစ်လာရင်….လိုအင်ဆန္ဒတွေအနှိုင်းမဲ့ပါ…
ဒါတွေအားလုံးပြီးပြည့်စုံဖို့ ဆိုတာ….လမ်းများများလျှောက်…ခလုပ်များများတိုက်…မင်း ခြေမတွေ
ယောင်ကိုင်းသွားပစေ…..ကိုယ့်ခရီးကိုယ်သွား….. ကိုယ့်ပန်းတိုင်ကိုယ်ရောက်…..မင်းကိုယ်မင်းပေး
တဲ့ဆုတွေမှာ အနည်းဆုံးတော့ ….မင်း…ဇွဲဆုတော့ရလောက်ပါရဲ့..


BOBO 11:36 pm

သြဂုတ်လ (၁၄) ရက်နေ့က ကန်တော်ကြီးဥယျာဉ်မှာ မိဘမဲ့ကလေးငယ်များနဲ့အတူ ပျော်ရွှင်စွာ မွေးနေ့ပွဲ ဆင်နွှဲခဲ့တဲ့ ၀တ်မှုံရွှေရည် ....


Cute Hmone Hmone Celebrating Her Birthday Happil




Myanmar Orphans @ Wutt Hmone Shwe Yi's Birthday


Wutt Hmone's Donation for Orphans






Wutt Hmone Shwe Yi's Happy Birthday Event
14 August 2011
@ Kandawgyi Park, Yangon
Photo By Mya Nandar Tun

Photos of MyanmarCelebrity.Com

သြဂုတ်လ (၁၄) ရက်နေ့က ကန်တော်ကြီးဥယျာဉ်မှာ မိဘမဲ့ကလေးငယ်များနဲ့အတူ ပျော်ရွှင်စွာ မွေးနေ့ပွဲ ဆင်နွှဲခဲ့တဲ့ ၀တ်မှုံရွှေရည် ....

Myanmar Celebrities' Gossip, News, Video, Photo, Fashion and Entertainment: Celebrity Fashion: Nwe Nwe Tun in Sexy Red

Myanmar Celebrities' Gossip, News, Video, Photo, Fashion and Entertainment: Celebrity Fashion: Nwe Nwe Tun in Sexy Red: မော်ဒယ် နွယ်နွယ်ထွန်း ရဲ့ Celebrity Fashion Here are hot fashion photos of Myanmar Model Nwe Nwe Tun in Sexy Red Fashion Dress. Model N...

မြန်မာ့ ဘောလုံး အဆင့်အတန်း နိမ့်ကျလာမှု ဘယ်သူ့တာဝန်လဲ


ဘောလုံးကစားနည်းမှာ မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဗြိတိသျှများက မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် ၁၈၈၅ နောက်ပိုင်းတွင် ပြိုင်ပွဲများကို စနစ်တကျ ကျင်းပနိုင်ခဲ့ကြောင်း အထောက်အထားများမှာ
တွေ့ရှိရတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်မှာ  မြန်မာဘောလုံး အသင်းဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် မပြောနဲ့ အာရှဖလားပွဲမှာတောင် အောင်မြင်မှုတွေနဲ့ ဝေးနေခဲ့ရတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ သမိုင်းမှာ မှာ လူဦးရေ နှစ်သန်းကျော်သာရှိတဲ့ ဆိုဗေးနီးယား ( Solvenia)၊ ကို့ထ်ဒီဘွား
(Côte d'Ivoire)၊ ဂါနာ နိုင်ငံငယ်တွေဟာ ခြေစစ်ပွဲတွေ အောင်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်အတွင်း
နာမည်ကြီး အသင်းကြီးတွေနဲ့ ကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့ကြလို့ နိုင်ငံတကာ ဘောလုံး ဝါသနာရှင်တွေကတောင် အံသြစွာ အသိအမှတ်ပြု ခဲ့ကြရတယ်။ လူဦးရေ ၃ သန်းကျော်သာရှိတဲ့ ဥရုဂွေး ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား ပိုင်ရှင်ဖြစ်ခဲ့ယုံ သာမက ကမ္ဘာ့ဖလားခြေစစ်ပွဲ  အများဆုံး အောင်နိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်။

တချိန်က မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အာရှမှာ နာမည်ရ၊ အသိအမှတ်ပြု ခံခဲ့ရတဲ့
မြန်မာ့ဘောလုံး အသင်းဟာ ယနေ့တော့ အရှေ့တောင်အာရှ ဘောလုံးလောကမှာတောင် အနိမ့်ဆုံး အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါပြီ။
myanmarselection1
ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြသော ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲ အိုမန်နှင့် မြန်မာ ဒုတိယအကျော့ ပွဲစဉ်တွင် လာရောက် အားပေးကြသော မြန်မာဘောလုံး ပရိတ်သတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။

မြန်မာဘောလုံး သမိုင်းမှတ်တိုင်များ

အချက်အလက်ပိုင်းဆိုင်ရာနဲ့ ပြန်လည်သုံးသပ် ကြည့်မယ်ဆိုလျှင် ၁၉၄၇ မှ ၁၉၅ဝ အကြားတွင် မြန်မာ့ဘောလုံးဟာ နည်းပညာနှင့် ရွေးချယ်မှုပိုင်းဆိုင်ရာမှာ စနစ်ကျလာခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများကို စတင်ကျင်းပနိုင်ခဲ့တယ်။ ထို ၁၉၅၂ မှာပင် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA မှ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံ ခဲ့တယ်။ မြန်မာနိုင်ငံလက်ရွေးစင် ဘောလုံးအသင်းဟာ ၁၉၆၅ မှ ၁၉၇၃ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဘောလုံး ပြိုင်ပွဲများတွင် ငါးကြိမ်ဗိုလ်စွဲခဲ့ပါတယ်။

၁၉၆၆ နှင့် ၁၉၇ဝ အာရှအားကစားပြိုင်ပွဲတွင် ပထမရရှိခဲ့ပြီး ၁၉၆၈ အာရှဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ပါတယ်။ ၁၉၆ဝ နှင့် ၁၉၇ဝ ပြည့်နှစ်ကျော်ကာလများမှ အာရှဒေသတွင်း ပြိုင်ပွဲများဖြစ်တဲ့ ပတ်ချုံဟီးဖလား (တောင်ကိုရီးယား)၊ လွတ်လပ်ရေး ဖလား (အင်ဒိုနီးရှား)၊ မာဒေးကားဖလား (မလေးရှား)တို့တွင် အောင်မြင်မှုများ ဆက်တိုက်ရရှိ နိုင်ခဲ့ သည်။

ယနေ့ခေတ် မြန်မာဘောလုံး အခြေအနေ

ယနေ့ခေတ် မြန်မာဘောလုံးအသင်း အောင်မြင်မှုဟာ သမိုင်း အချက်အလက်အားဖြင့် မဆလ ခေတ်ကထက် အခြေအနေဆိုးရွား နေတာတွေ့ရတယ်။  မြန်မာ့ဘောလုံး ဝါသနာရှင်များ၊ ဘောလုံး စိတ်ဝင်စားသူများ အားလုံး ဒီအချက်ကို လက်ခံထားကြတယ်။ ယခုအခါမှာ နိုင်ငံတကာ ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ခွင့်တွေကိုပါ ဆုံးရှုံးရတော့မယ့် အနေအထားသို့ ရောက်ရှိလာနေတာကို တွေ့ရတယ်။

မဆလခေတ်မှာ အဆင့်ဆင့် ရွေးချယ်ခဲ့မှုတွေကြောင့် စိုင်းကက်နက်၊ ခွန်ကျော့ဖေ၊ ရွှေဘော်၊ ပေါက်စီ၊ အောင်စံဖြိုး၊ စိုးမိုးကျော်တို့ဟာ တိုင်းနှင့် ပြည်နယ် အသီးသီးကနေ နိုင်ငံကျော် လက်ရွေးစင် အကျော်အမော်တွေ ဖြစ်လာခဲ့သလို၊  အရှေ့တောင်အာရှမှာ လူသိများခဲ့တဲ့ စိန်ဝင်းကြီး၊ စိန်ဝင်းလေး၊ အေးမောင်ကြီး၊ အေးမောင်လေး၊ မောင်မောင်နု၊
မောင်မောင်တင်၊ တင်ဌေးစတဲ့  ဘောလုံးသမားတွေ ကြောင့်လည်း  မြန်မာနိုင်ငံမှာ ဘောလုံးအားပေးသူတွေ၊ စိတ်ဝင်စားသူတွေ ပိုမိုများပြားလာခဲ့တယ်။

ဒါပေမဲ့လည်း မဆလခေတ်မှာ အစိုးရပိုင်းက လုံလောက်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံအားပေးမှုတွေ ၊ မက်လုံးပေးမှုတွေ မရှိခဲ့တာကြောင့် မြန်မာ့ဘောလုံးဟာ အရှေ့တောင်အာရှ ဘောလုံးလောကမှာတင် ရပ်တန့်ခဲ့ရပြန်တယ်။

မြန်မာဘောလုံး သမိုင်းလောကကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ဘောလုံးကစားချင်တဲ့ လူငယ်တွေ အများကြီး ရှိခဲ့တယ်၊ ကစားခွင့် မရခဲ့ဘူး။ အများစုက ကျောင်းသူ ကျောင်းသားတွေနဲ့ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြ
တဲ့ လူငယ်တွေပါ။ ထိခိုက်ဒဏ်ရာရလျှင် ဆေးဝါးခ မရှိတာကတကြောင်း၊ အိမ်မှာ ဆန်ဆီမရှိ၊ ဘောကန် အသုံးအဆောင် ပစ္စည်းများ ဝယ်ယူဖို့ ငွေကြေးမရှိ၊  ဘောလုံးလေ့ကျင့်မှု စရိတ် မတတ်နိုင်မှု တွေကြောင့် ဘောလုံး
လောကကို စွန့်ခွာသွားခဲ့ရသူတွေ ဒုနဲ့ဒေးပါ။

ယနေ့ခေတ်မှာတော့ တောမြို့၊ နယ်ပယ်တွေထား၊ ရန်ကုန်မြို့မှာတောင် တချို့နေရာ တော်တော်များများမှာ ကလေး ကစားကွင်းတွေဟာ Night clubs တွေအဖြစ် ပြောင်းလဲသွားတာ တွေ့ရတယ်။ ကလေးတွေ၊ လူငယ်တွေအတွက်
တော့ ကစားစရာ၊ လေ့ကျင့်ရာ ကစားကွင်းတွေတောင် မရှိဖြစ်နေတယ်။ မြို့တိုင်း နယ်တိုင်းမှာ ဘောလုံးကွင်းတွေ မှာ မြေကွက်လပ်တွေမှာ တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။

ဘောလုံးကွင်းတွေဟာ ရပ်ကွက်၊ အဆောက်အအုံတွေ ဖြစ်လာတယ်။ ဘောလုံးပွဲမရှိဘဲ၊ နီးစပ်ရာ ရွေးချယ်တဲ့
ဘောလုံးရွေးချယ်မှုတွေ ဖြစ်လာတယ်။ နိုင်ငံတော်က အားကစားအတွက် သုံးစွဲမှုတွေမှာ နည်းပါးလာခဲ့သည့် အပြင်၊ နဂိုရှိပြီးသား အခြေအနေတွေပါ တနေ့ထက် တနေ့ ဆုံးရှုံးလာနေတာ တွေ့ရတယ်။ နည်းပညာဆိုင်ရာ၊ နိုင်ငံ
ကိုယ်စားပြု အားကစားသမားများ ကို ရွေးချယ်မှုဆိုင်ရာ စံနှုန်းစံထားများ၊ အားကစားသမားများ အား ပညာပေးမှု ဆိုင်ရာ တွေမှာလည်း နိုင်ငံတော်က လုံလောက်စွာ ရင်းနှီးမြှုပ်နှံမှု၊ မရှိတာတွေ့ရတယ်။ တနည်းအားဖြင့် စနစ်တကျ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင် ရွေးချယ် လေ့ကျင့်သင်ကြားပေးမှု အားနည်းနေတာ တွေ့ရတယ်။

ကမ္ဘာ့အဆင့် အတန်းမှာ နိမ့်ကျ သွားခဲ့တဲ့ မြန်မာ့ဘောလုံး

မြန်မာ့ဘောလုံး ဘာကြောင့် တဖြည်းဖြည်း နိမ့်ကျလာခဲ့သလဲ။

၁) အကျင့်ပျက် ခြစားမှုများရှိနေခြင်း၊

၂) စနစ်တကျ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဆင့်ဆင့် ပြုစုပျိုးထောင် ရွေးချယ်
    လေ့ကျင့်သင်ကြား ပေးမှုမရှိခြင်း၊


၃) အားကစားမှာ အစိုးရပိုင်းက လုံလောက်စွာ ရင်းနှီးမြှုပ်နှံမှု မရှိခြင်းလို့

မြန်မာ့ဘောလုံးအားကစား သမိုင်းကြောင်းကို လေ့လာနေသူတွေက တညီတညွတ်တည်း ပြောဆိုခဲ့ကြတယ်။

မြန်မာ့ဘောလုံး အသင်းကို  ၁၉၈၇ ခုနှစ် က ၂၀၀၄ ခုနှစ်ထိ စီမံအုပ်ချုပ်ခဲ့သူက နအဖ စစ်ဗိုလ်မှူးကြီးတွေပါ။ သူတို့ လက်ထပ်မှာ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး သာမက အားကစားရေးရာတွေမှာပါ နိုင်ငံတကာနဲ့ ယှဉ်လျှင် ဘာမှ
အောင်မြင်မှု မရရှိခဲ့ပါဘူး။

တနည်းအားဖြင့် ဦးဆောင်မှုပိုင်း ညံ့ဖျင်းမှု၊ တာဝန်ယူမှု မရှိခြင်းကြောင့်  မြန်မာ့ဘောလုံး အဆင့်အတန်း နိမ့်ကျလာ ခဲ့တယ်။ ပုဂ္ဂိုလ်ရေးအရ နီးစပ်ရာ လူများကိုသာ စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာတွေမှာ မှားယွင်းစွာ ရွေးချယ်ခဲ့မှုများ၊
မြန်မာ ဘောလုံး စီမံခန့်ခွဲ အုပ်ချုပ်မှုပိုင်းမှာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက် ရောထွေးမှုတွေ ရှိနေမှုများကြောင့် စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာ အရည်အချင်းရှိတဲ့သူများ နည်းပါးလာခြင်း ဟာလည်း မြန်မာ့ဘောလုံး မအောင်မြင်ရခြင်းရဲ့  အဓိကအကြောင်းအရင်း ဖြစ်လာခဲ့ရတယ်။
fifaandzawzaw
ဘောလုံးနှင့် နိုင်ငံရေး

ပြီးခဲ့တဲ့ မတ်လပိုင်း က  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ကာ   မြန်မာဘောလုံးအသင်းဥက္ကဋ္ဌ မက်စ် ဇော်ဇော်၏ စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် ကိုလည်း တွေ့ဆုံခဲ့သည်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အားကစားပွဲတွေကို ကျင်းပလာနိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ တိုးတက်
ပြောင်းလဲမှုတွေ ရှိလာနေပြီဖြစ်ကြောင်း မြန်မာဘောလုံးကို နိုင်ငံရေးအရ လက်နက်သဖွယ် အသုံးချဖို့ ပြသရန် ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့လည်း နိုင်ငံရေး ပြဿနာတွေ၊ စီးပွားရေးရေး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ မြန်မာနိုင်ငံမှာ
နိုင်ငံတကာ အဆင့်မှီ အားကစားပွဲတွေကို ကျင်းပနိုင်တဲ့ စံချိန်စံနှုန်းအဆင့် တကယ်တော့ မရှိသေးပါဘူး။

ဒါကို သိသိနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာကို အသုံးချခဲ့တာ တွေ့ရတယ်။  မြန်မာ၊ အိုမန် ပွဲဖြစ်စဉ်ကို ဆန်းဆစ် ကြည့်ခြင်းအားဖြင့် လက်ရှိ နိုင်ငံရေး ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ
နိုင်ငံတကာ အားကစားပွဲတွေ ကျင်းပရန် မသင့်တော် သေးကြောင်း၊ နိုင်ငံတကာ အဆင့်မီဖို့ အခင်းအကျင်းနှင့်
စီမံခန့်ခွဲ အုပ်ချုပ်မှု ပိုင်ဆိုင်ရာတွေမှာ ညံ့ဖျင်းမှုတွေရှိနေကြောင်း နိုင်ငံတကာ သတိထား မိလာကြတယ်။

ဒီနေရာမှာ လိုင်စင်ရ ဝိသမ စီးပွားရေးသမား ဆိုတာကတော့ ဈေးကွက်တခုလုံးကို အာဏာပိုင်နဲ့ ပေါင်းပြီး ကိုယ်ကျိုး ရှာသူကို ဆိုလိုတာဖြစ်တယ်။ သူတို့ဟာ မြန်မာ့ဘောလုံးအပြင် စီးပွားရေးလောက တခုလုံး၊  ဈေးကွက် တခုလုံးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရလာတဲ့အတွက် အဆမတန် ကြွယ်ဝချမ်းသာလာတဲ့ ခေတ်ပျက်သဌေးတွေ မျှသာ
ဖြစ်ပါတယ်။

လူတယောက်ဟာ စီးပွားရေး လုပ်တာဟာ ကောင်းပါတယ်။ မကောင်းတာကတော့ လူတယောက်တည်းကို အခွင့်အရေးတွေပေးပြီး ကျန်တဲ့သူတွေကို ညီမျှတဲ့ အခွင့်အလမ်းတွေ မပေးခြင်း ဖြစ်ပါတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် (Monopoly ) ထားခြင်းသာ ဖြစ်တယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း မြန်မာပြည်သူတွေက ဒီလိုမညီမျှတဲ့၊ တရားမျှတမှုမရှိတဲ့ စနစ်ကို တိုက်နေခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ မြန်မာဘောလုံးအသင်း တကယ်အောင်မြင်မှုတွေ ရယူလိုချင်သလား။ ဝိသမ စီးပွားရေး သမား ခိုးသားငါးရာ  မြန်မာ့ဘောလုံးလောကကို ငွေကြေးအင်အားသုံးပြီး အပန်းဖြေ အသုံးတော်ခံ စီမံခန့်ခွဲမှု ပြုလုပ်
နေမှုကို  အစိုးရတရပ်အနေဖြင့်   ဆက်လက်ခွင့်မပြုသင့်ပါလို့ပဲ အကြံပေးပါရစေ။

နိုင်ငံတကာမှာ  အဆင်နိမ့်ကျလာနေတဲ့ မြန်မာဘောလုံး  အောင်မြင်မှုတွေ တက်လှမ်းနိုင်ဖို့အတွက် နိုင်ငံတော်
အစိုးရ တရပ်အနေဖြင့် စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ အမှားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသရွေ့လည်း မြန်မာ့
ဘောလုံးအနာဂတ်မှာ ဆုံးရှုံးမှုတွေနဲ့ ဆက်လိုက်ရင်ဆိုင် နေရပါလိမ့်မယ်။

“မီဒီယာ ကျန်းမာရေးကောင်းမှ တိုင်းပြည် ကျန်းမာရေးကောင်းမယ်”

ယခင်တပတ်က ပြည်သူလွှတ်တော် အမတ် ဦးသိန်းညွန့်၏ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် အဆိုကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်းဇာတ် ဥပမာပေး၍ ဖြေကြားခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့် ဆက်နွှယ်၍ ပြည်တွင်းမီဒီယာ အခင်းအကျင်း၊ ပြည်ပမီဒီယာများ၏ အခန်းကဏ္ဍ၊ ပြည်တွင်းပြည်ပ မီဒီယာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပ မီဒီယာ များအနေဖြင့် ပြည်တွင်းတွင် ပြန်လည် အခြေစိုက်ရန် ရှိ၊ မရှိ စသည်တို့ကို ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်အား မေးမြန်းထားပါသည်။

Aung_Zaw_metalဧရာဝတီ မဂ္ဂဇင်းသည် ပြည်ပအခြေစိုက် မဂ္ဂဇင်း တစောင်ဖြစ်ပြီး မြန်မာပြည်နှင့် ပတ်သက်သည့် ပြည်သူလူထု သိသင့်သော၊ သိချင်သော သတင်းများကို နှစ်ပေါင်း ၂၀ နီးပါး ဖော်ထုတ် ရေးသားနေသည့် မဂ္ဂဇင်းဖြစ်သည်။ ယခုအခါ ဧရာဝတီ မြန်မာပိုင်း ဝက်ဘ်ဆိုက် နှင့် ဘလော့ဂ်အား ကမ္ဘာ အရပ်ရပ်မှ ကြည့်ရှုသူ ဦးရေများစွာ တိုးတက်လျှက်ရှိသည်။ ကိုအောင်ဇော်သည် ဧရာဝတီ မဂ္ဂဇင်းကို ထူထောင်ခဲ့သူဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက် ခဲ့မှုကြောင့် ၂၀၁၀ ပြည့်နှစ်အတွက် Prince Claus Award ဆု ချီးမြှင့်ခြင်း ခံရသည်။ ဤဆုကို နယ်သာလန်အခြေစိုက် Prince Claus Fund က ၁၉၉၇ ခုနှစ်မှ စတင်၍ အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကာရစ်ဘီယံ ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်သည်။

မေး။     ။ အရင်တပတ်က လွှတ်တော်ထဲမှာ ဝန်ကြီး ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်းဇာတ်ကို အချိန်အကြာကြီးပြောပြီး မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အဆိုကို ဖြေသွားတဲ့အပေါ် ဘယ်လို ထင်ပါသလဲ။

ဖြေ။     ။ တကယ်ဆိုရင်တော့ ဆဒ္ဒန်ဆင်မင်းဇာတ် ပြောနေမယ့်အစား မင်းတုန်းမင်း အကြောင်းပြောသင့်တာ။ ၁၈၇၅ ခုနှစ်မှာ မင်းတုန်းမင်းက ရတနာပုံနေပြည်တော် သတင်းစာ ထုတ်ဝေခွင့်ပေးခဲ့တယ်။ ထုတ်ဝေတဲ့ အခါမှာလည်း သူက မြန်မာပြည်မှာ ပထမဆုံး အစောဆုံးလို့ပြောလို့ရတဲ့ သတင်းစာလွတ်လပ်ခွင့် ဥပဒေ ထုတ်ပေးခဲ့တယ်။ အချက် ၁၇ ခုပါတယ်။ တခုကတော့ အားလုံးက အခုထက်ထိ မှတ်မှတ်ထင်ထင် ပြောနေတာရှိတယ်။ ဒါ သက်ဦးဆံပိုင် ဧကရာဇ် တပါးက ထုတ်ပေးခဲ့တာနော်။ တခုက ငါမကောင်းရင် ငါ့အကြောင်းရေး၊ ငါ့မိဘုရားတွေ မကောင်းရင်၊ ငါ့သားတော် သမီးတော်တွေ မကောင်းရင်လည်း ဝေဖန်ရေးသားလို့ ရတယ်၊ နန်းတော်ထဲကို သတင်းစာသမားတွေ တံခါးမရှိ၊ ဓားမရှိ ဝင်စေထွက်စေလို့ မင်းတုန်းမင်းကြီးက ပြောခဲ့တယ်။ ဒါ ၁၉ ရာစုမှာ အတော်ခေတ်မီတဲ့၊ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အလွန်အမြော်အမြင်ကြီးတဲ့ ဥပဒေလို့ ပြောလို့ရတယ်။

ဒီတော့ ဆဒ္ဒန်ဆင်မင်း ကိစ္စကိုပြောပြီး သတင်းစာလွတ်လပ်ခွင့်ကို ပြောနေမယ့်အစား မင်းတုန်းမင်းကြီးအကြောင်းကို လွှတ်တော်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုဆွေးနွေးပြီးတော့ သတင်းစာ လွတ်လပ်ခွင့် ချပေးသင့်တယ်လို့ ကျနော် အကြံပြုချင်တယ်။

မေး။      ။ ပြည်တွင်းက မီဒီယာ အခင်းအကျင်း၊ အခန်းကဏ္ဍ ဘယ်လို ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ အကြောက်တရားနဲ့ မီဒီယာသမား၊ စာနယ်ဇင်းသမားတွေကို မချုပ်ကိုင်ပါနဲ့လို့ ပြောချင်တယ်။ ဆင်ဆာဘုတ်ဆိုတာ မြန်မာပြည်မှာ မရှိသင့်တော့ဘူးလို့ ထင်တယ်။ ၁၉၅၀၊ ၆၀ ကာလတွေမှာ မြန်မာပြည်ဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အရှေ့တောင်အာရှမှာ ချုပ်ထိန်းမှု အနည်းဆုံးလို့ ဂုဏ်ယူပြီး ပြောလို့ရပါတယ်။ အဲဒီအချက် တွေထဲမှာ ဆိုရင်လည်း ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ သတင်းစာ ဆရာကြီးတွေဟာ ရှေ့ဆုံးက ခုံတွေမှာ ခြေချိတ်ထိုင်ပြီး တကယ့်ကို ဝေဖန်ထောက်ပြတဲ့၊ Accountable ဖြစ်ဖြစ်နဲ့ Check and Balance ဖြစ်တဲ့ မေးခွန်းတွေ မေးခွင့်ရှိတယ်။ ရေးခွင့်လည်း ရှိတယ်။ ခေါင်းကြီးတွေ ရေးခွင့်ရှိတယ်။ ဒါပေမယ့် ဦးနေဝင်း လက်ထက်က စပြီး ဒါတွေဟာ မရှိတော့ဘူး။ စစ်အစိုးရလက်ထက်မှာ ဒါတွေဟာ ပိုဆိုးခဲ့တယ်။ ပိုဆိုးတဲ့အပြင် သတင်းထောက်တွေ၊ စာရေးဆရာတွေ၊ အမှန်တရားကို ဖော်ထုတ် ရေးသားတဲ့ သူတွေ၊ ဘလော့ဂါတွေ၊ VJ တွေ သူတို့တွေ အကုန်လုံးကို ထောင်သွင်း အကျဉ်း ချခဲ့တယ်။ အခုထိ ထောင်ထဲမှာ နေနေရတဲ့သူတွေ ရှိသေးတယ်။ သူတို့ကို လွှတ်ပေးဖို့ လိုသလို၊ မြန်မာပြည်မှာလည်း သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အဝ ပေးဖို့ လိုအပ်တယ်လို့ ထင်တယ်။

ဒါပေမယ့် ပြည်တွင်းက အခင်းအကျင်းကို ပြောပါဆိုရင် သမ္မတကိုယ်တိုင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင် အရေးပါမှုကို အသိအမှတ်ပြု ပြောခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုရင် သတင်းစာ လွတ်လပ်ခွင့်ရှိဖို့လိုတယ်။ ဒါကြောင့် စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍ၊ စတုတ္ထမဏ္ဍိုင်ရဲ့ ကျန်းမာရေး ကောင်းဖို့လိုတယ်လို့ ကျနော်မြင်တယ်။ တိုင်းပြည်ရဲ့ နား၊ မျက်စိဟာ မီဒီယာဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကိစ္စတွေကို အမှန်အတိုင်းသုံးသပ် တင်ပြဖို့က ကျနော်တို့ရဲ့ တာဝန်ပါ၊ ကျနော်တို့ရဲ့ တာဝန်ကို ကျနော်ကို လွတ်လွတ်လပ်လပ် လုပ်ပါရစေ၊ အထဲကလူတွေကို လုပ်ခွင့် ပေးပါလို့ ကျနော်တော့ တောင်းဆိုချင်တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ တောင်းယူရတာမျိုးမဟုတ်ဘူး၊ တိုက်ယူရတာ လို့ ကျနော်မြင်တယ်။

နောက်ပြီး ကျနော်ပြောချင်တာက မြန်မာပြည်ကို သွားပြီး မြန်မာပြည်ထဲကလူတွေကို ကူညီမယ်ဆိုတဲ့သူတွေကလည်း မြန်မာလူမျိုး မီဒီယာသမားတွေ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာတွေလုပ်နေတယ် ဆိုတာ သိဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ဘဲ သူတို့ကို သွားပြီး Preach လုပ်တာမျိုး၊ Lecture ရိုက်တာမျိုး မလုပ်သင့်ဘူး။ ပြည်တွင်းက မီဒီယာ သမားတွေမှာလည်း Vision ရှိတယ်ဆိုတာ သိသင့်တယ်။

မေး။     ။ ပြည်တွင်းမီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေ ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် ဘာတွေ ပူးပေါင်းလုပ်ဆောင်နိုင်မလဲ။

ဖြေ။      ။ ကျနော်ထင်တယ်၊ ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေဟာ အလုပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ အများကြီး ရှိနေတယ်။ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ မှာဆိုရင် ပိုပြီး အားကောင်းလာတယ်။ တဘက်တချက် မှာရှိနေတဲ့ ကွက်လပ်တွေ၊ ကွာဟချက်တွေ ပိုပြီး ကျဉ်းသွားတယ်။ မယုံကြည်မှုတွေ ပိုလျော့လာတယ်၊ ယုံကြည်မှုတွေ နားလည်မှုတွေ ပိုတိုးလာတယ်။ အပြင်ကလူတွေရဲ့ အခန်းကဏ္ဍတွေကို အထဲကလူတွေက ပိုပြီး နားလည်လာသလို၊ အထဲကလူတွေရဲ့ အခန်းကဏ္ဍတွေကို အပြင်ကလူတွေက၊ ကျနော်တို့က အများကြီး နားလည်လာတယ်။ ၂ ခုပေါင်းမှ တခုဖြစ်တယ်လို့ ကျနော်မြင်တယ်။ အထဲက မရေးနိုင်တာ တွေကို ကျနော်တို့ အပြင်က ရေးရတယ်၊ အထဲက ဖုံးတာတွေကို အပြင်က ဖော်ထုတ်ရတာဖြစ်တယ်။ ဒါကြောင့် အထဲနဲ့ အပြင်မှာ ရှိနေတဲ့ မီဒီယာသမား အချင်းချင်းတွေ စိတ်တူကိုယ်တူ ပူးပေါင်းတာတွေ ရှိလာတာ တွေ့ရတယ်။

irr-page-views
ဧရာဝတီမဂ္ဂဇင်း ဝက်ဘ်ဆိုက်များအား ဝင်ရောက်ကြည့်ရှုနှုန်း အခြေပြဇယားနှင့် မြေပုံ

တချိန်တည်းမှာပဲ အစိုးရက ဖန်တီးထားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရရဲ့ အာဘော်တွေကို ပြောဆို ရေးသား ပေးနေရတဲ့ သူတွေ၊ ဝါဒဖြန့်စာသားတွေ အတိုင်း လိုက်ရေးနေရတဲ့ သူတွေလည်း အများကြီးရှိတာကို ကျနော်တို့တွေ့ရတယ်။ အဲဒီလို လူတွေအစား အမှန်တရားကို လေးစားတဲ့သူတွေ၊ လွတ်လပ်တဲ့ မီဒီယာကို ယုံကြည်တဲ့ သူတွေလည်း အထဲမှာ အများကြီး ရှိတယ်လို့ ကျနော်တော့ မြင်တယ်။ သူတို့တွေကို အထဲကကော အပြင်ကပါ အကူအညီတွေ အများကြီး ပေးဖို့ လိုတယ်။ တကယ်တော့ ပြည်တွင်းမီဒီယာ အခင်းအကျင်းက မဆိုးပါဘူး၊ အားရစရာ ကောင်းပါတယ်။ ဒါပေမယ့် စိတ်ပျက် စရာ ကောင်းတာက ဘာလဲဆိုတော့ အစိုးရဘက်က ကိုင်တွယ်ထိန်းချုပ်နေတာ၊ ဆင်ဆာဘုတ်တွေ ထားနေတာ အားရစရာ မရှိဘူးလို့ ကျနော်တော့ မြင်တယ်။

တခုထူးခြားတာက ကျနော်တို့ ဝက်ဘ်ဆိုက်ဆိုရင် လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကစပြီး ပြည်တွင်းမှာ ကျော်စရာ ခွစရာမလိုဘဲ ဝင်လို့ရတယ်လို့ ကြားရတယ်။ ဒါဟာ Official Policy ဆိုရင် ကျနော်တို့ ကြိုဆိုတယ်။ ဒါမှမဟုတ်ဘဲ ခေတ္တခဏ ဖွင့်ပေးတာလား ဆိုတာ သိချင်တယ်။ ကျနော်ကတော့ ပြည်တွင်းမှာ ကျနော်တို့ ဝက်ဘ်ဆိုက်တွေကို Ban မလုပ်ဖို့ တောင်းဆိုချင်တယ်။

မေး။     ။ အခုဆိုရင် ပြည်တွင်းမှာရှိတဲ့ ပုံနှိပ်ထုတ်ဝေတဲ့ မီဒီယာကို စာပေစိစစ်ရေးက ထိန်းချုပ်နေပေမယ့် တချို့ အပိုင်းတွေမှာ နည်းနည်း လွတ်လပ်မှုပေးလာတာ တွေ့ရတယ်။ ဥပမာ - တချို့ မီဒီယာတွေရဲ့ အွန်လိုင်း စာမျက်နှာ တွေဆို အချိန်နဲ့ တပြေးညီ သတင်းဖော်ပြနေတယ်။ အသံလွှင့်မီဒီယာတွေ၊ ရုပ်သံလိုင်းတွေလည်း တိုးချထားပေးနေတယ် ဆိုတော့ ပြည်ပ မီဒီယာဆိုတာ ရှိဖို့ လိုပါဦးမလား။

ဖြေ။     ။ ပြည်ပမီဒီယာရဲ့ အခန်းကဏ္ဍက အများကြီးရှိတယ်လို့ ကျနော်တော့ ထင်တယ်။ တခြား မီဒီယာတွေ ခဏထားပြီး RFA၊ BBC၊ VOA စတဲ့ ရေဒီယိုတွေရဲ့ မြန်မာပိုင်း အစီအစဉ်တွေက ပြည်တွင်းမှာ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေ၊ အတိုက်အခံတွေ၊ သာမန်ပြည်သူတွေ အကုန်နားထောင်နေရဆဲ ဖြစ်တယ်။ ဒါ့အပြင် ဒီနေ့ DVB လို ရုပ်သံကို ဆိုရင်လည်း အထဲက ကြည့်နေရတုန်း ဖြစ်တယ်။ ဧရာဝတီ အပါအဝင် ပြည်ပ မီဒီယာတွေရဲ့ မြန်မာပိုင်း ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ ဆိုရင်လည်း အထဲက ကြည့်နေရဆဲ ဖြစ်တယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် အထဲမှာ ကြီးမားကျယ်ပြန့်နေတဲ့ အနေအထားရှိတယ် ဆိုတာကို တွေ့ရတယ်။

လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့သူတွေ၊ တကယ့်တကယ် အလုပ်လုပ် နေတဲ့သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေဟာ ဆိုရင် အထဲမှာ စစ်မှန်တဲ့ တကယ့်တကယ် သတင်းစာ လွတ်လပ်ခွင့် တခုရဖို့ ဦးတည်ပြီး ဖော်ဆောင်နေတဲ့ ပြည်တွင်း ပြည်ပကလူတွေကို မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့ သင်တန်းတွေက စလို့ အများကြီး အကူအညီပေးဖို့ လိုတယ်လို့ထင်တယ်။ အဲဒီလိုလုပ်တာဟာလည်း ဂုဏ်ယူစရာကောင်းတဲ့ အချက်တချက်ပဲလို့ ကျနော်မြင်တယ်။

ဝါဒဖြန့်တာတွေ၊ အစိုးရရဲ့ အာဘော်ကိုပဲ ဖော်ထုတ် ရေးသားနေတဲ့သူတွေ၊ မြန်မာပြည်ရဲ့ အခြေအနေကို ဖုံးကွယ်ပြီး ရေးနေတဲ့ သူတွေကို ကူညီနေမယ့်အစား၊ အစိုးရက ဖန်တီထားတဲ့ စီးပွားရေးသမားတွေရဲ့ မီဒီယာတွေကို ကူညီနေမယ့်အစား ဒီဘက်က ခုနကပြောတဲ့သူ တွေကို ကူညီသင့်တယ်လို့ ကျနော်ထင်တယ်။ အဲဒီလိုကူညီမယ်ဆိုရင် သူတို့ နောင်တ ရလိမ့်မယ်လို့ ကျနော်မထင်ဘူး။ ဒီနေရာမှာ ကျနော် ပြောချင်တာက နိုင်ငံတကာကလည်း အစိုးရရဲ့ Organ တွေ၊ အစိုးရရဲ့ Mouthpiece တွေနဲ့ မိတ်ဆွေဖွဲ့မှာလား၊ တကယ့် သတင်းလွတ်လပ်ခွင့်အတွက် တိုက်နေတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့မှာလား ဆိုတာကတော့ သူတို့ရဲ့ ရွေးချယ်မှုပဲ။

နောက်တခုက ပြည်တွင်းမှာဆိုရင် ဧရာဝတီ မြစ်ဆုံဆည်ကိစ္စက အစ၊ တိုင်းရင်းသားအရေး ကိစ္စကအစ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေ၊ ကလေးစစ်သားကိစ္စတွေ၊ စီးပွားရး လုပ်ငန်းရှင်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ အတွင်းရေးကိစ္စတွေ ကအစ ရေးလို့မရတာ ရှိတယ်။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ သတင်းစာ လွတ်လပ်ခွင့်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကလေး ဖော်ပြလို့ရတယ်၊ မရဘူး ဆိုတာနဲ့တင် တိုင်းတာလို့ရပြီလို့ ကျနော်တော့ မထင်ဘူး။ ဒီ့ထက် ကျယ်ပြန့်တဲ့ ကိစ္စတွေ ရေးရဦးမယ်။ အပြင်ကနေပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကလေး ဖော်ပြလို့ ရတယ်၊ မရဘူး ဆိုတာနဲ့ပဲ တိုင်းတာနေတာ ကျနော်မြင်တယ်။ အဲဒါ မှားတယ်လို့ ထင်တယ်။

မြန်မာပြည်ရဲ့ ဂျာနယ်လစ်ဇင်ဟာ စစ်အစိုးရရဲ့ ဖိနှိပ်ခဲ့မှုကြောင့် ဒီနေ့အချိန်မှာ တကယ့် သန္ဓေသားလောင်း အဆင့်မှာပဲ ရှိနေသေးတဲ့ အပြင်၊ တကယ့် အခြေခံကျကျ၊ အတွင်းကျကျ ရေးသားနိုင်တဲ့ ပုံစံမျိုး မရှိသေးဘူး။ တကယ့် တောင်သူ လယ်သမား တွေကြား၊ အလုပ်သမားတွေ ကြားမှာ ဖြစ်နေတာတွေ၊ တိုင်းရင်းသား တွေကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ရေးပြနိုင်တဲ့ ဂျာနယ်လစ်ဇင် မရှိသေးဘူးလို့ ကျနော်ထင်တယ်။ အခု လုပ်နေ သလောက်လေး တောင်မှ အစိုးရရဲ့ ထိန်းချုပ်မှု အများကြီးအောက်မှာ ရသလောက် လုပ်နေရတာဖြစ်တယ်။ ဒါပေမယ့် အထဲမှာ ရဲရဲဝံ့ဝံ့နဲ့ လုပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီလူတွေကို ကျနော်တို့ အများကြီး ချီးကျူးတယ်။ သူတို့အတွက် ဂုဏ်ယူတယ်။

မေး။     ။ ဒါဆို ပြည်ပ မီဒီယာတွေရဲ့ အခန်းကဏ္ဍ ရှိနေသင့်သေးတယ်လို့ ပြောချင်တာလား။

ဖြေ။     ။ ပြည်ပမီဒီယာတွေက နောက်ဆုံးတော့ ပြည်တွင်းကို ပြန်ရမှာပဲ။ ပြည်ပမှာပဲ နေလို့ ရတယ်လို့ ကျနော်တော့ မထင်ဘူး။ ပြည်ပမှာ ရှိနေရတယ် ဆိုတာက ပြည်တွင်းမှာ နေလို့မရလို့ ရှိနေရတာဖြစ်တယ်။ သူတို့တွေ ပြည်ပမှာ မနေတော့ဘဲ ပြည်တွင်းကို ပြန်ပြီဆိုရင် မြန်မာပြည်မှာ သတင်းစာလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ တော်တော်လေး ရှိနေပြီလို့ ပြောလို့ ရပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာပဲ နေနေ၊ ပြည်ပမှာပဲ နေနေ၊ ဘယ်မှာပဲနေနေ အဓိကက အလုပ်လုပ်ဖို့၊ အလုပ်လုပ်နေတဲ့သူက အရေးကြီးတယ်လို့ ထင်တယ်။

မေး။     ။ သမ္မတကိုယ်တိုင်က ပြည်ပကလူတွေကို တရားဝင်ထုတ်ပြန်တာ မဟုတ်ပေမယ့် ဖိတ်ခေါ်တဲ့ စကား ပြောတာ ရှိတယ်။ တချို့ ပြန်ဝင်တဲ့သူတွေလည်း ပြန်ကြတာတွေ့ရတယ်။ ဒီအတိုင်းဆိုရင် ဧရာဝတီ မဂ္ဂဇင်းလည်း မီဒီယာလွတ်လပ်ခွင့် ရရင် ပြည်တွင်းကို ပြန်မယ်လို့ ယူဆရတော့၊ ဘယ်လို အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ရခဲ့ရင် ပြည်တွင်းကို ပြန်မလဲ။

ဖြေ။      ။ ကျနော်တို့ကို အထဲကို ပြန်လာပြီးတော့ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး အခြေချဖို့ ကိစ္စတွေ၊ မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ သင်တန်းကိစ္စတွေ ပြန်လာလုပ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေပါပြီ။ ဒါ အထဲမှာရှိတဲ့ စာနယ်ဇင်း မိတ်ဆွေတွေက ကျနော်တို့ကို လာဖို့ ကမ်းလှမ်းတာဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် အထဲမှာ မီဒီယာသမားတွေ၊ စာနယ်ဇင်းသမားတွေကို ဖိနှိပ်မှုတွေ ရှိနေသေးသရွေ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုကိစ္စကို ဘယ်လိုလုပ်မှာလဲ။ လုပ်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဆင်ဆာဘုတ်တွေ မရှိဖို့လိုမယ်၊ အထဲမှာ လွတ်လပ်ခွင့် အပြည့်အဝ ရေးလို့ ရနိုင်မယ့် အနေအထား ရှိရမယ်။ အဲဒီအနေအထားတခုကို ရောက်ပြီဆိုရင်တော့ ဒီက မီဒီယာတွေနဲ့ ကျနော်တို့ ကိုယ်တိုင် ပြန်ဖြစ်မယ်လို့ ကျနော် ထင်တယ်။ ပြန်တဲ့အခါ ကျရင်လည်း ရိုးရိုးမဟုတ်ဘဲ သိက္ခာရှိရှိနဲ့ ပြန်တာမျိုး ဖြစ်ဖို့ လိုတယ်။ ပြည်ပကလူတွေက ပြန်ပြီဆိုရင်တော့ ထောင်ထဲကို ပြန်ကြမှာမဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ ခြင်းထဲက ကြက် အဖြစ် ခံမှာမဟုတ်ဘူး။ အဲဒီလို ပုံစံမျိုးဆိုရင်တော့ သူတို့ ပြန်ကြမှာ မဟုတ်ဘူး။

အစက ပြောခဲ့သလို မင်းတုန်းမင်းရဲ့ သတင်းစာလွတ်လပ်ခွင့် ဥပဒေ မျိုးတွေကို အကောင်အထည်ဖော်ပြီး လုပ်ဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။ ခါချဉ်ကိုက်မှာကို ကြောက်နေစရာ မလိုဘဲနဲ့ မင်းတုန်းမင်းရဲ့ သတင်းစာ လွတ်လပ်ခွင့် ဥပဒေတွေကို အာဏာပိုင်တွေ သိအောင် ရဲရဲဝံ့ဝံ့ ပြောဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ချင်နေတဲ့သူတွေလည်း တော်တော် များများ ရှိနေမယ်လို့ ကျနော်ထင်တယ်။ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ ကျနော် မသိဘူး။ ဒါပေမယ့် တခြား လုပ်ချင် နေမယ့်သူတွေ အများကြီး ရှိနေမယ်လို့ ထင်တယ်။

ပြန်တယ် ဆိုတဲ့အခါကျရင်လည်း အစ ပထမမှာတော့ ကျနော်တို့အနေနဲ့ စီးပွားဖြစ်၊ စီးပွားရေးအတွက် လုပ်နိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူး။ ကျနော်တို့ရဲ့ အခန်းကဏ္ဍကို၊ ကျနော်တို့ကိုယ် ကျနော်တို့ အမှန်တရားကို ဖော်ထုတ် ရေးသားတဲ့ စာနယ်ဇင်း ဝန်ထမ်းတွေ၊ Public Servant တွေအဖြစ်ပဲ မြင်တယ်။ တခြားနိုင်ငံတွေ မှာလည်း ပုံစံအမျိုးမျိုး ရှိပါတယ်။ အစိုးရ ကိုယ်တိုင်က လွတ်လပ်တဲ့ မီဒီယာကို အကောင် အထည်ဖော်ဖို့အတွက်၊ ဝေဖန်ရေးသားနိုင်ဖို့အတွက် ဒေါ်လာ သန်းနဲ့ချီ ပေးထားပြီး ပြည်သူလူထုအတွက် အမှန်တရားကို ထုတ်ဖော်ဖို့ လုပ်ပေး ထားတာတွေ ရှိပါတယ်။ အစိုးရ မှားတာလုပ်ရင် ဝေဖန်ခွင့်ရှိတဲ့ ပုဂ္ဂလိက မီဒီယာတွေ အများကြီး ရှိပါတယ်။ အဲဒါမျိုးကိုလည်း ကျနော်တို့ လေ့လာနေတာ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲနဲ့ ဝန်ကြီးဦးကျော်ဆန်း တို့ကနေပြီး ဝါဒဖြန့် သတင်းစာ တွေထုတ်မယ်၊ ဆင်ဆာဘုတ်ကို အရည်အသွေး မြှင့်မယ်၊ ဆင်ဆာ ဖြတ်တောက်မှုတွေပဲ ဆက်လုပ်မယ်၊ မြန်မာပြည် အကြောင်းကို သူတို့ပြောချင်တဲ့ အာဘော်နဲ့ပဲ ဆက်ပြော နေမယ် ဆိုရင် မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်က နတ်ဆိုးတွေ နှောင့်ယှက်တာကို ခံနေရဦးမယ်လို့ ကျနော်ထင်တယ်။ အဲဒါတွေ မရှိတော့ဖို့ လိုအပ်တယ်။ အဲဒီကဏ္ဍ တွေမှာ အပြင်က ကျနော်တို့ လေ့လာခဲ့တာတွေကို ဘယ်လို ဖြည့်ဆည်း ပေးလို့ရမလဲ၊ ဘာတွေကူညီလို့ရမလဲ ဆိုတာ စဉ်းစားမယ်။ တိုင်းပြည်ကျန်းမာရေး ကောင်းဖို့က မီဒီယာ ကျန်းမာရေး ကောင်းဖို့ လိုအပ်တယ်။ ဒါမှ ဒွန်တွဲပြီး အတူတူ သွားလို့ရမယ်လို့ ထင်ပါတယ်။

နိုင်ငံတကာအလှူရှင်တွေထဲမှာ မြန်မာပြည် ပွင့်ပြီဆိုတာနဲ့ ဝင်ချင်တဲ့သူတွေ အများကြီးပါ။ အဲဒီတော့ ဘယ်နေရာမှာ သူတို့က ကျယ်ကျယ် ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှာလဲ ဆိုတာကလည်း အရေးကြီးတဲ့ အချက်ဖြစ်လာပြီ။ အဲဒီအချိန် ရောက်လာတဲ့ အခါမှ ဧရာဝတီ အပါအဝင် ပြည်ပ မီဒီယာတွေကလည်း အသင့်အနေအထား တခုမှာ ပြည်တွင်းကို ပြန်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။

မီဒီယာသမား တယောက်၊ သတင်းသမား တယောက်အနေနဲ့ ပြောရရင်တော့ ကျနော်တို့က မြန်မာပြည်အကြောင်းကို ရေးသားလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တယ်။ ဒီတော့ နိုင်ငံခြားသား မီဒီယာသမားတွေလည်း ပြည်တွင်းကို ဗီဇာ မရရအောင် လျှောက်ပြီး သွားကြတာပဲ။ သတင်းသမား တဦးချင်း အနေနဲ့ ကျနော့်ကိုယ်ကျနျော် ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာ လူတွေနဲ့တွေ့ပြီး လွတ်လွတ်လပ်လပ် သတင်းရေးသားချင်တယ်။ အဲဒီလို ရေးသားခွင့်လည်း ရချင်တယ်။ ကျနော်တို့ သွားပြီး အခြေစိုက်ခွင့် မရှိသေးဘူး ဆိုရင်တောင် သတင်းသွားယူခွင့် ရေးသားခွင့်၊ လူတွေနဲ့ တွေ့ပြီး အင်တာဗျူးလုပ်ခွင့်၊ သမ္မတကအစ၊ အစိုးရ တာဝန်ရှိသူတွေ၊ အတိုက်အခံတွေနဲ့ တွေ့ပြီး မြန်မာပြည်ရဲ့ အကြောင်းကို ဒီထက် ပိုပြီး ထဲထဲဝင်ဝင် သတင်းရေးသားခွင့် ရချင်တယ်။ အဲဒီအတွက်ကတော့ ကျနော်တို့ ပြန်မယ်လို့ ပြောချင်တယ်။

“မြစ်ပျောက်ရင် တိုင်းပြည် ပျောက်မယ်”

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ်အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။

Sayar-Mg-Sein-Win-Pateekoneဧရာဝတီအကြောင်း ကဗျာနှင့် စာပေဟောပြောမှုများ၊ လှုံ့ဆော်မှုများမှာ အင်တာနက် လူမှုကွန်ယက်များတွင် ပြန့်နှံ့လျှက်ရှိရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာများ၊ ဟောပြောချက်များကိုလည်း လူအများ စိတ်ဝင်စားလျှက်ရှိသည်။ ထို့ကြောင့် မောင်စိန်ဝင်း (ပုတီးကုန်း) အား ဧရာတီမြစ်နှင့် ပတ်သက်သည့် ၎င်း၏ ထင်မြင်ချက်၊ ခံယူချက်များကို ဧရာဝတီမဂ္ဂဇင်း သတင်းထောက် လင်းသန့်က မေးမြန်းထားပါသည်။

မေး။     ။ ဧရာဝတီမြစ်အရေး ဆရာ့ရဲ့ခံစားမှုနဲ့ အမြင်ကို ပြောပြပေးပါလား။

ဖြေ။     ။ ကျနော်ခံစားရတာက ပြည်သူပြည်သား အများနည်းတူ ခံစားရတာပါ။ ကျနော်က အဲဒီ ဧရာဝတီနဲ့ ပတ်သက်လို့ ဟိုးအရင် စာပေဟောပြောပွဲတွေကတည်းက ဟောပြောဖြစ်တယ်။ ကျနော် အဓိက ပြောတာကတော့ ကျနော်တို့ ရသ စာပေသမားက ကဗျာရေးတဲ့အချိန်မှာ ပတ်ဝန်းကျင် အခြေအနေ ပြောင်းသွားရင် ကဗျာဟာ ပြောင်းလဲသွားတယ် ဆိုတာကို သက်သေပြချင်တာ။ ဟိုး အစောပိုင်း မြစ်ဆုံကို ကျနော် ရောက်ခဲ့စဉ်က အရမ်းလှတဲ့ မြစ်ဆုံကို ကြည့်ပြီး အရမ်းလှတဲ့ ကဗျာတွေ ထွက်တယ်။ မနှစ်က မြစ်ဆုံကိုရောက်တော့ မြစ်ဆုံ ပျက်စီးနေတာ တွေ့တော့ “မြစ်ကော” ဆိုတဲ့ ကဗျာမျိုး ထွက်တယ်။ အဲဒီမှာ စပြီး ကျနော် တော်တော်ပြောဖြစ်တယ်။ နောက်ပိုင်း  မြစ်က တော်တော်စိုးရိမ်စရာ အခြေအနေ ရောက်လာတော့ ဂျာနယ်တွေ၊ စာစောင်တွေမှာ အဲဒီဘက်ကို အလေးပေးပြီး တော်တော် များများ ပြောဖြစ်တယ်။

မေး။     ။ မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ ပညာရှင်တွေရဲ့ သုတေသန စာတမ်းတွေ ပေါက်ကြားလာတော့ လူတွေ ပိုပြီး စိုးရိမ်လာတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ စိုးရိမ်မှု ဘယ်လိုရှိတယ် ဆိုတာ သိပါရစေ။

ဖြေ။     ။ ကျနော့် ကဗျာထဲမှာ ပါတဲ့အတိုင်းပဲဗျ။ ဘာလဲ ဆိုတော့ မြစ်ပျောက်ရင် တိုင်းပြည်ပါ ပျောက်မယ်၊ လူမျိုးပါ ပျောက်မယ်။ အဲဒီလောက်ထိကို စိုးရိမ်စရာကောင်းပါတယ်။

မေး။     ။ မြစ်ဝှမ်းတွေဆိုတာ လူ့ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဖြစ်နေတယ်၊ မြစ်ကြီး ပျောက်ကွယ်သွားရင် ဆရာပြောသလို လူမျိုးပါ ပျောက်ကွယ်သွားမယ်၊ ယဉ်ကျေးမှုပါ ပျောက်ကွယ်သွားမယ် ဆိုတော့ ဒီလောက် စိုးရိမ်စရာ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံသားတွေကို အသိပညာပေးမှုတွေ၊ သတင်းအချက် အလက် မျှဝေပေးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တယ် ထင်ပါသလဲ။

ဖြေ။    ။ ဒီကိစ္စ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဗျ။ ဘာလို့ ကျနော်ပြောနိုင်သလဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်ပတ် လောက်ကပဲ ဒယ်အိုးဆရာတော် ဦးစီးတဲ့ ဆီမှာ တနိုင်ငံလုံးက ပရဟိတ လုပ်နေကြတဲ့ အဖွဲ့တွေအများကြီးနဲ့ ဆုံတယ်။ အဲဒီ မှာ စကားပြောဖို့ ကျနော့်ကို မိနစ် ၂၀ လောက် အချိန်ပေးတယ်။ ကျနော်သွားပြောပါတယ်။ ပြောတဲ့အချိန်မှာလည်း အဲဒါလေးပဲ အဓိက ထားပြီးတော့၊ ပရဟိတ သမားတွေအနေနဲ့ ပိုပြီးတော့ အမျိုးသားရေး တာဝန်အနေနဲ့ တာဝန်ရှိတယ် ဆိုတဲ့ အကြောင်းလေး ကျနော် ပြောဖြစ်တယ်ဗျ။ အဲဒီမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာမ သန်းမြင့်အောင်တို့၊ ကိုကျော်သူ့ဇနီး မရွှေဇီးကွက်တို့ ကလည်း ရောက်နေတယ်။ သူတို့နဲ့အတူတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါလာတယ်ဗျ။ ကျနော်စကားပြောရင်း လက်မှတ်ထိုးဖို့ ကိစ္စလေးတွေပါ ပန်ကြားတော့ ကျနော် ပြောပြီးတာနဲ့ ဘယ်မှာထိုးရမလဲ၊ ဘယ်မှာထိုးရမလဲ ဆိုပြီး လူတွေက တော်တော်ကို စိတ်ဝင်တစား ရှိတယ်ဗျ။ တော်တော် ချစ်ဖို့ ကောင်းပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။

မေး။     ။ တချို့ပြောနေတာတွေ ရှိတယ်။ စိတ်ဝင်စားတဲ့သူက ရေဒီယို နားထောင်တဲ့သူတို့၊ ဒီအကြောင်း သိတဲ့ သူတို့ပဲ၊ တော်တော်များများက မသိကြသေးဘူးလို့ ပြောနေကြတယ်။ စိုးရိမ်စရာ အခြေအနေ ရှိတယ် ဆိုတာကို တတိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေးအတွက် ဘယ်လိုတွေ လုပ်ဆောင်နိုင်မလဲ။

ဖြေ။     ။ ကျနော့် အတွေ့အကြုံလေး တခုကို ဒီနေရာမှာ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ နတ်တလင်း မှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုပြီး မိုးလေ၀သက ဒေါက်တာထွန်းလွင်တို့နဲ့ ဟောပြောပါတယ်။ ဟော ပြောတော့ ကျနော်တို့က ဧရာဝတီအရေးပဲ ဇောင်းပေးပြီး ပြောတယ်။ အဲဒီမှာ အများစု ပရိသတ်က တောရော၊ နယ်က ပါ ဖြစ်နေတယ်။ သူတို့လည်း တော်တော် စိတ်ဝင်စားပါတယ်။ သူတို့စိတ်ဝင်စားတယ် ဆိုတာ ဘာလို့သိလဲ ဆိုတော့ ကျနော်နဲ့အတူ လက်မှတ်ထိုးဖို့ စာရွက်တွေလည်း ပါသွားတော့ သူတို့ လက်မှတ်ရေးထိုးကြတယ်။ ဒါက တချက် ပေါ့ဗျာ။ ပြီးတော့ တောင်ငူအပါအ၀င် တခြားနယ်မြို့တွေမှာလည်း အဲဒီလှုပ်ရှားမှု လုပ်နေတယ် ကြားလိုက်ရတယ်။ နောက်တချက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အစက စိတ်ဝင်စားချင်မှ စိတ်ဝင်စားကြမယ်။ ဒါပေမယ့် ဒယ်အိုးဆရာတော်ဆီ လာတဲ့ ပရဟိတ လုပ်နေတဲ့အဖွဲ့တွေက အဖွဲ့ ၉၀၀ ကျော်တယ်ဗျ။ အဲဒီအဖွဲ့တွေက မြန်မာပြည်အနှံ့က လာကြတာ။ သူတို့တွေကို ဧရာဝတီမြစ်ကိစ္စ ပြောလိုက်တော့ သူတို့ အတော်စိတ်ဝင်စားကြတာ တွေ့တယ်။

ပြီးတော့ ကျနော်က ဘာကိုမျှော်လင့်လဲဆိုတော့ အဲဒီအဖွဲ့တွေ သူတို့ အရပ်ဒေသတွေပြန်ရောက် သွားကြတဲ့အခါ သူတို့က ပရဟိတ သမားတွေဆိုတော့ ငြိမ်နေမှာ မဟုတ်ဘူးဗျ။ လှုပ်ရှားမှုကို ဆက်လုပ်မယ်လို့ ကျနော့် စိတ်ထဲမှာ ယုံနေတယ်။ ကျနော်တို့ စာရေးဆရာတွေ အနေနဲ့ တတ်နိုင်တာကတော့ ကျနော်တို့ ဟောပြောပွဲတွေ သွားနေတဲ့ အခါမှာ ထပ်တယ်ပဲ ပြောပြော၊ ဘာပြောပြော ကျနော်ကတော့ ဒီကိစ္စကို အလေးပေး ပြောတာပဲ။ ဒါက ကျနော်တို့ လုပ်နိုင်သလောက်လေးပေါ့။

မေး။     ။ ဧရာဝတီအရေးဟာ သဘာဝပတ်ဝန်းကျင်အရေးလို့ ပြောကြတယ်၊ တချို့ကျတော့ ဒါက တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ပြောကြတယ်၊ တချို့က ဒါကို နိုင်ငံရေးလို့ ထင်နေသူတွေလည်း ရှိနေတယ်။ အဲဒီအထဲမှာ နိုင်ငံရေး နယ်ပယ်က လူတွေက လှုပ်ရှားမှုမှာ ဦးဆောင်လုပ်နေကြတော့ နိုင်ငံရေးလှုပ်ရှားတယ် ထင်ပြီး စိုးရိမ်ကြောင့် ကြနေကြတဲ့ သူတွေလည်းရှိနေတော့ အဲဒီလို လူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။     ။ ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ လူတိုင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်ဗျာ။ ပါတီနိုင်ငံရေးထက် အများကြီး မြင့်တယ်လို့ ယုံကြည်တယ်ဗျာ။ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။ ဒါက ပိုကျယ်ပြန့်တယ်လေ။

မေး။     ။ အခုဆိုရင် ဆရာလူထု ဦးစိန်ဝင်းတို့လို၊ ဆရာတို့လို အနုပညာနယ်က၊ စာပေနယ်က လူတွေက ပြောတော့ စိတ်ဝင်စားမှု များလာတယ်။ စိုးရိမ်မှု များလာပြီး မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ သက်ဆိုင်ရာက ဒီစီမံကိန်းကြီး ရပ်တန့်ပေးမယ်လို့ ယူဆပါလားခင်ဗျာ။

ဖြေ။     ။ ကျနော်တို့စိတ်ထဲ ခံစားရတာတော့ဗျာ တခုခု လုပ်နေတာက ဘာမှ မလုပ်တာထက်စာရင် ပိုကောင်းတယ် ဆိုတာပါပဲ။ ငြိမ်နေတာထက် စာရင် လှုပ်နေတာက တစုံတရာ ရှေ့ကို မျှော်မှန်းလို့ ရမယ်ထင်ပါတယ်။ အဲဒီလို ကျနော့် စိတ်ထဲ ထင်ပါတယ်။

မေး။     ။ အခု ဧရာဝတီ အရေး ပြောဆိုမှုတွေ ကျယ်ပြန့်လာတယ်။ ဆရာ့အနေနဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ တခြား ထူးထူးခြားခြား ဘာများပြောချင်လဲ။

ဖြေ။     ။ ထူးထူးခြားခြားရယ်တော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတိုင်းလူတိုင်း အကုန်လုံးက၊ ဗမာ အပါအ၀င် တိုင်းရင်းသားအားလုံးက ကျနော်တို့ရဲ့ အမျိုးသားရေး တာဝန်တခုအနေနဲ့ ကျနော်တို့လို အများကို ဆင့်ပွား ပြောနိုင်တဲ့ သူကလည်း ပြောပေါ့။ နီးစပ်ရာတွေက တဆင့် သူငယ်ချင်းကို ပြော၊ လက်ဘက်ရည်ဆိုင်မှာပြော၊ အဲဒီလို လက်ဆင့်ကမ်းပြီး အားလုံးက ဒီကိစ္စ တာဝန်ယူ ပြောသင့်တယ်။ ပြောတယ်ဆိုတာလည်း သက်သက်ပြောတာ မဟုတ်ဘူး။ တကယ့်ခံစားမှုကနေ ပေါက်ကွဲပြီး ပြောနေကြတာပဲ။ တတ်နိုင်သလောက်တော့ လူတိုင်းက စိတ်ဝင် တစား လှုပ်ရှားသင့်တယ်လို့ ပြောချင်ပါတယ်။

မေး။     ။ တချို့က ပြောနေကြတယ်၊ အရင်ကတော့ ဧရာဝတီကို ချစ်ရကောင်းမှန်း မသိကြဘူး၊ အခုမှ အသံတွေ ကျယ်လာပြီး ချစ်နေကြတယ်၊ စိုးရိမ်စရာ မှန်းသိလာကြတယ်ပေါ့။ အဲဒီအပေါ် ဘာများပြော ချင်ပါသလဲ။

ဖြေ။     ။ ဒါက အရင်ကတည်းက သိပြီး ပြောနေကြပါတယ်။ ဒါပေမယ့် လူသိများတဲ့ သူတွေက ပြောလိုက်တော့ ပိုသိ သွားတယ်၊ ပိုပြီး အသံကျယ်လောင် သွားတယ်လို့ ထင်ပါတယ်။ အရင်ကတည်းက တယောက်စီ၊ တယောက်စီ၊ လူတစုစီ၊ တစုစီ ကြားမှာ ပြောဆိုနေကြတာတွေ ရှိကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကျယ်ကျယ်လောင်လောင်ကြီး မဖြစ်သေးတာပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။

“မရ,ရတဲ့နည်းနဲ့ ကန့်ကွက်သွားမှာပါ”



KNDG ၏ တာဝန်ခံ ကိုအောင်ဝါနှင့် ဆက်သွယ်မေးမြန်းချက်

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့ KDNG ၏ တာဝန်ခံ ကိုအောင်ဝါက မြစ်ဆုံဆည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအားလုံး ပူးပေါင်းကာ ကန့်ကွက်သွားရန် တိုက်တွန်းလိုက်ပြီး KDNG အနေဖြင့်လည်း မဖြစ်ဖြစ်သည့်နည်းဖြင့် ကန့်ကွက်သွားရန်ရှိကြောင်း မဇ္ဈိမကိုပြောသည်။

ကိုအောင်ဝါက မြန်မာနိုင်ငံရှိ လူတန်းစားမျိုးစုံ အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ စာပေပညာရှင်များ
အသီးသီးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်လာသည့် အပေါ်များစွာ အားရ ကျေနပ်မိကြောင်းလည်း ပြောခဲ့သေးသည်။

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့သည် ၂ဝဝ၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး Damming The Arrawaddy နှင့်
Reisting the Flood စသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့ကာ ကချင်ပြည်သူလူထံမှ စီမံကိန်း ကန့်ကွက်ကြောင်း လက်မှတ်များ စုဆောင်း၍ ယခင် အာဏာရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် အစိုးရထံ ကန့်ကွက်စာများ
ပေးပို့ခြင်း၊ မြစ်ဆုံရေကာတာ ကန့်ကွက်သည့် လှုံ့ဆော်စာတမ်းများကို မြစ်ကြီးနားမြို့အတွင်း ဖြန့်ဝေခြင်း စသည့် လှုပ်ရှားမှုများဖြင့် ကန့်ကွက်ခဲ့သည်။
Myitsone
ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အုပ်စုများ၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံဆည် စီမံကိန်းအား ပန်းချီဆရာ တဦးက စိတ်ကူးစိတ်သန်းဖြင့် ရေးဆွဲပုံဖော် ထားခြင်းဖြစ်သည်။

လက်ရှိမြစ်ဆုံရေကာတာ ဆောက်လုပ်မှု အခြေအနေများနှင့် မြစ်ဆုံဆည် တည်ဆောက်မှု၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ဆည်တည်ဆောက်မှုအပေါ် သူ၏အမြင်ကို မဇ္စျိမ သတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်း ထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ငန်းတွေ ဘယ်လောက်ထိ အကောက်အထည်ဖော်နေတာကို တွေ့နေရလဲ။

"အခုတော့ လေ့လာ စမ်းသပ်တဲ့ အဆင့်တော့ ပြီးသွားပြီ။ အခုလောလောဆယ် အလုပ်သမားတွေနေဖို့ အဆောက် အအုံတွေ ဆက်ဆောက်နေတာ တွေ့ရတယ်။ ရေကာတာ တည်ဆောက်မယ့် နေရာတွေလည်း အဆင်သင့် လုပ်ထားတဲ့ ပုံစံမျိုးတွေ တွေ့မြင်နေရတယ်။ အလုပ်လုပ်နေတာက လမ်းတွေ၊ ဧရာဝတီမြစ် အရှေ့ဘက် တန်ဖရဲ
အောက်ဘက် ကျိန်ခရန်ကျေးရွာ အနားမှာ မြစ်ကူးတံတား၊ ဗလမင်းထင် တံတားထက်ကြီးတဲ့ တံတား တည်ဆောက်
နေတယ်။ တိုင်တွေတော့ တည်ဆောက်နေပြီ။ တံတားက ပစ္စည်းတွေက ရှိနေပြီ၊ ဒီပွင့်လင်းရာသီမှာ ပြန်စမယ် ထင်ပါတယ်။ နောက်ပြီးတော့ ဝိုင်းမော်ဘက်ကနေ ဆဒုံး၊ ကန်ပိုင်တီ၊ ဝါးရှောင်ဘက်ကနေ တိုက်ရိုက်သွားမယ့် လမ်းတွေဖောက်နေတယ်။”

တရုတ်နိုင်ငံက အလုပ်သမားတွေကော ပြန်သွားကြပြီလား။

“တရုတ် အလုပ်သမားတွေက ဒီဇွန်လ နောက်ပိုင်း သူတို့ ပြန်တာ များတယ်။ ဧရာဝတီမြစ် အနောက်ဘက် အလုပ်သမားတွေတော့ အများအားဖြင့် ပြန်ကုန်ပြီ။ ဒါပေမဲ့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်မှာတော့ သူတို့ အလုပ်လုပ်နေတုန်းပဲ။ အလုပ်သမားတွေလည်း ရှိနေတုန်းပဲ။ ဘယ်လောက်ဆိုတာ မခန့်မှန်းတတ်ဘူး။”

KDNG ဝဘ်ဆိုဒ်မှာ ဒီစီမံကိန်း လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်လို့ ဓါတ်ပုံတွေ တင်ပြထားတာတွေ့ရ
တယ်။ အဲဒီဓါတ်ပုံတွေ၊ သတင်းအချက်အလက်တွေ ဘယ်လိုရယူခဲ့လဲ။


“ဒီလို ဓါတ်ပုံတွေ၊ သတင်း အချက်အလက်တွေ ရဖို့ အဆက်အသွယ်နဲ့ လုပ်ရတယ်ဆိုတော့ ခက်ခဲတော့ အရမ်း ခက်ခဲတယ်။ အဲဒီ စီမံကိန်းနေရာတွေ၊ အခု ပြောင်းရွှေ့ခံရတဲ့ ရွာတွေမှာ လူသစ်တွေ ဝင်ထွက်သွားလာလို့ မရဘူး။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေကရောဘယ်လို လုပ်ငန်းမျိုးတွေ လုပ်နေကြပြီလဲ။
ပြောင်းရွှေ့ သွားတဲ့ ဒေသခံပြည်သူတွေ လက်ရှိ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေ ဘယ်လိုရှိပါသလဲ။


“ဒီစီမံကိန်း အနီးတဝိုက်က ဒေသခံတွေ ခြံလုပ်ငန်းနဲ့ လယ်ယာ လုပ်ငန်းပဲ လုပ်တယ်လေ။ ဒါတွေတောင် ဒါတွေကို သိမ်းယူလိုက်တယ် ဆိုတော့ အလုပ်လက်မဲ့ ဖြစ်နေကြတယ်ပေါ့။အခု ပြောင်းရွှေ့တဲ့နေရာ ခြံတွေ မရှိတော့ ဘာမှ လုပ်ကိုင်လို့မှ မရဘူး။ သူတို့ကို ပေးတဲ့အိမ်ကလည်း ဖြစ်သလို ဆောက်ထားပေးထားတယ်။ မိုးရာသီတုန်းက ဆိုရင် ဖျားနာတာတွေ ရှိတယ်။ တန်ဖရဲ ရွာသားတွေလည်း ကျောင်းတွေ၊ ဆေးရုံတွေ ရွာသစ်ဘက် ပြောင်းလိုက်တော့
တချို့ မပြောင်းသေးတဲ့ လူတွေက အကြိုအပို့ အရမ်းအခက်အခဲတွေ ရှိတယ်။ လူထုတွေ ခက်ခဲအောင်လုပ်နေတာ
ဘဲ။ အခု ဧရာဝတီမြစ်အရှေ့ဘဲမှာလည်း လမ်းဆောက်လုပ်ရေး နေရာတွေထဲ ကျရောက်တဲ့နေရာထဲ ရောက်တဲ့ ခြံတွေကိုလည်း အကုန်သိမ်းတာဘဲ။ သူတို့ လုပ်ချင်သလို လုပ်နေတာ။ ပိုက်ဆံပေးမယ်ဆိုရင် နည်းနည်းပါးပါးပဲ
ပေးတာမျိုးတွေ ရှိတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦးရဲ့ ဆောင်းပါးထဲမှာ ဒီမြစ်ဆုံရေကာတာ စိမံကိန်းကြောင့်အလုပ်သမား ၂၆ဝဝ ကျော် အလုပ်အကိုင် အခွင့်အလမ်းတွေ ရနေပြီလို့ ပြောဆိုထားတာရှိတယ်။ အဲဒီအထဲမှာဒီဒေသခံ ပြည်သူလူထုရော အလုပ်အကိုင် ရနေပြီလို့
မြင်လား။


“တချို့ကတော့ အလုပ်အကိုင်တွေ ရတဲ့ပုံစံရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေကာတာ တည်ဆောက်တဲ့
ပြင်ဆင်မှုမှာ အလုပ်အများကြီး လုပ်နေတာ တွေ့ရတယ်။ တချို့ဆိုရင် လွန်ခဲ့တဲ့ နွေရာသီတုန်းကဆိုရင် မနက်မှာ အလုပ်ဆိုင်းတခု၊ ညနေပိုင်းမှာ အလုပ်ဆိုင်း တခု ၂၄ နာရီ လုပ်နေတယ်။ ဒါကြောင့် အလုပ်သမား ထောင်ချီပြီး
တော့ လုပ်နေတယ်။ ဒီအလုပ်သမားတွေကို အေးရှားဝေါလ်က ကြီးကြပ်ပြီးတော့ လုပ်နေတဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့ လူတွေက အောက်ပိုင်းကနေ အလုပ်သမားတွေ ရှိတယ်။ တရုတ်ပြည်က အလုပ်သမားတွေ ရှိတယ်။
ဒေသခံတွေက အလုပ်အကိုင် ဒီလောက်ထိမရကြပါဘူး။”

ကေအိုင်အိုက ဒီမြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့တရုတ်နိုင်ငံကနေ နယ်စပ် ကန်ပိုင်တီလမ်း၊ လိုင်ဇာ လမ်းဘက်က ဝင်လာတဲ့ စက်ပစ္စည်းတွေ တင်သွင်းမှုကိုတားဆီးတာတွေ လုပ်တယ်လို့ ကြားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောရလဲ။

“အခု ကန်ပိုင်တီလမ်းကနေ သံနဲ့ ဘိလပ်မြေတွေကို သယ်ယူနေတာ တွေ့ရတယ်။ အဲဒါကို မကြာသေးခင်က
ကေအိုင်အိုက ဒီလမ်းကို ပိတ်လိုက်တယ်လို့ ပြောတယ်။ ဒါကြောင့် အခုတော့ပိတ်နေတယ်။ ကားအသွားအလာ
တော့ ကားကြီးတွေ မဖြတ်သလောက် ဖြစ်သွားပြီ။ တခြားကားလမ်းဆိုရင်တော့ ဗန်မော်လမ်း၊ လိုင်ဇာလမ်းတွေ
လည်း ပိတ်ထားတယ်။ နောက်တကြောင်း ရှိနိုင်တာက ရွှေလီ၊ မူဆယ်၊ မန္တလေးလမ်း ဘက်ကနေ ကားနဲ့ ရထားနဲ့ တင်ဖို့ဘဲ ရှိတော့တယ်။ အဲဒီဘက်ကနေတော့ သူတို့ ဆက်လုပ်မယ် ဆိုရင် ဒီလမ်းပဲ ရှိတော့တယ်။”

KDNG က အရင် မြစ်ဆုံ စကတည်းကနေ ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် အခု ပညာရှင်တွေ၊ အနုပညာ သမားတွေ၊ စာပေသမားတွေ အများအပြား ကန့်ကွက်နေကြပြီဆိုတော့သူတို့တွေ ခုလို ကန့်ကွက်မှုတွေ လုပ်လာတဲ့အပေါ်မှာ ဘယ်လို မြင်လဲ။

“အများကြီးအားရ ဝမ်းသာဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်တွဲပြီးတော့မှ ဆောင်ရွက်သွားမယ်။ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပြီးတော့ ဆန့်ကျင်သွားမယ်။ Burma  River network အဖွဲ့တွေနဲ့လည်း လက်တွဲဆန့်ကျင်သွားမယ်။ ပြည်တွင်းမှာလည်း ဧရာဝတီ တလျှောက်မှာရှိတဲ့ ပြည်သူလူထုတွေနဲ့ အတူတကွ ဆန့်ကျင်သွားမယ်။ ပထမဆုံးအနေနဲ့ အစိုးရကို ဆက်တိုက်တောင်းဆိုမယ်။ ဒါမရဘူးဆိုရင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကန့်ကွက်သွားမယ်။ ရပ်တန့်အောင် ကျနော်တို လုပ်သွားမှာပါ။ ဧရာဝတီမြစ်အောက်ဘက်မှာရှိတဲ့ ပြည်သူလူထု ဘက်က ဒါကို ဆက်လက် ဆန့်ကျင်သွားဖို့ ပြောချင်တယ်။ ရပ်တန့်ဖို့ ကိုယ့်အမြင်တွေကိုထုတ်ဖော်ပြီးတော့ ဆန္ဒပြဖို့တော့ တဆင့်ပြီး တဆင့်လုပ်သွားမှာပါ။”

လက်ရှိ သဘာဝပတ်ဝန်းကျင်းနဲ့ ပတ်သက်လို့ ဘယ်ဒေသတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေတယ် လို့ လေ့လာမိလဲ။

“ကျနော်တို့ သုံးသပ် လေ့လာသလောက် ဆိုရင် ရာသီဥတု ခါတိုင်းထက် ဆိုးဝါးလာတယ်။ ဒီနွေရာသီမှာ ဆိုရင်
အောက်ဘက် မန္တလေးထက်တောင် ပိုလာတဲ့ သဘောမျိုး ဖြစ်နေတယ်။ အပူချိန်ပူများလာတယ်။ ဧရာဝတီ အထက်ပိုင်းမှာ ရွှေကျင်တာ၊ သစ်ခုတ်တာတွေကြောင့် ရေတွေက နောက်ကျိနေတယ်။ နောက်ပြီးတော့ တရုတ် အလုပ်သမားတွေ ကလည်း သူတို့ရဲ့ မစင်တွေကို ဧရာဝတီမြစ်မှာ ပဲစုပုံ စွန့်ပစ်တဲ့ဟာတွေ ဖြစ်နေတော့ ဧရာဝတီ
မြစ်ကို မသုံးချင်ကြတော့ဘူး။ ရွှေတွေကျင်တော့ သဲတောင်တွေ ထွန်းတာမျိုးတွေ တွေ့နေရတယ်။ ရေစီးရေလာ ကလည်း ခါတိုင်းလို မဟုတ်တော့ဘူး။”

ဒီလိုကန့်ကွက်နေတာတဲ့ကြားကနေ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းက မဖြစ်မနေ ဆက်လုပ်ဆိုတာ မျိုး ပြောနေတယ်။ ဒီအပေါ် ဘယ်လို မြင်လဲ။

“ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့ဘက်ကလည်း မဖြစ်အောင်ကာကွယ်သွားမယ်။ ဆန့်ကျင်သွားမယ်။
ဒါက ကျနော်တို့ တာဝန်ဖြစ်တယ်။ ဗမာပြည်သူလူထုနဲ့ အတူတကွလက်တွဲပြီးတော့ ဆန့်ကျင်သွားမှာပါ။”

မြစ်ဆုံရေကာတာ ဆက်လက် ဆောက်လုပ်သင့်၊ မသင့်ကိုအခုကျင်းပနေတဲ့ လွတ်တော်မှာ မဲခွဲ ဆုံးဖြတ် ကြမယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လို မြင်လဲ။ 

“နှစ်မျိုးဖြစ်လာနိုင်မယ်လို့ သုံးသပ်တယ်။ တခုကတော့ တကယ်ပဲ သူတို့လက်ရှိအစိုးရထဲမှာ လုပ်ချင်တဲ့ ပုဂ္ဂိုလ်နဲ့ မလုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလားလို့ နှစ်မျိုးစဉ်းစားဖို့ လိုလာပြီ။ နောက်တခုက တကယ်ဘဲ လွတ်တော်ကနေ တကယ်ဘဲ ဒီဟာကို ဆက်လုပ်သွားဖို့အသိအမှတ်ပြုသွားတော့ သူတို့အနေနဲ့ လုပ်သွားဖို့ ပြင်ဆင်တာလား ဒီဟာ
ကို၊ လွတ်တော်ထဲမှာတင်ပြမယ်ဆိုတာက လွတ်တော်မှာက အစိုးရအမတ်တွေက များနေတယ်။ သူတို့အနေနဲ့ ဒီဟာကို ထောက်ခံပြီးတော့လုပ်သွားမယ်ဆိုရင် တရားဝင် လုပ်ကိုင်ခွင့် ပေးသလို ဖြစ်သွားတယ်။ ဒါကို စိုးရိမ်
တယ်။ ဒါကြောင့် နှစ်မျိုးစဉ်းစားဖို့ ရှိနေတယ်။ တဘက်ကတော့ တကယ်ဘဲ လူထုအသံကို နားထောင်မလား။ တကယ်တမ်းလုပ်ပိုင်ခွင့် လိုင်စင်ပေးသလို ဖြစ်သွားမလားဆို တာမျိုးရှိတယ်။ ဘာပဲဖြစ်ဖြစ်တကယ်လို့များ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ လုပ်တယ်ထားပါစို့ ကျနော်တို့ကတော့ မရ,ရတဲ့နည်းနဲ့ ကန့်ကွက်
သွားမှာပါ။”

ပြည်တွင်းပြည်ပမှာ မြစ်ဆုံစီမံကိန်းကို ဘယ်လိုပုံစံတွေနဲ့ ကန့်ကွက်လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်သေးလဲ။

“အဓိကတော့ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာပြည်သူထူထုတွေက သက်ဆိုင်ရာတရုတ်အစိုးရကို ဆန္ဒထုတ်ဖော်ဖို့
တာ့ လိုလိမ့်မယ်။ ပြည်တွင်းမှာ ရှိတဲ့ လူထုတွေအားလုံး ဒါကို ဆက်လက် ဆန့်ကျင်ကန့်ကွက်သွားဖို့ လိုပါတယ်။
မြစ်ဆုံရေကာတာ တည်ဆောက်မှုကိုပြည်သူအားလုံး တညီတညွတ်တည်း ကန့်ကွက် ဆန့်ကျင်သွားဖို့ လိုပါတယ်
လို့ အကြံပြုပါတယ်။

Friday, September 2, 2011



ယနေ့အချိန်တွင် ဧ၀ရတ်တောင်တက်သမားများသည် တတိယ မျိုးဆက်ကွန်ရက် (3G network) မှတဆင့် အင်တာနက်နှင့် Video Call များကို အသုံးပြုနိုင်ပြီဖြစ်သည်ဟု နီပေါတယ်လီကွန်ကုမ္ပဏီ Ncell က ပြောကြားခဲ့ပြီး၊ အဆိုပါ ကြိုးမဲ့ကွန်ရက်သည် နှစ်စဉ် ဧ၀ရတ်တောင်ဆီသို့ လည်ပတ်တက်ရောက်ကြနေသော ကမ္ဘာလှည့်ခရီးသည်များအား ထိ ရောက်သော ဆက်သွယ်မှုများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဆိုပါသည်။ ယခင်က ဧ၀ရတ်တောင်တက်သမားများနှင့် ခရီးကြမ်းသွားလာသူများ သည် အသံဖြင့်သာ ဆက်သွယ်လို့ရသည့် မိုဘိုင်းကွန်ရက်နှင့် ဂြိုလ်တု ဖုန်းကိုသာ အဓိကထားခဲ့ကြရသည်ဖြစ်သည်။
ဧ၀ရတ်တောင် အခြေစိုက်စခန်းဆီသို့သွားရာ လမ်းတစ်လျှောက် တွင် 3G ကွန်ရက်အခြေစိုက်စခန်းရှစ်ခု တည်ဆောက်ပြီးဖြစ်ပြီး ကွန်ရက် သည် ကမ္ဘာ့အမြင့်ဆုံးတောင်၏ ထိပ်ဆီသို့ပါ ရောက်ရှိလိမ့်မည် ဖြစ်ကြောင်း ကုမ္ပဏီအကြီးအကဲ Pasi Koistinen က ဆိုပါသည်။ 3G ကွန်ရက်သည် တောင်တက်သမားများနှင့် လည်ပတ်သွားလာသူများကို ၄င်းတို့၏ မိသားစုနှင့်လည်းကောင်း၊ လမ်းခရီးစဉ် ကြီးကြပ်သူများနှင့် လည်းကောင်း၊ မျက်ခြေမပြတ် အစဉ်ထိတွေ့စေမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။ ထို့ပြင် တောင်တက်နေစဉ်အတွင်း မိုးလေ၀သ သတင်းများနှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ရယူနိုင်လိမ့်မည်ဖြစ်သည်။
၁၉၅၃ ခုနှစ် ဧ၀ရတ်တောင်ထိပ်ပေါ်သို့ Edmund Hillary ပထမဦး ဆုံး အောင်မြင်စွာ ရောက်ရှိခဲ့ပြီးနောက်ပိုင်း၊ အဆိုပါ ဧ၀ရတ်တောင်ထိပ် ဆီသို့ ရောက်ရှိခဲ့သူပေါင်း (၃၀၀၀) ခန့်ရှိပြီးဖြစ်သည်။ Edmund Hillary သည် ၄င်း၏ လမ်းခရီးအတွေ့အကြုံကို အနီးဆုံး တယ်လီဂရပ်ရုံးသို့ ပေးပို့နိုင်ရန် အပြေးသမားများကို အသုံးပြုခဲ့ရပါသည်။