ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုနေကြသူများ
ယခုလ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ
Gallery 65 တွင် The Sketch of A River Art Exhibition အမည်ရှိ
ပန်းချီ၊ ကာတွန်း၊ ဓါတ်ပုံ ၊ လက်ရာများပါဝင်သော အနုပညာလက်ရာပြပွဲတစ်ခုကို
ကျင်းပခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ရောက်သူ
နှစ်ထောင်နီးပါးရှိသည်။
အဆိုပါ အနုပညာလက်ရာပြပွဲတွင်
ဧရာဝတီမြစ်ဧ။် အလှအပများ ၊ အကျည်းတန်လာတော့မည့် အနရာယ်များ ကိုပါ
ထည့်သွင်းဖော်ညွှန်းထားသည့် လက်ရာများစွာအပါအ၀င် ကဗျာဆရာတချို့ကလည်း
ဧရာဝတီကိုဖွဲ့ဆိုသော ကဗျာများကို ရွတ်ဆိုပေးခဲ့ကြသည်။
ပြပွဲတွင် အနုပညာရှင် စုစုပေါင်း ၅၄ ဦင်္းဧ။်လက်ရာပေါင်း ၁၄၂ ခုကို တွေ့မြင်ရပြီး
နာမည်ကြီးအနုပညာရှင်များအပါအ၀င် တက်သစ်စ ပန်းချီဆရာ ၊ ဓါတ်ပုံဆရာ
များလည်းပါဝင်ခဲ့ကြသည်။ အဆိုပါပြပွဲတွင် လာရောက်ကြည့်ရှုအားပေးသူများဧ။် ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုသံများကို ဖော်ပြပေးလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်
`ဒီလိုအားလုံးလာရောက်ကြတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။
ပြပွဲတစ်ခုမှာတင်မဟုတ်ဘဲနဲ့ တကယ်ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်
ထိန်းသိမ်းေ၇းအတွက် အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒီိ ကိစ္စဟာ
ကျမတို့ရဲ့ ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်
ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကို
အခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေး
အခန်းကဏ္ဍဟာ များလာနိုငပါတယ်
ကျမတို့ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို အခြေခံပြီး ပြည်ထောင်စုညီညွှတ်ရေးကို
လုပ်ဆောင်ဖို့ ကျမအနေနဲ့ဆုတောင်းပါတယ်။အားလုံးအနေနဲ့လည်းဖြည့်ဆည်းပေးပါ။
ဒေါ်သန်းသန်းနု ( ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေမှူး)
ဒီပြပွဲကိုကြည့်ရတာ ကြည်နူးဖွယ်ရာတွေ ကိုတွေ့ရသလို ၀မ်းနည်းစရာတွေလည်းရှိတယ်
ပုံတစ်ပုံမှာဆိုရင် ရှုခင်းက အခုမမြင်ရတော့ဘူးတဲ့။ အဲဒီပုံက
လွန်ခဲ့တဲ့လေးငါးနှစ်က လောက်ရိုက်ထားတာ ။ အခုဆိုရင် အဲဒီပုံမှာ
ရေကာတာဆောက်ဖို့အလုပ်သမားတွေနေတဲ့နေရာတွေတွေ့ရသလို
သူတို့စွန့်ပစ်ထားတဲ့အမှိုက်ပုံပါရိုက်ပြထားတာ။
ကျမတို့ငယ်ငယ်ကမြစ်ဆုံရောက်ဖူတယ် ရှုခင်းတွေကအရမ်းသာယာသလို
ရေကလည်းအရမ်းကြည်တယ်။အဲဒီအခြေအနေနဲ့ခုနဲ့ကတခြားစီဖြစ်သွားပြီ
ဧရာဝတီဟာမြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်လို့အင်မတန်အရေးကြိးတဲ့အတွက်အခုလို
အနုပညာရှင်တွေ စုစည်းတင်ပြတာ အရမ်းကျေးဇူးတင်တယ်။
ဝန်ကြီးပြောသွားတာ ကပိုလျှံတယ်ပြောတယ် ။ တကယ်တော့
ပြည်ပကိုသာပို့ဖို့မလိုအပ်ဘူးဆိုရင် မြစ်ဆုံဆည်ဟာ ဆောက်စရာမလိုဘုး။ခုတော့
ဆက်လုပ်မယ်ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဒီကရတဲ့အကျိုးအမြတ်ကလည်း
မြန်မာတစ်နိုင်ငံလုံးတင် မဟုတ်ဘူး။
ပြည်နယ်ကဒေသခံတွေအတွက်တောင်အကျိုးကျေးဇူးမခံစားရဘူးဆိုတော့ဝမ်းနည်းစရာ
ကောင်းတယ။်ဒါမဖြစ်သင့်ဘူး။
ဦးအုန်း(သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်)
ဒီပွဲကတော့ ဘာပွဲမှနဲ့မတူဘူး အလွန်ထူးခြားကောင်းမွန်ပါတယ်။
မြစ်ဆုံကိတ်စကတော့ မလုပ်ဘူးဆိုရင်တော့ အန်ကယ်သဘောအကျဆုံးပေါ့။ တကယ်တော့
ရေကာတာတစ်ခုဟာ ပေ ၅၀ အထိဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘာမှမထိခိုက်ဘူး။
တကယ်လို့ ပေ ၅၀ ထက်ပိုပြီး ပေ ၁၀၀ ၊ ၂၀၀ ကတော့ သဘာဝပတ်ဝန်းကျင်ကို
ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ပညာရှင်တွေကဆိုကြတယ်။
မြစ်ကြောင်းထိန်းသိမ်းဖို့ဆိုတာလည်း ရေကာတာရဲ့
အထက်ငါးမိုင်အောက်ငါးမိုင်ဆိုတာ တကယ်တော့မလုံလောက်ဘူး။
မြစ်ကြောင်းတစ်လျှောက်လုံးကိုထိန်းရမယ်။ မြစ်ကျိုးတွေတစ်လျှောက်လည်း
စက်ရုံတွေ ကို control လုပ်ရမှာဖြစ်သလို စွန့်ပစ်ပစည်းတွေကိုလည်း
မစွန့်ခင်မှာ အနရာယ်ကင်းပါတယ်ဆိုတာမျိုး လည်းရှိသင့်တယ်။
အခုမြစ်ဆုံရေကာတာဆောက်ဖို့ ရွာတွေရွှေ့ပြောင်းရတဲံအတွက်အဲဒီဒေသမှာ
လူမှုရေးပြသနာတွေလည်းဖြစ်တယ်။
သူတို့ရဲ့ဘုရားကျောင်းတို့ဘာတို့ရွှေ့ပြောင်းရတာမျိုါ်ကျတော့လည်း
ဘာသာရေးနဲ့ဆိုင်တဲံ့social problem တွေပေါ့ ။ ဒါကြောင့်အစိုးရဟာ
ပြည်သူလူထုကျေနပ်အောင်လုပ်ပေးရမယ်။ ဒါဟာအစိုးရရဲ့တာဝန်ပဲ။
ဒေါ်ဒေ၀ီသန့်ဇင်( ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဖြန့်ဝေပေးနေသူ)
အန်တီကတော့ပြောမယ်လေ မြစ်ဆုံဆိုတာ ဘာပဲပြောပြော နိုင်ငံတစ်ခုရဲ့ အမွေအနှစ်ဆိုတာရှိတာပဲ ဒေါ်လေးတို့ကတော့ ကချင်ထဲမှာ မြစ်ဆုံရှိပေမယ့်လဲ ဗမာပြည်ရဲ့ဧရာဝတီအတွက်ကတော့ မြစ်ဆုံဟာ အရေးကြီးတယ်။ သူ့ရဲ့မူရင်ပေါက်ဖွားတဲ့ အော်ရီဂျင်နိတ် ဖြစ်တယ်။ ဗမာပြည်ရဲ့အမွေအနှစ်တစ်ခုပါ။ ဒါကြောင့်မို့လို့ မြစ်ဆုံပေါ်မှာဆောက်တာကတော့ ဒေါ်လေးတို့လုံးဝ သဘောမတူပါဘူး။
ရဲတိုက်(သရုပ်ဆောင်)
ကျနော့်အနေနဲ့ မြစ်ကြီးကို အမြန်ဆုံး ပြန်လည် ကျမ်းမာစေချင်တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရှိခဲ့သလို ကျန်းမာတဲ့မြစ်တစင်းပြန်ဖြစ်စေချင်တယ်။
အနဂ္ဂ (အဆိုတော်)
တကယ်တော့ ကျွန်တော်တို့ ဖန်တီးနေတဲ့အနုပညာဆိုတာ သဘာဝတရားနဲ့ဆက်စပ်နေတယ်။
ဒီတော့ ကျွန်တော်တို့အားလုံးလက်တွဲမဖြုတ်ဘဲ နားလည်မှုတွေဆက်ရှိသွားမှာပါ။
အနုပညာဟာ နားလည်မှု ၊ခံစားချက် နဲ့ အသိစိတ်တွေပေါင်းပြီးလုပ်ရတာမို့
ကျွန်တော်တို့ လက်တွဲမဖြုတ်ပါဘူး။သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး သိတာ နားလည်လာတာ
၎နှစ်လောက်ပဲရှိသေးတယ်။ခုဆို ပလတ်စတစ်သုံးတာလျှော့တယ်။
လက်ဆောင်ပေးရင်လည်း ပလတ်စတစ်ကိုရှောင်တယ်။ လောလောဆယ်တော့
အပင်တော့မစိုက်နိုင်သေးပေမယ့် အပင်ကို မနှောက်ယှက်ဘူး။
သတင်းစာတွေထဲကပြောနေတဲံပြည်သူ့အသံဆိုတာ ဒီကနေသွားမှာပါ။ ကမ္ဘာပေါ်မှာ လက်ရှိ
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတော်တော်မျူားများက အစိုးရတိုင်းဟာ
ကတိတွေပေးတတ်ကြတယ်။
အဲဒီကတိတွေနဲ့ပဲရွေးကောက်ပွဲအတွက်မဲဆွယ်ကြတယ်။တကယ်လုပ်ပေးမယ်
ဆိုပြီးပေါ့။ ဒိတော့ ကျွန်တော်ပြောချင်တာက အခုကျွန်တော်တို့
အဲဒီကတိတွေထဲမှာ မနစ်မွန်းဖို့လိုတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ်
ကတိတွေပေးပြီးမနှစ်သိမ့်ဖို့လိုတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ မီဒီယာ၊ အယ်ဒီတာ)
Gallery 65 က ဓါတ်ပုံပြပွဲကိုသွားတော့ ကျမ အားတက်လာခဲ့တယ်။ ဧရာဝတီကို ချစ်တဲ့သူ ဘယ်လောက်များသလဲ၊
ကယ်တင်ဖို့ တောင်းဆိုနေတဲ့သူ ဘယ်လောက်များနေသလဲဆိုတာ။ ဒါတောင် ရန်ကုန်တမြို့တည်းမှာ ရှိတဲ့သူတွေထဲက
တချို့တ၀က်ပဲ လာနိုင်ကြသးတယ်။ယုံကြည်ပါတယ် သန်း ၆၀ ကျော်သော ပြည်သူတွေကလည်း ဧရာဝတီကို ကယ်တင်ချင်တဲ့ စိတ်နဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြမှာပါ
ဥိးမြင့်သိန်း( ပြပွဲလာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦး)
ဧရာဝတီပေါ်ကိုလူတိုင်းလုပ်ကိုင်စားသောက်တဲ့သူတွေဟာ အလွန်းများတဲ့အတွက်
ဧရာဝတီကို သဘာဝအတိုင်း ဆက်စီးစေချင်တယ်။
ဧရာဝတီကို လူသားတွေအတွက် အကျိုးရှိတဲံစီးဆင်းနေမှုကို
အဟန့်အတားဖြစ်စေတဲ့ကိတ်စမှန်သမျှကို ကန့်ကွက်တယ်။
ပြည်သူတဦး
ဒီပွဲကိုလာကြည့်ဖြစ်တာ အင်မတန်အားရတယ်။ အနုပညာလက်ရာတွေကလည်း
ထူးခြားကောင်းမွန်သလို လူထုလူတန်းစားတော်တော်များများလာကြည့်တာတွေ့ရတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးပါတီတွေလည်းလာကြတာတွေ့ရတော့ အင်မတန်ထူးခြားမွန်မြတ်တဲ့ပွဲလို့
ခံယူမိတယ်။ ခုဆိုရင် အရင်က နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့
မှတ်ယူထားတဲံသူတွေတောင် ဧရာဝတီနဲ့ပတ်သတ်လာရင် ကဲကဲဆတ်တုန့်ပြန်နေကြပြီ။
ကျမဆိုရင် ကျောင်းသားတွေဆီကကှော သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေဆီကကော
ဧရာဝတီကို ချစ်မြတ်နိုးချင် ကာကွယ်ချင်တဲ့စကားသံတွေ ကြားနေရတယ်
ဘာပဲပြောပြော ဧရာဝတီကိစ္စ ဟာ ပြည်သူတိုင်းမှာ တစ်ဦးတစ်ယောက်တိုင်းမှာ
တာဝန်ရှိပါတယ်။
























ဧရာဝတီ
မဂ္ဂဇင်းသည် ပြည်ပအခြေစိုက် မဂ္ဂဇင်း တစောင်ဖြစ်ပြီး မြန်မာပြည်နှင့်
ပတ်သက်သည့် ပြည်သူလူထု သိသင့်သော၊ သိချင်သော သတင်းများကို နှစ်ပေါင်း ၂၀
နီးပါး ဖော်ထုတ် ရေးသားနေသည့် မဂ္ဂဇင်းဖြစ်သည်။ ယခုအခါ ဧရာဝတီ မြန်မာပိုင်း
ဝက်ဘ်ဆိုက် နှင့် ဘလော့ဂ်အား ကမ္ဘာ အရပ်ရပ်မှ ကြည့်ရှုသူ ဦးရေများစွာ
တိုးတက်လျှက်ရှိသည်။ ကိုအောင်ဇော်သည် ဧရာဝတီ မဂ္ဂဇင်းကို
ထူထောင်ခဲ့သူဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက်
တက်တက်ကြွကြွ ဆောင်ရွက် ခဲ့မှုကြောင့် ၂၀၁၀ ပြည့်နှစ်အတွက် Prince Claus
Award ဆု ချီးမြှင့်ခြင်း ခံရသည်။ ဤဆုကို နယ်သာလန်အခြေစိုက် Prince Claus
Fund က ၁၉၉၇ ခုနှစ်မှ စတင်၍ အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကာရစ်ဘီယံ
ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ
အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်သည်။ 
ဧရာဝတီအကြောင်း
ကဗျာနှင့် စာပေဟောပြောမှုများ၊ လှုံ့ဆော်မှုများမှာ အင်တာနက်
လူမှုကွန်ယက်များတွင် ပြန့်နှံ့လျှက်ရှိရာ ကဗျာဆရာ မောင်စိန်ဝင်း
(ပုတီးကုန်း) ၏ ကဗျာများ၊ ဟောပြောချက်များကိုလည်း လူအများ
စိတ်ဝင်စားလျှက်ရှိသည်။ ထို့ကြောင့် မောင်စိန်ဝင်း (ပုတီးကုန်း) အား
ဧရာတီမြစ်နှင့် ပတ်သက်သည့် ၎င်း၏ ထင်မြင်ချက်၊ ခံယူချက်များကို ဧရာဝတီမဂ္ဂဇင်း
သတင်းထောက် လင်းသန့်က မေးမြန်းထားပါသည်။ 
