ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် မြေပြိုတောင်ပြိုမှုဖြစ်စဉ် များပြားလာသည့်အတွက် လမ်းသားနိမ့်ဆင်းခြင်းနှင့် မြေပြင်ပြောင်းလဲခြင်းဖြစ်စဉ်များ အများဆုံးကြုံတွေ့လာရ |
သစ်တောပြုန်းတီးခြင်းနှင့် မိုးများခြင်းတို့ကြောင့်
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် မြေပြိုတောင်ပြိုမှုဖြစ်စဉ်
များပြားလာသည့်အတွက် လမ်းသားနိမ့်ဆင်းခြင်းနှင့်
မြေပြင်ပြောင်းလဲခြင်းဖြစ်စဉ်များ ဒေသအချို့တွင် ကြုံတွေ့လာရကြောင်း
သဘာဝပတ် ၀န်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင်မြေပြို၊ တောင်ပြိုမှုများသည် မှတ်တမ်းများအရ ၁၉၉၀
ပြည့်နှစ်များမှစ၍ တစ်စတစ်စ အဖြစ်များလာကြောင်းလည်း သိရှိရပါသည်။ ''အခုနှစ်ပိုင်းမှာ မြေပြိုတောင်ပြိုမှုတွေ အဖြစ်များလာတယ်။ မြစ်ကမ်းပါးပြိုကျတာတွေများသလို မြေပြိုလို့ အဝေးပြေးလမ်းမတွေမှာ လမ်းသားနိမ့်ကျတာတွေ၊ မြေပြင်နိမ့်ဆင်းသွားတာတွေက အများဆုံးတွေ့နေရပါတယ်။လောလောဆယ် ကြုံတွေ့နေရတာက ပြည်-ပေါက်ခေါင်း-တောင်ငူကားလမ်းတစ်လျှောက်က တချို့နေရာတွေမှာ မြေပြိုပြီးလမ်းသားနိမ့်ဆင်းသွားတာတွေ ဖြစ်တယ်။အဲဒီလိုဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာဆိုရင်တခြား တောင်တန်းဒေသတွေဖြစ်တဲ့ချင်း၊ နာဂတောင်တန်းတွေနဲ့ရှမ်း၊ တနင်္သာရီ တောင်တန်းတစ်လျောက်မှာလည်း တွေ့ရပါတယ်။ ပြည်- ပေါက်ခေါင်း - တောင်ငူကားလမ်းတစ်လျောက်မှာ ကြုံတွေ့ရသလို ကလေး-ကလေးဝ ကားလမ်းတစ်လျောက်မှာလည်း ကြုံခဲ့ဖူးပါတယ်'' ဟု ဘူမိအင်ဂျင်နီ ယာတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင်၂၀၁၁ခုနှစ် အောက်တို ဘာလ ၇ ရက်နေ့ ညပိုင်းက ပဲခူးရိုးမ တောင်ခြေအနီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြေကွက်တစ်ခုအတွင်း မြေသားပြောင်းလဲမှု ဖြစ်ပေါ်လာကြောင်းလည်း သိရှိရသည်။ တောင်တွင်းကြီးမြို့ အရှေ့ဘက် ၁၈ မိုင်ခန့် ငမင်ကျေးရွာ၏ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ငမင်သစ်တောကြိုးဝိုင်းအတွင်း မောင်တောအရပ်ရှိ တောင်သူဦးမြစိန်၏ ယာမြေကွက်အတွင်းမှ မြေလွှာမြင့်တက်ပြီး ကုန်းကမူ အဖြစ် ထွက်ပေါ်နေကြောင်း သိရှိသည်။အဆိုပါမြေကွက်အတွင်းမှ မြေလွှာသည် အောက်တိုဘာလ ၇ ရက် ညနေ ၁၂ နာရီခန့်မှ အောက်တိုဘာ ၈ ရက် နံနက်၅နာရီခန့်အတွင်း မြင့်မောက်လာခြင်းဖြစ်ပြီး အကျယ် ပေ၁၀၀၊ အရှည်ပေ ၅၀၀၊ အမြင့်ပေ ၃၀ ခန့်အထိ မြေပြင်အညီမှ မြင့်တက်ခဲ့ကြောင်း သိရသည်။ အရင်နှစ်တွေတုန်းက ၈လ ပိုင်းလောက်ဆို မိုးရွာသွန်းမှု ကျဆင်းသွားတတ်ပေမယ့် ဒီနှစ်မှာကျဆင်းသွားခြင်းမရှိဘဲ မိုးပိုများခဲ့တာ တွေ့ရပါတယ်။ ဒီအချက်တွေကလမ်းတွေရဲ့ အောက်ခံကျောက်နဲ့ မြေသားထုအတွင်း ရေစိမ့်ဝင်မှုလွန်ကဲပြီး အောင်းရေဖိအားကို တိုးစေတယ်။ ဒီအချက်တွေကပဲ တွန်းချအားကိုပိုများပြီး ကားလမ်းတွေမှာ လမ်းပျက်စီးမှုတွေ လမ်းသားနိမ့်ဆင်းတာတွေကို ဖြစ်စေတာပါ . . ''ဒီလိုမြေပြိုမှုတွေကြောင့် လမ်းပျက်စီးမှုတွေများရတာက တောင်စောင်းတွေရဲ့ ဆင်ခြေလျောအနေအထား၊ မြေအောက်ရေတည်ရှိမှု၊ မြေညံ့တွေတည်ရှိမှုနဲ့ ရေတိုက်စားခြင်းတွေကြောင့်ပါ။ ဒီနှစ်(၂၀၁၁)ရဲ့မိုးရွာသွန်းမှုဟာ အရင်နှစ်တွေထက်ပိုများပြီး ၆ လပိုင်းကစပြီး မိုးဆက်တိုက်ရွာလာတာတွေ့ရတယ်။ အရင်နှစ်တွေတုန်းက ၈ လပိုင်းလောက်ဆို မိုးရွာသွန်းမှု ကျဆင်းသွားတတ်ပေမယ့် ဒီနှစ်မှာ ကျဆင်းသွားခြင်းမရှိဘဲ မိုးပိုများခဲ့တာ တွေ့ရပါတယ်။ဒီအချက်တွေကလမ်းတွေရဲ့ အောက်ခံကျောက်နဲ့ မြေသားထုအတွင်း ရေစိမ့်ဝင်မှု လွန်ကဲပြီး အောင်းရေဖိအားကို တိုးစေတယ်။ဒီအချက်တွေကပဲ တွန်းချအားကို ပိုများပြီး ကားလမ်းတွေမှာ လမ်းပျက်စီးမှု တွေ လမ်းသားနိမ့်ဆင်းတာတွေကို ဖြစ်စေတာပါ။ အဝေးပြေးလမ်းတွေဖောက်မယ်ဆိုရင် သေချာတွက် ချက်သင့်ပါတယ်'' ဟု လည်း ပါမောက္ခ ဦးကျော်ထွန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ဘူမိဗေဒဖြစ်စဉ်များကြောင့် ငလျင်လှုပ်ခြင်း၊မြေ ပြိုတောင်ပြိုခြင်းနှင့် ထုံးကျောက်များရှိသောဒေသများတွင် မြေကျွံကျခြင်းဖြစ်စဉ်များ အကြိမ်ကြိမ်ဖြစ်ပေါ်လျှက်ရှိပြီး အနောက်ရိုးမတောင်တန်းများ၊ အလယ်ရိုးမတောင်တန်းနှင့် အရှေ့ ရိုးမတောင်တန်းဒေသများ၌ မတ်စောက်သော ဆင်ခြေလျောများရှိခြင်းနှင့် သည်းထန်စွာရွာသောမိုးကြောင့် ယင်းကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်သည်။ |
No comments:
Post a Comment